Local News

ကန်ပက်လက်တွင်စစ်​ကောင်စီတပ်တွင်းအချင်းများပြီးပစ်ခတ် ၊တပ်ရင်းမှူးအပါအဝင် ၄ ​ယောက်​သေ

ကန်ပက်လက်တွင်စစ်​ကောင်စီတပ်တွင်းအချင်းများပြီးပစ်ခတ် ၊တပ်ရင်းမှူးအပါအဝင် ၄ ​ယောက်​သေ

ကန်ပက်လက်မြို့တွင်း တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်တွင်းယ​နေ့ အချင်းများပြီး အချင်းချင်းပြန်လည်ပစ်ခတ်ကြသဖြင့် တပ်ရင်းမှူးအပါအဝင် လေးဦးသေဆုံးခဲ့​ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်​ရေး အဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။

စစ်​ကောင်စီတပ်အချင်းချင်းပစ်ခတ်၍ သေရှုံးသူများတွင် တပ်ရင်းမှူး ဗိုလ်ကြီးအပြင် တပ်ကြပ်ကြီးလည်းပါဝင်ကြောင်း ကျန်သူများမှာ တပ်သားများဖြစ်​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“တပ်ကြပ်ကြီးတစ်ဦးက မကျေနပ်လို့ ပစ်လိုက်တာကနေ
စတာ”ဟု CDF -Kanpetlet မှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

သေဆုံးသူများတွင် ဒုတိယဗိုလ်မှူးကြီး အဆင့်တပ်ရင်းမှူး ၊ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး တပ် ကြပ်ကြီးနှင့် တပ်သား တစ်ဦး ဖြစ်သည်ဟု အထက်ပါ ရဲ​​ဘော်ကဆက်​​ပြောသည်။

တပ်တွင်း အပြန်အလှန်ပစ်ခတ်မှုတွင် အသေးစိတ် ဖြစ်စဥ် အပါအဝင် သေဆုံးခဲ့သူများ နှင့် အခြေစိုက်တပ်ရင်းကို လူထုနွေဦးမှ ဆက်လက်၍ အတည် ပြုစုံစမ်းလျှက်ရှိသည်။

အချင်းချင်း ပစ်ခတ်မှုမှာဇန်နဝါရီ ၈ရက် မနက်တွင်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဟု ကန်ပက်လက် CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဖြစ်တယ်ပစ်တယ်ဆိုတာ အတိအကျတော့ သိတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိရပါဘူး။သူတို့က အာဏာသိမ်းပြီးမှ ရောက်လာတဲ့အဖွဲ့။ အရင်တုန်းက ကန်ပက်လက်မှာ စစ်တပ်က မရှိဘူး။ အာဏာသိမ်းပြီးမှ စစ်တပ်လာထိုင်တာ” ဟု​ပြော​ရေးဆိုခွင့်ရှိကရှင်းပြသည်။

(ကန်ပက်လက်မြို့တစ်​နေရာ)

Zawgyi

ကန္ပက္လက္တြင္စစ္​ေကာင္စီတပ္တြင္းအခ်င္းမ်ားၿပီးပစ္ခတ္ ၊တပ္ရင္းမႉးအပါအဝင္ ၄ ​ေယာက္​ေသ

ကန္ပက္လက္ၿမိဳ႕တြင္း တပ္စြဲထားေသာအၾကမ္းဖက္စစ္ေကာင္စီတပ္တြင္းယ​ေန႔ အခ်င္းမ်ားၿပီး အခ်င္းခ်င္းျပန္လည္ပစ္ခတ္ၾကသျဖင့္ တပ္ရင္းမႉးအပါအဝင္ ေလးဦးေသဆုံးခဲ့​ေၾကာင္း ကန္ပက္လက္ၿမိဳ႕ ျပည္သူ႕အုပ္ခ်ဳပ္​ေရး အဖြဲ႕ကသတင္းထုတ္ျပန္လိုက္သည္။

စစ္​ေကာင္စီတပ္အခ်င္းခ်င္းပစ္ခတ္၍ ေသ႐ႈံးသူမ်ားတြင္ တပ္ရင္းမႉး ဗိုလ္ႀကီးအျပင္ တပ္ၾကပ္ႀကီးလည္းပါဝင္ေၾကာင္း က်န္သူမ်ားမွာ တပ္သားမ်ားျဖစ္​ေၾကာင္းထုတ္ျပန္ခ်က္တြင္​ေဖာ္ျပထားသည္။

“တပ္ၾကပ္ႀကီးတစ္ဦးက မေက်နပ္လို႔ ပစ္လိုက္တာကေန
စတာ”ဟု CDF -Kanpetlet မွ ရဲေဘာ္တစ္ဦးက People’s Spring သို႔ ေျပာသည္။

ေသဆုံးသူမ်ားတြင္ ဒုတိယဗိုလ္မႉးႀကီး အဆင့္တပ္ရင္းမႉး ၊ ဗိုလ္ႀကီး အဆင့္႐ွိသူတစ္ဦး တပ္ ၾကပ္ႀကီးႏွင့္ တပ္သား တစ္ဦး ျဖစ္သည္ဟု အထက္ပါ ရဲ​​ေဘာ္ကဆက္​​ေျပာသည္။

တပ္တြင္း အျပန္အလွန္ပစ္ခတ္မႈတြင္ အေသးစိတ္ ျဖစ္စဥ္ အပါအဝင္ ေသဆုံးခဲ့သူမ်ား ႏွင့္ အေျခစိုက္တပ္ရင္းကို လူထုေႏြဦးမွ ဆက္လက္၍ အတည္ ျပဳစုံစမ္းလွ်က္႐ွိသည္။

အခ်င္းခ်င္း ပစ္ခတ္မႈမွာဇန္နဝါရီ ၈ရက္ မနက္တြင္ျဖစ္ပြားခဲ့ၿပီး ျဖစ္စဥ္ အေသးစိတ္ကို မသိရေသးဟု ကန္ပက္လက္ CDF ေျပာေရးဆိုခြင့္႐ွိသူက ေျပာသည္။

“ျဖစ္တယ္ပစ္တယ္ဆိုတာ အတိအက်ေတာ့ သိတယ္။ ဘာေၾကာင့္ ျဖစ္တယ္ဆိုတာေတာ့ မသိရပါဘူး။သူတို႔က အာဏာသိမ္းၿပီးမွ ေရာက္လာတဲ့အဖြဲ႕။ အရင္တုန္းက ကန္ပက္လက္မွာ စစ္တပ္က မ႐ွိဘူး။ အာဏာသိမ္းၿပီးမွ စစ္တပ္လာထိုင္တာ” ဟု​ေျပာ​ေရးဆိုခြင့္႐ွိက႐ွင္းျပသည္။

(ကန္ပက္လက္ၿမိဳ႕တစ္​ေနရာ)

Recent Comments

No comments to show.