Local News

“ကမ္ဘာတစ်ခွင် လူတောမတိုး အရှုံးကြီးရှုံး နေတဲ့စစ်မိစ္ဆာတွေ “ဆိုပြီး ပြည်သူတွေကို သတိပေးလိုက်တဲ့ ဆောင်းဦးလှိုင်

“ကမ္ဘာတစ်ခွင် လူတောမတိုး အရှုံးကြီးရှုံး နေတဲ့စစ်မိစ္ဆာတွေ “ဆိုပြီး ပြည်သူတွေကို သတိပေးလိုက်တဲ့ ဆောင်းဦးလှိုင်

ပြည်တွင်းမှာပိုဖိနှိပ်လိမ့်မယ်။ပိုကြမ်း၊ ပိုရိုင်း၊ ပိုကောက်ကျစ်လာမယ်။ ပြည်တွင်းကတိုင်းရင်းသားပြည်သူများပိုပြီး စည်းလုံးကြဖို့လိုပါမယ်။

ပြည်တွင်းအင်အားသာအဓိကပြည်ပက ပံ့ပိုးတဲ့အပိုင်းလောက်မို့အခရာသိပ်မကျ။ ဆင်းရဲတဲ့ဒဏ်၊ နှိပ်စက်ညှင်းပန်းတဲ့ဒဏ်၊ မောပန်းနွမ်းနယ်တဲ့ဒဏ်၊ဝမ်းနည်းအားငယ်တဲ့ဒဏ်ရာ ပေါင်းများစွာနဲ့ ပြည်တွင်းက အပြစ်မဲ့ပြည်သူတွေ အတွက် ကိုယ်ချင်းစာစိတ်အပြည့်ထားကြရမယ်။

ပြည်သူညီရင် အာဏာရှင်ပြုတ်မယ်။ ဘယ်သူ့ကြောင့်မှအောင်ပွဲရတာမျိုးမဟုတ်ဘူး။ ညီညွတ်တဲ့ပြည်သူတွေနဲ့သတ္တိရှိတဲ့လူငယ်လူရွယ်တွေ ကြောင့် တစ်နေ့အောင်ပွဲရလိမ့်မယ်။မြေပြင်မှာလက်တွေ့တကယ်လှုပ်ရှားပေးသူတွေ ကြောင့်ဖြစ်တယ်။

လေလှိုင်းပေါ်က လေများဟာဖျာအမြဲခင်းတတ်တာကြောင့် နေရာယူဖို့ဝန်မလေးတတ် ကြဘူး။သတ္တိရှိတဲ့လူသားတွေ လူမှန်နေရာမှန်ရဖို့ကျွန်တော်တို့အားလုံး မှန်မှန်ကန်ကန်ပြောဆိုလုပ်ကိုင်ကြပါစို့။

ဆောင်းဦးလှိုင် ၈.၁၀.၂၀၂၁

Zawgyi

ကမ္ဘာတစ်ခွင် လူတောမတိုး အရှုံးကြီးရှုံး နေတဲ့စစ်မိစ်ဆာတွေ ဆိုပြီး ပြည်သူတွေကို သတိပေးလိုက်တဲ့ ဆောင်းဦးလှိုင်



