Local News

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဆိုတာ နိုင်မယ့်မြင်းကို ရွေးလောင်းတတ်တဲ့ သဘာဝရှိတယ်ဆိုပြီး ပြောလာတဲ့ ပန်ဆယ်လို

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဆိုတာ နိုင်မယ့်မြင်းကို ရွေးလောင်းတတ်တဲ့ သဘာဝရှိတယ်ဆိုပြီး ပြောလာတဲ့ ပန်ဆယ်လို

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဆိုတာ နိုင်မယ့်မြင်းကို ရွေးလောင်းတတ်တဲ့ သဘာဝရှိတယ်။ ဂျင်ပေါ်က ထုံးတွေ၊ လည်လိုက်တာမှ မွတ်နေတာ။

၁၉၉၀ ဝန်းကျင်လောက်ကလည်း အခုလိုမျိုး မဲနိုင်ပြီး အာဏာလွှဲမခံရတဲ့ အစိုးရဟာ နိုင်ငံတကာက Legitimacy ရဖို့ ကြိုးစားဖူးခဲ့တဲ့ သမိုင်းရှိဖူးတယ်။ ဒါပေမယ့် အဲ့ဒီ့ကာလက အခြေအနေအရပ်ရပ်အရ နိုင်ငံတကာက နိုင်မယ့်မြင်းဟုတ်မယ်မထင်လို့ အသိအမှတ်ပြုတာ မခံခဲ့ရဘူး။ မြန်မာ့အရေးဟာလည်း ကမ္ဘာ့စင်မြင့်ပေါ် မရောက်ခဲ့ဘူး။

၂၀၂၁ စောက်ပုအရူးထခြင်းမှာက ၁၉၈၈ နဲ့ အခင်းအကျင်းတွေ မတူတော့ဘူး။ စောက်ပုဟာ ကမ္ဘာမှာ Hot Issue ဖြစ်ခဲ့တဲ့ Rohingya Genocide ရဲ့ တရားခံ၊ ထပ်အာဏာသိမ်းပြီး ပြည်သူထောင်ချီသတ်တယ်။ ပြည်သူတွေကလည်း လုံးဝအုပ်ချုပ်မခံ ဆက်တော်လှန်နေကြဆဲ။

အခုဆိုရင် ကမ္ဘာ့နိုင်ငံတွေက NUG ကို အသိအမှတ်ပြုပြီ။ အမေရိကန်ကလည်း စောက်ပုကို အပြစ်ပေးဖို့ Burma Act 2021 ကို အောက်လွှတ်တော်မှာ တင်သွင်းပြီ။ ပြင်သစ်နဲ့ EU ၂၇ နိုင်ငံကလည်း NUG ကို အသိအမှတ်ပြုပြီ။

ပြည်သူဘက်က ရပ်တည်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒီမိုကရေစီသူရဲကောင်းဆု ပေးပြီ။ ဒါတွေဟာ ဘယ်တော်လှန်ရေးအဆက်ဆက်မှာမှ မရဖူးခဲ့တဲ့ ပြည်သူ့အောင်ပွဲတွေပဲ။

ဂျပုက Coast Guard တွေ ဘာတွေ ထလုပ်နေတာ တွေ့တယ်မလား။ ဘယ်PDF ကမှ ရေထဲက တက်မလာဘူး။ ဒါဟာ သူတို့ ကြိုတွက်ဆမိနေလို့ ကြိုပြင်နေတာ။ ဒါမျိုးကိစ္စတွေက ကိုယ်တွေလိုက်တွေးနေတာထက် သူတို့ပြင်နေပြီဆို ပိုစိတ်ချရတယ်။

နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့အတူ အစိုးရချင်း ပူးပေါင်းမှုတွေ၊ လက်နက်ထောက်ပံမှုတွေပါ ရလာခဲ့ရင် ပွဲသိမ်းပြီ။ ဘယ်နိုင်ငံကမှ ကူတိုက်ပေးဖို့ မျှော်နေစရာ မလိုဘူး။ အခု မနိုင်သေးတာက လက်နက်အင်အား နည်းနေသေးလို့။

စောက်တပ်ကို သဲကြမ်းပက်ပြီး ချဖို့ ပြင်နေကြတဲ့ လူငယ်ထုတင် စောက်တပ် နှစ်ဆခွဲလောက်ရှိတယ်။ လက်နက်ရရင် တွေ့ရာဆွဲထွက်လာမယ့် ပြည်သူ့အင်အားက သန်းချီပဲ။ လိုနေတာ အနွေးဓါတ်မဟုတ်ဘူး။ လိုနေတာ လက်နက်ပဲ။

ကိုယ်ကတော့ Legitimacy နဲ့ အတူ အဲ့ဒါကိုပဲ မျှော်တယ်။ စောက်တပ်ကို ဖျင်ကြိတ်မယ်။ MaALoe ကို အသေဇိုးအောင် သမမယ်။ မိုးလင်းမိုးချုပ် ဒါပဲ တွေးတယ်။

ဒီအတွေးနဲ့ပဲ အလုပ်လုပ်တယ်။ မျှော်နေလို့လည်း စိတ်ပင်ပန်းတယ်။ မရသေးခင်စပ်ကြား တောင့်ခံနိုင်ဖို့ ကူညီရမယ်။ ရကိုရမယ်လို့လည်း မျှော်လင့်တယ်။ နိုင်ကို နိုင်မှာလို့လည်း ယုံကြည်တယ်။

နိုင်မယ့်မြင်း ရွေးလောင်းတတ်တဲ့ အခြေအနေကာလမှာ ငါတို့ကိုယ်တိုင်က နိုင်မယ့်မြင်းတွေ ဖြစ်ကို ဖြစ်နေရမယ်ဆိုတာပဲ။

နာကျည်းစိတ်ဟာ ငါတို့လောင်စာပဲ။

ပန်ဆယ်လို