Local News

ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်းထုတ်ပြန်

မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူ များ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့် အတွင်း ကမ္ဘောဒီးယားက လုပ်ဆောင်ပေးမည်ဟုဆို

ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်းထုတ်ပြန်

မန်မာနိုင်ငံ နှင့် မြန်မာပြည်သူ များ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့် အတွင်း ကမ္ဘောဒီးယားက လုပ်ဆောင်ပေးမည်ဟုဒီဇင်ဘာ၁၁ရက် ရန်ကုန်ရှိ ကမ္ဘောဒီးယားသံရုံးကထုတ်ပြန်သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဘက်မလိုက်ရေးနှင့် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို အပြည့်အဝ လိုက်နာကျင့်သုံးပါသည်။

မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူ များ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့် အတွင်းမှ မိမိတို့လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အခက်အခဲ ကြုံတွေ့နေရ သည့်အချိန်များတွင် ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့်အတူရပ်တည်ပါ သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ် ၊ မြန်မာနိုင်ငံ နှင့် ကာလရှည် မိတ်ဆွေနိုင်ငံလည်း ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယားနိုင်ငံ၏ စိတ်ဆန္ဒမှာ တစ်နိုင်ငံလုံး ငြိမ်းချမ်း ၊ ညီညွတ်စေရေး ဖြစ်သည်ဟုဆိုထားသည်။

မြန်မာစကစနိုင်ငံခြားရေးနှင့်ဝန်ကြီးနှင့်မကြာသေးမီကတွေ့ဆုံထားသည့် ကမ္ဘောဒီးယားအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဟွန်ဆန်အား လတ်တလောလူမှုကွန်ရက်တွင် မြန်မာနိုင်ငံသားအများစုက ကန့်ကွက်သည့်မှတ်ချက်များရေးသားလျက်ရှိသည်။

ဟွန်ဆန်သည်၂၀၂၂ခုနှစ် ဇန်နဝါရီလပထမပတ်တွင် မြန်မာနိုင်ငံ လာရောက်မည်ဖြစ်ကြောင်းကြေညာထားသည်။

Zawgyi

ျမန္မာႏိုင္ငံ ႏွင့္ ျမန္မာျပည္သူ မ်ား တည္ၿငိမ္မႈႏွင့္ ၿငိမ္းခ်မ္းေရး ရ႐ွိေစေရးအတြက္ ၂၀၂၂ ခုႏွစ္၊ အာဆီယံဥကၠ႒၏ လုပ္ပိုင္ခြင့္ အတြင္း ကေမ႓ာဒီးယားက လုပ္ေဆာင္ေပးမည္ဟုဆို

ကေမ႓ာဒီးယားႏိုင္ငံသည္ ျမန္မာႏိုင္ငံ၊ ျမန္မာျပည္သူမ်ားႏွင့္အတူရပ္တည္ေၾကာင္းထုတ္ျပန္

မန္မာႏိုင္ငံ ႏွင့္ ျမန္မာျပည္သူ မ်ား တည္ၿငိမ္မႈႏွင့္ ၿငိမ္းခ်မ္းေရး ရ႐ွိေစေရးအတြက္ ၂၀၂၂ ခုႏွစ္၊ အာဆီယံဥကၠ႒၏ လုပ္ပိုင္ခြင့္ အတြင္း ကေမ႓ာဒီးယားက လုပ္ေဆာင္ေပးမည္ဟုဒီဇင္ဘာ၁၁ရက္ ရန္ကုန္႐ွိ ကေမ႓ာဒီးယားသံ႐ုံးကထုတ္ျပန္သည္။

ကေမ႓ာဒီးယားႏိုင္ငံအေနျဖင့္ အျခားႏိုင္ငံမ်ား၏ ျပည္တြင္းေရးမ်ားတြင္ ဘက္မလိုက္ေရးႏွင့္ ဝင္ေရာက္မစြက္ဖက္ေရး မူဝါဒကို အျပည့္အဝ လိုက္နာက်င့္သုံးပါသည္။

ျမန္မာႏိုင္ငံ ႏွင့္ ျမန္မာျပည္သူ မ်ား တည္ၿငိမ္မႈႏွင့္ ၿငိမ္းခ်မ္းေရး ရ႐ွိေစေရးအတြက္ ၂၀၂၂ ခုႏွစ္၊ အာဆီယံဥကၠ႒၏ လုပ္ပိုင္ခြင့္ အတြင္းမွ မိမိတို႔လုပ္ႏိုင္သမွ် အစြမ္းကုန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

အခက္အခဲ ၾကဳံေတြ႕ေနရ သည့္အခ်ိန္မ်ားတြင္ ကေမ႓ာဒီးယားႏိုင္ငံသည္ ျမန္မာႏိုင္ငံ၊ ျမန္မာျပည္သူမ်ားႏွင့္အတူရပ္တည္ပါ သည္ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပသည္။

ထို႔အျပင္အာဆီယံအဖြဲ႕ဝင္ႏိုင္ငံလည္းျဖစ္ ၊ ျမန္မာႏိုင္ငံ ႏွင့္ ကာလ႐ွည္ မိတ္ေဆြႏိုင္ငံလည္း ျဖစ္သည္ႏွင့္အညီ ျမန္မာႏိုင္ငံအတြက္ ကေမ႓ာဒီးယားႏိုင္ငံ၏ စိတ္ဆႏၵမွာ တစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္း ၊ ညီၫြတ္ေစေရး ျဖစ္သည္ဟုဆိုထားသည္။

ျမန္မာစကစႏိုင္ငံျခားေရးႏွင့္ဝန္ႀကီးႏွင့္မၾကာေသးမီကေတြ႕ဆုံထားသည့္ ကေမ႓ာဒီးယားအစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္အား လတ္တေလာလူမႈကြန္ရက္တြင္ ျမန္မာႏိုင္ငံသားအမ်ားစုက ကန္႔ကြက္သည့္မွတ္ခ်က္မ်ားေရးသားလ်က္႐ွိသည္။

ဟြန္ဆန္သည္၂၀၂၂ခုႏွစ္ ဇန္နဝါရီလပထမပတ္တြင္ ျမန္မာႏိုင္ငံ လာေရာက္မည္ျဖစ္ေၾကာင္းေၾကညာထားသည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.