Local News

ကရင်နှင့် နိုင်ငံတဝန်းကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်အခတ်ရပ်စဲရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို

ကရင်နှင့် နိုင်ငံတဝန်းကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်အခတ်ရပ်စဲရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို

ကရင်ပြည်နယ်နှင့် နိုင်ငံတဝန်းဆက်လက် ကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်အခတ်ရပ်စဲပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာအထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ထုတ်ပြန်တောင်းဆို လိုက်သည်။

ယနေ့(ဒီဇင်ဘာ ၂၇ရက်)ထုတ်ပြန်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကြေညာချက်၌ မြန်မာပြည်သူများသည် လွန်စွာဆိုးရွားမှုကိုခံစားနေကြရပြီး COVID-19 ကြောင့် လူမှုစီးပွားရေးနှင့် လူသားချင်းစာနာမှုအခြေအနေများလည််း ပိုဆိုးလာကြောင်း ဖော်ပြသည်။

“ဒီလိုဘေးဒဏ်သင့်မြန်မာပြည်သူတွေအတွက် သေနတ်သံတွေ တိတ်ဆိတ်သွားဖို့လိုအပ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးဖို့ အကြီးအကျယ်လိုအပ်နေပါတယ်”ဟု အထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ကြေညာချက်၌ ဖော်ပြသည်။

မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ဘဝများအတွက် ဘက်အားလုံးက အတတ်နိုင်ဆုံးထိန်းချုပ်ပြီး ငြိမ်းချမ်းစွာအဖြေရှာရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တောင်းဆိုချက်နှင့် ချက်ချင်းအကြမ်းဖက်မှုရပ်တန့်ရေး အာဆီယံ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အထူးကိုယ်စားလှယ်က ထပ်လောင်းတောင်းဆိုသည်။

အရပ်သားများကို အကာအကွယ်ပေးရေး၊ လွတ်လပ်စွာသွားလာရေးအတွက် နိုင်ငံတကာလူသားချင်းစာနာမှုနှင့်လူ့အခွင့်အရေးပြဌာန်းချက်များကို လိုက်နာရန်လည်း ကုလအထူးကိုယ်စားလှယ်က တောင်းဆိုသည်။ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများကို လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရေးအတွက်လည်း အထူးကိုယ်စားလှယ်က တောင်းဆိုသည်။

ကုလအထူးကိုယ်စားလှယ်က ၎င်း၏ တာဝန်စတင်ထမ်း​ဆောင်သည့် ယခုလလယ်မှစတင်ကာဘက်ပေါင်းစုံမှ အကြံဥာဏ်များရယူကာ ဆက်လက်ဖြစ်ပွားနေဆဲ မြန်မာ့အကျပ်အတည်း ဆွေးနွေးဖြေရှင်းရေးအတွက် ကြိုးပမ်း​ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက ယခင်ကုလအထူးကိုယ်စားလှယ်၏ နေပြည်တော်ရုံးကို ပိတ်သိမ်းကြောင်း မကြာသေးခင်က ကြေညာခဲ့ပြီး ယခုကုလအထူးကိုယ်စားလှယ်ကို ရုံးခန်းဖွင့်လှစ်ခွင့်မပေးသေးပေ။

Zawgyi

ကရင္ႏွင့္ ႏိုင္ငံတဝန္းက်ယ္ျပန္႔လာေသာ အၾကမ္းဖက္မႈမ်ားအေပၚ လြန္စြာစိုးရိမ္ေၾကာင္းႏွင့္ ဘက္အားလုံးက အပစ္အခတ္ရပ္စဲရန္ ကုလအထူးကိုယ္စားလွယ္ ေတာင္းဆို

ကရင္ျပည္နယ္ႏွင့္ ႏိုင္ငံတဝန္းဆက္လက္ က်ယ္ျပန္႔လာေသာ အၾကမ္းဖက္မႈမ်ားအေပၚ လြန္စြာစိုးရိမ္ေၾကာင္းႏွင့္ ဘက္အားလုံးက အပစ္အခတ္ရပ္စဲေပးရန္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာအထူးကိုယ္စားလွယ္ Ms. Noeleen Heyzer က ထုတ္ျပန္ေတာင္းဆို လိုက္သည္။

ယေန႔(ဒီဇင္ဘာ ၂၇ရက္)ထုတ္ျပန္ေသာ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္၏ ေၾကညာခ်က္၌ ျမန္မာျပည္သူမ်ားသည္ လြန္စြာဆိုး႐ြားမႈကိုခံစားေနၾကရၿပီး COVID-19 ေၾကာင့္ လူမႈစီးပြားေရးႏွင့္ လူသားခ်င္းစာနာမႈအေျခအေနမ်ားလည္္း ပိုဆိုးလာေၾကာင္း ေဖာ္ျပသည္။

“ဒီလိုေဘးဒဏ္သင့္ျမန္မာျပည္သူေတြအတြက္ ေသနတ္သံေတြ တိတ္ဆိတ္သြားဖို႔လိုအပ္ၿပီး ျပည္သူေတြကို အကာအကြယ္ေပးဖို႔ အႀကီးအက်ယ္လိုအပ္ေနပါတယ္”ဟု အထူးကိုယ္စားလွယ္ Ms. Noeleen Heyzer က ေၾကညာခ်က္၌ ေဖာ္ျပသည္။

ျမန္မာျပည္သူမ်ား၏ အက်ိဳးစီးပြားႏွင့္ ဘဝမ်ားအတြက္ ဘက္အားလုံးက အတတ္ႏိုင္ဆုံးထိန္းခ်ဳပ္ၿပီး ၿငိမ္းခ်မ္းစြာအေျဖ႐ွာရန္ ကုလသမဂၢလုံျခဳံေရးေကာင္စီ၏ ေတာင္းဆိုခ်က္ႏွင့္ ခ်က္ခ်င္းအၾကမ္းဖက္မႈရပ္တန္႔ေရး အာဆီယံ၏ ဘုံဆုံးျဖတ္ခ်က္ ၅ ရပ္ကို အထူးကိုယ္စားလွယ္က ထပ္ေလာင္းေတာင္းဆိုသည္။

အရပ္သားမ်ားကို အကာအကြယ္ေပးေရး၊ လြတ္လပ္စြာသြားလာေရးအတြက္ ႏိုင္ငံတကာလူသားခ်င္းစာနာမႈႏွင့္လူ႕အခြင့္အေရးျပဌာန္းခ်က္မ်ားကို လိုက္နာရန္လည္း ကုလအထူးကိုယ္စားလွယ္က ေတာင္းဆိုသည္။ အၾကမ္းဖက္မႈမ်ားေၾကာင့္ ထြက္ေျပးတိမ္းေ႐ွာင္ခဲ့ရသူမ်ားကို လိုအပ္သည့္ လူသားခ်င္းစာနာမႈအကူအညီမ်ားေပးႏိုင္ေရးအတြက္လည္း အထူးကိုယ္စားလွယ္က ေတာင္းဆိုသည္။

ကုလအထူးကိုယ္စားလွယ္က ၎၏ တာဝန္စတင္ထမ္း​ေဆာင္သည့္ ယခုလလယ္မွစတင္ကာဘက္ေပါင္းစုံမွ အၾကံဥာဏ္မ်ားရယူကာ ဆက္လက္ျဖစ္ပြားေနဆဲ ျမန္မာ့အက်ပ္အတည္း ေဆြးေႏြးေျဖ႐ွင္းေရးအတြက္ ႀကိဳးပမ္း​ေဆာင္႐ြက္ေနေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

သို႔ရာတြင္ အၾကမ္းဖက္စစ္ေကာင္စီက ယခင္ကုလအထူးကိုယ္စားလွယ္၏ ေနျပည္ေတာ္႐ုံးကို ပိတ္သိမ္းေၾကာင္း မၾကာေသးခင္က ေၾကညာခဲ့ၿပီး ယခုကုလအထူးကိုယ္စားလွယ္ကို ႐ုံးခန္းဖြင့္လွစ္ခြင့္မေပးေသးေပ။