Local News
ကလေးမြို့မရဲစခန်းတွင် ပထမဆုံး CDM ပြုလုပ်သူ ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ် ကျဆုံး
ကလေးမြို့မရဲစခန်းတွင် ပထမဆုံး CDM ပြုလုပ်သူ ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ် ကျဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မရဲစခန်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပထမဆုံး CDM ပြုလုပ်ခဲ့သည့် ရဲတပ်သားလှမျိုးထွဋ်သည် မင်းကင်းတိုက်ပွဲတစ်နေရာတွင် ကျဆုံးသွားကြောင်း ကလေးဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက မဇ္ဈိကို အတည်ပြုပြောသည်။
သို့သော်လည်း မင်းကင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ပုံ အသေးစိတ်နှင့် ကျဆုံးခဲ့သည့်ရက်ကို မသိရှိရသေးကြောင်း၊ စိစစ်ပြီးမှ ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျဆုံးသွားတာ မှန်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ သူက မင်းကင်း PDF အဖွဲ့ဝင်ပါ” ဟု PDF (ကလေး) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ကျဆုံးသွားသည့် CDM ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ်သည် ၂၀၁၇ ခုနှစ် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးလည်းဖြစ်သည်။
ယင်းနောက် ကလေးတက္ကသိုလ်မှ ဘွဲ့ရပြီးချိန်တွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး မုံရွာမြို့လုံခြုံရေးရဲတပ်ရင်းမှ ကလေးမြို့ မြို့မရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရာ စစ်တပ်က အာဏာသိမ်းချိန်တွင် ကလေးမြို့မ ရဲစခန်းမှ အစောဆုံး CDM ပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရသည်။
ပြည်သူ့နှင့်အတူ ပူးပေါင်းလာသည့် ဦးလှမျိုးထွဋ်၏ စွန့်လွှတ်အနစ်နာခံသော စိတ်ဓာတ်နှင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့မှုအပေါ် လေးစားအသိအမှတ်ပြုကြောင်းနှင့် ဂုဏ်ယူဝမ်းနည်းကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အလိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းကာ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြခြင်းဖြစ်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများရှိနေဆဲ ဖြစ်သည်။
ကျဆုံးသွားသည့် CDM ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ် (ဓာတ်ပုံ- ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖေစ့်ဘွတ်)
Mizzima
Zawgyi
ယင်းနောက် ကလေးတက္ကသိုလ်မှ ဘွဲ့ရပြီးချိန်တွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး မုံရွာမြို့လုံခြုံရေးရဲတပ်ရင်းမှ ကလေးမြို့ မြို့မရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရာ စစ္တပ္က အာဏာသိမ်းချိန်တွင် ကလေးမြို့မ ရဲစခန်းမှ အေစာဆုံး CDM ပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရသည်။
ပြည်သူ့နှင့်အတူ ပူးပေါင်းလာသည့် ဦးလှမျိုးထွဋ်၏ စွန့်လွှတ်အနစ်နာခံသော စိတ်ဓာတ်နှင့် နွဦေးတော်လှန်ရေးလှုပ်ရှားမှုတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့မှုအပေါ် လေးစားအသိအမှတ်ပြုကြောင်းနှင့် ဂုဏ်ယူဝမ်းနည်းကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ္တပ္က အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အလိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းကာ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြခြင်းဖြစ်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများရှိနေဆဲ ဖြစ်သည်။
ကျဆုံးသွားသည့် CDM ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ် (ဓာတ္ပုံ- ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖေစ့်ဘွတ်)
Mizzima