Local News

ကိုဗစ်ကူးစက်မှုကို ဆက်ပြီး ထိန်းချုပ်ဖို့ စာသင် ကျောင်းတွေကို၂ပတ်ထပ်ပိတ်

ကိုဗစ်ကူးစက်မှုကို ဆက်ပြီး ထိန်းချုပ်ဖို့ စာသင် ကျောင်းတွေကို၂ပတ်ထပ်ပိတ်

ကိုဗစ်ကူးစက်မှုကို ဆက်ပြီး ထိန်းချုပ်ဖို့ စာသင် ကျောင်းတွေကို စက်တင်ဘာလ ၂၄ ရက် အထိ ပိတ်ထားမယ်လို့ ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီက ဒီကနေ့ ထပ်မံ ကြေညာပါတယ်။

ကိုဗစ် ကူးစက်မှု လျှော့ချဖို့ဆိုပြီး ဇူလိုင်လက အတွင်းက စပြီး ပိတ်ထားတဲ့ အခြေခံပညာ ကျောင်းတွေကို စက်တင်ဘာလ ၁၃ ရက်ကနေ ၂၄ ရက် အထိ ဆက်ပြီး ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တတိယလှိုင်း မေလအကုန်ပိုင်းစပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နီးတဲ့ မြို့တွေက စတင်ခဲ့ပေမဲ့ အခြေခံပညာ ကျောင်းတွေကို

ဇွန်လ ၁ ရက်မှာ စပြီး ဖွင့်လှစ်ခဲ့ပေမဲ့ ကျောင်းတချို့မှာ အစုလိုက်ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် ဇူလိုင်လကတည်းက ကျောင်းတွေကို ဆက်တိုက်ပြန်ပိတ်ထားတာ ဖြစ်ပါတယ်။

Ref BBC

Zawgyi






Ref BBC