Local News

ကိုယ့်လူအချင်းချင်း ဗုံးပြန်ကျဲမိသော လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို စစ်ကောင်စီက ရာထူးမှဖြုတ်

ကိုယ့်လူအချင်းချင်း ဗုံးပြန်ကျဲမိသော လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို စစ်ကောင်စီက ရာထူးမှဖြုတ်

ဇန်နဝါရီ ၁၁၊ PDF Newsflash

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား အာဏာသိမ်းစစ်ကောင်စီမှ လေတပ်ပြဿနာများဖြစ်ပေါ်လာပြီးနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ရာထူးတာဝန်မှ ယမန်နေ့က ရာထူးမှဖြုတ်လိုက်ကြောင်း သိရပါတယ်။

ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်များရှိ တိုက်ပွဲများတွင် တပ်မတော်လေယာဉ်များ ပျက်ကျခြင်း၊ ပစ်ချခံရခြင်း၊ စစ်ကောင်စီတပ်အချင်းချင်းမှားယွင်းဗုံးကြဲမိခြင်း စသည့် လေတပ်ပြသနာများ ဖြစ်ပွားပြီးနောက်ပိုင်း

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို စစ်ကောင်စီက ကာကွယ် ရေးဦးစီးချုပ် (လေ) ရာထူးမှ ဖြုတ်ချကာ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ကို လေတပ်ဦးစီးချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တာဝန်ပေးချက်အရ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်မှာ ရာထူးခန့်အပ်ခံရသည့်နောက် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးပေးထားကြောင်း BBC သတင်းဖော်ပြချက်အရသိရပါတယ်။

#PDFNewsflash

Zawgyi







#PDFNewsflash

About the author

admin

Add Comment

Click here to post a comment