Local News

ကိုယ်လည်း လူပဲ တခါတရံတော့ အတော်စိတ်နာတယ် အပြောခံရတာတွေက တန်ကို မတန်ဘူး ..ဆိုပြီးပြောလာတဲ့ ပန်ဆယ်လို

ကိုယ်လည်း လူပဲ။ တခါတရံတော့ အတော်စိတ်နာတယ်။ စောက်ပြောခံရတာတွေက တန်ကို မတန်ဘူး။

အာဏာမသိမ်းခင်က ငါ့ဘဝက ကောင်းကောင်းမွန်မွန်ပါ။ Digital Marketing Agency တစ်ခု ရှိတယ်။ တစ်ပေ့ချ်ကို အနည်းဆုံး USD 500ကနေ USD 2000 ကြား ယူတယ်။

Page 30- 50 ကြား။ ငါ့ဝင်ငွေကို တွက်ကြည့်။ ဒါတောင် ကြားပေါက် Influencer Marketing အတွက်ရတဲ့ ကြော်ငြာခတွေ ရှိသေးတယ်။

ကချင်ရိုးရာထည်ဆိုင်ရှိတယ်။ အမြတ်တော့ အရမ်း မများလှဘူး။ အမေ ဆိုင်ထိုင်ပေးဖို့ အလုပ်လေးရှိနေအောင် လုပ်ထားတာ။

ရတနာဆိုင်လုပ်ငန်းရှိတယ်။ Online သီးသန့် အပြင်မှာဆိုင်မဖွင့်ရသေးဘူး။ တစ်နေ့ကို ၁၀ခုနဲ့ အခု ၃၀ ကြားရောင်းရတယ်။ တစ်ခုကို အမြတ် ၁ သိန်းကျန်တယ်။ စနေ တနင်္ဂနွေ Live တိုင်း အခုရေ ၅၀ ဝန်းကျင် ရောင်းရတယ်။ April မှာ ရတနာဆိုင်ဖွင့်ဖို့ ပြင်ဆင်နေခဲ့တာ။

စောက်ကြွားထူနေတာ မဟုတ်ဘူး။ ပြောသင့်ပြီ ထင်လို့ ပြောတာ။ သည်းခံလွန်းတော့ ရောင့်တက်လွန်းလို့ပြောတာ။ အဲ့ဒီ့အလုပ်သုံးခုကို တစ်ပြိုင်တည်းလုပ်ဖို့ ငါ သူများတွေ ညအိပ်ချိန်တောင် မအိပ်ဘဲ ကြိုးစားခဲ့တာ။

အိမ်ဝယ်နိုင်တော့ သွားပုတ်လေလွင့်ပြောတယ်။ အစိုးရဆီက ဘာတွေရထားတယ် ညာတွေ ရထားတယ်။ ငါသာရထားရင် နင်တို့ပထွေး MaALoeတွေ MRTV မှာ ဖွလို့ ပွထနေလောက်ပြီ။

အာဏာသိမ်းတယ်။ ငါ့ကို သိမ်းသိမ်းချင်း ဖမ်းဖို့ကြိုးစားတယ်။ ငါထွက်ပြေးရတယ်။ တစ်မိသားစုလုံး ပြေးရတယ်။ ငါ့အလုပ် ၃ခုလုံး ဆုံးရှုံးသွားတယ်။ ဘဏ်ထဲမှာ ရွှေ့ဖို့ မမှီလိုက်တဲ့ ငွေအချို့ပါသွားတယ်။ အိမ်တွေကားတွေ အကုန်ထားခဲ့ရတယ်။ ဘာမှကို မရလိုက်တာ။ တရားဝင် ချိတ်ပိတ်ပိတ်၊ မပိတ်ပိတ် ငါ့အတွက် ဘာမှ မထူးတော့ဘူး။

အခုပြောနေတာက ငါမှ ထူးထွေ ပေးဆပ်ရတယ်၊ ဆုံးရှုံးရတယ်လို့ ဂုဏ်ဆာနေတာ မဟုတ်ဘူး။ အသက်တွေ ပေးနေ၊ ဘဝတွေ ပေးနေရတဲ့ လူတွေကြားထဲမှာ ငါ့ပစ္စည်းဥစ္စာကို ဆုံးရှုံးရလေခြင်းလို့ မတွေးမိအောင်တောင် နေတယ်။ အသက်မသေခဲ့ပေမယ့် လွတ်မြောက်လာတဲ့ လက်ရှိဘဝတစ်ခုလုံးက အချိန်အားလုံးကို တော်လှန်ရေးဆီ ပုံထားတယ်။

ငါ အလုပ်လုပ်ဖို့ စဉ်းစားတယ်။ အခုတောင် တစ်နေ့အိပ်ချိန် ၄နာရီပဲ ရှိတဲ့ငါက တစ်နေ့ ၈နာရီ အလုပ်ထွက်လုပ်ရင် လက်ရှိငါလုပ်နေတဲ့ ထောက်ပို့ကိစ္စတွေ ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် လတ်တလော အလုပ်ထွက်မလုပ်သေးဘူး ဆုံးဖြတ်ထားတယ်။

အလုပ်မလုပ်ဘဲ ဘာနဲ့ စားနေလဲတဲ့။ အဟက်။ အလုပ်လုပ်ပြန်ရင် စီးပွါးရှာနေတယ်၊ အမြတ်ထုတ်တယ် ပြောဖို့စောင့်နေတဲ့ စောက်ပေါက်တွေက တော်လှန်ရေးကိစ္စ ဖိလုပ်နေတော့ ဘာနဲ့ စားနေလဲတဲ့။ စွတ်စွဲချင်တဲ့ လေသံ။

အေး… အပေါ်က ပြောတဲ့ အလုပ်သုံးခုကို အသက်၃၀ မပြည့်ခင်မှာ အောင်မြင်အောင် Run လာနိုင်တဲ့ ငါက အာဏာသိမ်းချိန် ထွက်ပြေးနေချိန်မှာ ငါ့ငွေကြေးကို မစီမံနိုင်အောင် ညံ့ခဲ့မယ် ထင်တာလား။ တစ်ပြားမကျန် ကုန်းကောက်စရာမရှိ ခိုးစားဝှက်စားမှ စားရမယ် ထင်တာလား။

အဲ့လို စောက်ဦးနှောက် မရှိလို့လည်း ဘောမ ဖြစ်နေကြတာ။
အခု ငါရောက်နေတဲ့ နိုင်ငံမှာ စားပွဲဝင်ထိုးရင်တောင် အနည်းဆုံး $2500 ရတယ်။ ငါ စားစရာ မရှိရင် ဒီနေ့အလုပ်လုပ်ချင် မနက်ဖြန် အလုပ်ရတယ်။

ရတနာဆိုင်ဖွင့်ဖို့ ပြင်ဆင်ထားတဲ့ ရတနာပစ္စည်းတွေ ပါလာတယ်။ Online က ရောင်းဖို့ စဉ်းစားတယ်။ ငါပိုင်တဲ့ပစ္စည်း ငါထုခွဲရောင်းချတာတောင်မှ ငါကစီးပွါးရှာပြနေရင် ပြည်သူတွေ အားငယ်မယ်လေဆိုပြီး ငါမရောင်းဖြစ်ဘူး။

ငါ့အဖေ အသက်၆၀ နီးနီးက စက်ရုံမှာ အလုပ်သမားဝင်လုပ်တယ်။ ငါ့ညီမလေးက အအေးဆိုင်မှာ အလုပ်ဝင်လုပ်တယ်။ ငါ့အမေက ကလေး ဝေယျာဝစ္စ အကုန်လုပ်ပေးတယ်။

ငါ့ယောက်ျားက ငါသွားသမျှ တော်လှန်ရေးခရီးတိုင်းမှာ လိုက်စောင့်ရှောက်ပေးတယ်။ ရောက်စမှာ လိုအပ်တဲ့ကိစ္စတွေ ငါလုပ်စရာ မလိုအောင် လုပ်ပေးတယ်။ ငါ့မိသားစုက ငါ့ကို အခုလို တော်လှန်ရေးအလုပ်တွေ လုပ်နိုင်အောင် အကုန်ကူညီတယ်။

ငါဆုံးရှုံးခဲ့ရတာ မှန်တယ်။ ဒါပေမယ့် ငါ ငတ်မသွားသေးဘူး။ ငါ့လိုမိန်းမက ခြေနှစ်ချောင်း လက်နှစ်ချောင်း ခေါင်းတစ်လုံး အကောင်းရှိနေသရွေ့ ကမ္ဘာ့ဘယ်နေရာရောက်ရောက် မငတ်စေရဘူး။ ငါကြိုးစားနိုင်တယ်။

ခိုးစား၊ ဝှက်စားမှ စားရအောင် နင်တို့ပထွေး စစ်ဗိုလ်ချုပ်တွေလို စောက်သူခိုးတွေ မဟုတ်ဘူး။ စောက်သူခိုးဖြစ်ချင်ရင် အစောကြီးကတည်းက နင်တို့တောင် ဘောမလိုက်ရမှာမဟုတ်ဘူး။

ငါ့အရည်အချင်းနဲ့ Professional ဘောမလည်း ဖြစ်တယ်။ နင်တို့ဘက်က ဘောမတွေတောင် ထိုင်ငိုသွားမယ်။ ခိုးချင်မှတော့ နင်တို့ပထွေး စောက်သူခိုးတွေကို ဘောမခဲ့မှာပေါ့။ အခုလို လိုက်ဖမ်းလို့ ပြေးရတဲ့ဘဝတောင် ဖြစ်မလာဘူး။

အခုငါလုပ်နေတဲ့ အလှူခံ၊ လေလံဆွဲ၊ ပန်းချီကားရောင်းကိစ္စတွေဟာ ငါ့ကိုယ်ကျိုးစီးပွါး စောက်တစ်ပြားမှ မပါဘူး။ အကုန်ပို့နေရတာ။ ပွင့်လင်းမြင်သာအောင် အဖွဲ့တွေ အန္တရာယ်ရှိမယ့် ကိစ္စကလွဲရင် အကုန်နီးပါး တင်ပြတယ်။ ဘယ်က ရတဲ့ငွေ ဘယ်ကိုသွားတယ်။ပိတ်ဆို့ထားတဲ့ကြားက ရှိသမျှ ဥာဏ်အကုန်သုံးပြီး အလေအလွင့်မရှိ ငွေစီးဆင်းဖို့ ငါကြိုးစားတယ်။ လုပ်နိုင်တယ်။

ပွဲတွေ တက်ပေးရတယ်။ မြို့ခံ ထောက်ပို့အဖွဲ့တွေအတွက် မျက်နှာပြ အလှူခံပေးတယ်။ တစ်ပတ်မှာ သုံးရက်ပဲ အိမ်မှာနေရတာ သုံးလဆက်တိုက်။ သောကြာမနက် ခရီးထွက်၊ တနင်္လာညမှ ပြန်ရောက်။ ကျန်သုံးရက် အလှူငွေကောက်၊ အဖွဲ့စိစစ်၊ ငွေစီးဆင်းဖို့ ဥာဏ်နီဥာဏ်နက် မျိုးစုံထုတ်၊ ငွေပို့၊ စာလေးပြေးရေး။

ညည ငါ့အိပ်ချိန်က ၄ နာရီ အလွန်ဆုံးပဲ။ တစ်ခါတစ်ရံဆို ဒီဘဝကြီးက ငါ့ကို တစ်ယောက်ယောက် ကယ်ထုတ်ပေးကြပါတော့လို့ စိတ်ရူးပေါက် တွေးမိပေမယ့် ငါ့ကို အားကိုးတကြီး အကူအညီလာတောင်းကြတဲ့ လူငယ်တွေရဲ့မျက်နှာအပြင် ဘာမှမကြည့်မိအောင် ကြိုးစားတယ်။

အဆဲခံရတယ်၊ စွတ်စွဲခံရတယ်၊ ဘက်မတူတွေက မိုက်ရိုင်းသလို ဘက်တူတွေကပါ မနာလိုဖြစ်တယ်။ ဖောင်းထုတယ်။ သည်းခံတာမှ ဘဝမှာ သည်းခံဆုံးအချိန်ပဲ။ အရင်စိတ်နဲ့ဆို ထမိန်အလံထူရုံမက မအေလုံးတွေခေါင်းကို အကွင်းလိုက် စွတ်နေလောက်ပြီ။

အေး… နင့်ဘာမှ မဟုတ်ပါဘူးကွာဆိုတဲ့စကားကို အသက်ပေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေက ပြော။ ငါ ခေါင်းငုံ့ခံမယ်။ သူတို့ပေးဆပ်မှုနဲ့ယှဉ်ရင် ငါ့ပင်ပန်းမှုက ဘာမှမဟုတ်လို့ သူတို့ကို တစ်တပ်တအား ကူဖို့ ရှိသမျှ မာန၊ အတ္တ အကုန်ခဝါချပြီး ဘောမတွေ စော်စော်ကားကားပုတ်ခတ်သမျှ သည်းခံရှေ့ဆက်နေတာ။

ကိုယ်ကဖြင့် ကိုယ့်အိမ်ကိုယ်နေခွင့်ရပြီး အိမ်ထဲ အမြိုင့်သား ကီးဘုတ်လေးတဖျောက်ဖျောက်ရိုက် Leee တွေ ပြောနေတဲ့ မအေLoe များက ဖျင်လာလာယားရင် ရှိတာနဲ့ ထိုးလွှတ်မှာ။

စောက်သူခိုးတွေ ဘောမရင်း တွေ့သမျှလူ သူခိုးထင်နေတဲ့ကောင်တွေ။ ဘဝမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ စောက်သုံးမကျခဲ့တော့ သူတပါးအောင်မြင်သမျှ မ,နေတဲ့ ပထွေးသူခိုးတွေလို သူခိုးထင်နေတဲ့ဟာတွေ။ ဘဝမှာ စောက်ဆံမရရင် ဘာမှမလုပ်တတ်တော့ သူတပါး စောက်ဆံမရဘဲ လုပ်နေတဲ့အလုပ်တွေကို စောက်ဆံရတယ်ချည်း ကိုယ်စိတ်နဲ့ နှိုင်းနေတဲ့ အောက်တန်းစားတွေ။

ငါ ဘာနဲ့ စားနေလဲ စိတ်မပူနဲ့ ဘောမများ။ ငါ့ငွေနဲ့ငါ နင်တို့လို ခွေးသူတောင်းစားတွေကို စွန့်ကျဲလို့ရသေးတယ်ဆိုတာ မြဲမြဲမှတ်ထား။

စောက်မျိုးယုတ်တွေ

ထွီ