ကိုယ့်လုပ်အားခ ငွေလေးထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ပို့ပေးခဲ့တယ်…ဆိုတဲ့ ပန်ဆယ်လို

ကိုယ့်လုပ်အားခ ငွေလေးထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ပို့ပေးခဲ့တယ်…ဆိုတဲ့ ပန်ဆယ်လို

ရှေ့ရက်က စိတ်ပိုင်းဆိုင်ရာ အထိအခိုက်တွေများလာတော့ မိတ်ဆွေစာရေးဆရာတစ်ယောက်ကို ရင်ဖွင့်ဖြစ်တယ်။ သူက စိတ်ထားနည်း၊ နေနည်းထိုင်နည်းလေးတွေကို စာအရှည်ကြီး ရေးပို့ရှာတယ်။

သူညွှန်တဲ့နည်းလမ်းထဲမှာ တော်လှန်ရေးအတွက် ထောက်ပို့မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကြည်နူးစေတဲ့ ကူညီမှုလေးတွေကိုပါ အလျင်းသင့်သလို လုပ်ပါလို့ ပါဝင်တယ်။

ကိုယ် Fund Raise လုပ်လို့ရရှိတဲ့ငွေတွေက တိုက်ပွဲဝင်လူငယ်တွေအတွက်လို့ ပြောပြီးကောက်ခံထားတာဖြစ်တဲ့အတွက် အခြားကိစ္စရပ်တွေမှာ သုံးစွဲလို့မဖြစ်ပါဘူး။

ဒါ့ကြောင့် ဒီရက်ထဲ ကိုယ့်လုပ်အားနဲ့ စျေးရောင်းလို့ ရတဲ့အမြတ်ငွေလေးထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် စိတ်ပျော်ရွှင်စေမယ့် စားနပ်ရိက္ခာလေး ပေးပို့ဖြစ်ပါတယ်။

အခြား အသားငါးတွေက ဝယ်လို့တော့ ရနိုင်ချေရှိပေမယ့် ဝက်သားက ဒီလိုနေရာမျိုးမှာ အခုလိုမှ အကောင်လိုက်မဝယ်နိုင်ရင် ရစရာမရှိတဲ့။

အားလုံးကလည်း တောင့်တနေကြတယ်တဲ့။ ကိုယ်ဆိုသည်မှာ ဝက်သားကြိုက်သူချင်းဆိုတော့ အရမ်းကိုယ်ချင်းစာတာပဲ။ တစ်ကောင်ပို့ဖြစ်လိုက်ပါတယ်။

ဝက်အတွက်တော့ စိတ်မကောင်းပါဘူးလေ။ ဒါပေမယ့် မတတ်နိုင်ဘူး။ 😁

စိတ်ဆင်းရဲစရာတွေ များလွန်းတဲ့ ကာလ၊ အခြေအနေမှာ မိနစ်ပိုင်းလေး ပျော်တယ်ဆိုရင်တောင် ဝမ်းသာရပါတယ်။

ကိုယ့္လုပ္အားခ ေငြေလးထဲက စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ပို႔ေပးခဲ့တယ္…ဆိုတဲ့ ပန္ဆယ္လို

ေရွ႕ရက္က စိတ္ပိုင္းဆိုင္ရာ အထိအခိုက္ေတြမ်ားလာေတာ့ မိတ္ေဆြစာေရးဆရာတစ္ေယာက္ကို ရင္ဖြင့္ျဖစ္တယ္။ သူက စိတ္ထားနည္း၊ ေနနည္းထိုင္နည္းေလးေတြကို စာအရွည္ႀကီး ေရးပို႔ရွာတယ္။

သူၫႊန္တဲ့နည္းလမ္းထဲမွာ ေတာ္လွန္ေရးအတြက္ ေထာက္ပို႔မႈေတြအျပင္ စိတ္ပိုင္းဆိုင္ရာ ၾကည္ႏူးေစတဲ့ ကူညီမႈေလးေတြကိုပါ အလ်င္းသင့္သလို လုပ္ပါလို႔ ပါဝင္တယ္။

ကိုယ္ Fund Raise လုပ္လို႔ရရွိတဲ့ေငြေတြက တိုက္ပြဲဝင္လူငယ္ေတြအတြက္လို႔ ေျပာၿပီးေကာက္ခံထားတာျဖစ္တဲ့အတြက္ အျခားကိစၥရပ္ေတြမွာ သုံးစြဲလို႔မျဖစ္ပါဘူး။

ဒါ့ေၾကာင့္ ဒီရက္ထဲ ကိုယ့္လုပ္အားနဲ႕ ေစ်းေရာင္းလို႔ ရတဲ့အျမတ္ေငြေလးထဲက စစ္ေဘးေရွာင္ျပည္သူေတြအတြက္ စိတ္ေပ်ာ္႐ႊင္ေစမယ့္ စားနပ္ရိကၡာေလး ေပးပို႔ျဖစ္ပါတယ္။

အျခား အသားငါးေတြက ဝယ္လို႔ေတာ့ ရနိုင္ေခ်ရွိေပမယ့္ ဝက္သားက ဒီလိုေနရာမ်ိဳးမွာ အခုလိုမွ အေကာင္လိုက္မဝယ္နိုင္ရင္ ရစရာမရွိတဲ့။

အားလုံးကလည္း ေတာင့္တေနၾကတယ္တဲ့။ ကိုယ္ဆိုသည္မွာ ဝက္သားႀကိဳက္သူခ်င္းဆိုေတာ့ အရမ္းကိုယ္ခ်င္းစာတာပဲ။ တစ္ေကာင္ပို႔ျဖစ္လိုက္ပါတယ္။

ဝက္အတြက္ေတာ့ စိတ္မေကာင္းပါဘူးေလ။ ဒါေပမယ့္ မတတ္နိုင္ဘူး။ 😁

စိတ္ဆင္းရဲစရာေတြ မ်ားလြန္းတဲ့ ကာလ၊ အေျခအေနမွာ မိနစ္ပိုင္းေလး ေပ်ာ္တယ္ဆိုရင္ေတာင္ ဝမ္းသာရပါတယ္။

Leave a Reply

Your email address will not be published.