International News

ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး တရား၀င်ကြေညာဖို့ မူအားဖြင့်သဘောတူ

ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး တရား၀င်ကြေညာဖို့ မူအားဖြင့်သဘောတူ

ကင်ဘာရာ၊ ဒီဇင်ဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)

ကိုရီးယားစစ်ပွဲကို တရား၀င်အဆုံးသတ်ရေး ကြေညာချက်ထုတ်ပြန်ဖို့တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အမေရိကန်နဲ့့ တရုတ်နိုင်ငံတို့က မူအားဖြင့် သဘောတူထားကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဒီဇင်ဘာ ၁၃ ရက်မှာပြောပါတယ်။

ဒါပေမယ့်ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲတွေတော့ မစရသေးဘူးလို့ သမ္မတမွန်ဂျေးအင်ကဆိုပါတယ်။

ကိုရီးယားနှစ်နိုင်ငံအကြား စစ်ပွဲဟာ ၁၉၅၀ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့အဆုံးသတ်ခဲ့ပါတယ်။

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံကို နှစ်နိုင်ငံကို တရုတ်နဲ့့အမေရိကန်တို့က အသီးသီးတဘက်စီထောက်ခံချိန်မှစပြီး တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့အကြား သဘောတရားအရ စစ်ပွဲရှိနေဆဲဖြစ်ကာ တင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။

ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး လက်ရှိမှာ သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်က သြစတြေးလျ၀န်ကြီးချုပ် မောရစ်ဆင်နှင့်ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်ပွဲအဆုံးသတ်ရန် တရား၀င်ကြေညာခြင်းဟာ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်တွေစွန့်ဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတက ပြောဆိုခဲ့ဖူးပါတယ်။

Ref: BBC
Credit . VOM

Zawgyi

ကိုရီးယားစစ္ပြဲ အဆုံးသတ္ေရး တရား၀င္ေၾကညာဖို႔ မူအားျဖင့္သေဘာတူ

ကင္ဘာရာ၊ ဒီဇင္ဘာ-၁၃-၂၀၂၁
မ်ိဳးဆက္(VOM)

ကိုရီးယားစစ္ပြဲကို တရား၀င္အဆုံးသတ္ေရး ေၾကညာခ်က္ထုတ္ျပန္ဖို႔ေတာင္ကိုရီးယား၊ ေျမာက္ကိုရီးယား၊ အေမရိကန္နဲ႔့ တ႐ုတ္ႏိုင္ငံတို႔က မူအားျဖင့္ သေဘာတူထားေၾကာင္း ေတာင္ကိုရီးယားသမၼတ မြန္ေဂ်းအင္က ဒီဇင္ဘာ ၁၃ ရက္မွာေျပာပါတယ္။

ဒါေပမယ့္ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျမာက္ကိုရီးယားရဲ႕ ေတာင္းဆိုမႈေၾကာင့္ ေဆြးေႏြးပြဲေတြေတာ့ မစရေသးဘူးလို႔ သမၼတမြန္ေဂ်းအင္ကဆိုပါတယ္။

ကိုရီးယားႏွစ္ႏိုင္ငံအၾကား စစ္ပြဲဟာ ၁၉၅၀ ခုႏွစ္မွာ စတင္ျဖစ္ပြားခဲ့ၿပီး ၁၉၅၃ ခုႏွစ္မွာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္မဟုတ္ဘဲ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္နဲ႔အဆုံးသတ္ခဲ့ပါတယ္။

ေတာင္-ေျမာက္ကိုရီးယားႏွစ္ႏိုင္ငံကို ႏွစ္ႏိုင္ငံကို တ႐ုတ္နဲ႔့အေမရိကန္တို႔က အသီးသီးတဘက္စီေထာက္ခံခ်ိန္မွစၿပီး ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားတို႔အၾကား သေဘာတရားအရ စစ္ပြဲ႐ွိေနဆဲျဖစ္ကာ တင္းမာမႈေတြျမင့္တက္ခဲ့ပါတယ္။

ကိုရီးယားစစ္ပြဲ တရား၀င္အဆုံးသတ္ေရးနဲ႔ပတ္သက္ၿပီး လက္႐ွိမွာ ၾသစေၾတးလ်ႏိုင္ငံသို႔ ေရာက္႐ွိေနတဲ့ ေတာင္ကိုရီးယားသမၼတမြန္ေဂ်းအင္က ၾသစေၾတးလ်၀န္ႀကီးခ်ဳပ္ ေမာရစ္ဆင္ႏွင့္ပူးတြဲျပဳလုပ္တဲ့ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

စစ္ပြဲအဆုံးသတ္ရန္ တရား၀င္ေၾကညာျခင္းဟာ ေျမာက္ကိုရီးယားကို ႏ်ဴကလီးယားလက္နက္ေတြစြန္႔ဖို႔ တြန္းအားျဖစ္ေစလိမ့္မယ္လို႔ ေတာင္ကိုရီးယားသမၼတက ေျပာဆိုခဲ့ဖူးပါတယ္။

Ref: BBC
Credit . VOM