Local News

ကုလလုံခြုံရေးကောင်စီဝင်အချို့ စစ်ကောင်စီတပ်ကို လက်နက်ရောင်းချမှု ပါဝင်နေဟု Justice for Myanmar ဖော်ပြ

ကုလလုံခြုံရေးကောင်စီဝင်အချို့ စစ်ကောင်စီတပ်ကို လက်နက်ရောင်းချမှု ပါဝင်နေဟု Justice for Myanmar ဖော်ပြ

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့သည် အကြမ်းဖက်မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုများတွင် ပါဝင်ပတ်သက်နေကြောင်း Justice for Myanmar က အစီရင်ခံထုတ်ပြန် သည်။

ပြီးခဲ့သည့် မြန်မာလေတပ်နှစ်ပတ်လည်အခမ်းအနားတွင် တပ်တော်ဝင်ခဲ့သော လေယာဉ်များထဲ တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဖြစ်သည့် ပြစ်သစ်၊ ရုရှား၊ တရုတ် တို့မှ ထုတ်လုပ်သည့်လေယာဉ်များပါဝင်နေခြင်းဖြစ်သည်။

“ATR နဲ့ Airbus လေယာဉ် တွေ အကြမ်းဖက်မြန်မာစစ်ကောင်စီလက်ထဲ ဘယ်လိုရောက်ရှိသလဲဆိုတာကို ပြင်သစ်၊ ဒက်ချ်နဲ့ အီတလီအစိုးရတို့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်းလုပ်ဆောင်ရပါမယ်။

ဒီလေယာဉ်တွေကို စစ်တပ်က အရပ်သားပြည်သူတွေကို တိုက်ခိုက်ဖို့၊ ကလေးသူငယ်တွေကို သတ်ဖြတ်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ ဇွန်လနောက်ပိုင်း စစ်တပ်က လေယာဉ်တွေ ဆက်ပြီးဝယ်ယူနေတယ် ဆိုတဲ့အချက်က

ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့တာမရှိကြောင်း သတိပေးလှုပ်နှိုးလိုက်တာ ဖြစ်ပါတယ်”ဟု Justice for Myanmar ပြောရေးဆိုခွင့် ရှိသူ မရတနာမောင်က ပြောသည်။

ဆက်လက်ပြီး “ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာကိုင်ထားတဲ့ အမြဲတမ်းအဖွဲ့ဝင်နှစ်နိုင်ငံက အကြမ်းဖက်မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချ နေတယ်ဆိုတဲ့ အချက်ဟာ ကုလသမဂ္ဂအမြင့်ဆုံးအဖွဲ့အစည်းက မြန်မာနိုင်ငံအပေါ် လေးနက်တဲ့ အရေးယူဆောင်ရွက်မှုတွေချမှတ်ဖို့ လုံးဝပျက်ကွက်နေတာ ဘာကြောင့်လဲဆိုတာကို ရှင်းပြပေး လိုက်တာပါပဲ။

နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့ ကြံရာပါပတ်သက်မှုအပေါ် အရေးယူ ဆောင်ရွက်ချက် တွေ ချမှတ်ရပါလိမ့် မယ်” ဟု ၎င်းက ဆိုသည်။

Altsean Burma က သုံးသပ်ထားသည့် ACLED မှ အချက်အလက်များအရ မြန်မာနိုင်ငံ၌ လက်နက်ကိုင် ထိတွေ့တိုက်ပွဲများနှင့် တိုက်ခိုက်မှုများသည် ၂၀၂၀ နှင့် နှိုင်းယှဉ်ပါက ၆၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာ ကြောင်း ပြသနေသည်။

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလ ၂၆ ရက်အတွင်း လက်နက်ကိုင် ထိတွေ့တိုက်ပွဲများနှင့် တိုက်ခိုက်မှုများမှာ မြန်မာနိုင်ငံက ယီမင်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံလုံး ထက် များပြားနေသည်ဟု Justice for Myanmar က အစီရင်ခံသည်။

ထို့အတွက် မြန်မာစစ်တပ်ဆီ လက်နက်စီးဆင်းနေခြင်းကို စုံစမ်းစစ်ဆေးမှုနှင့် ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချရေးပိတ်ပင်မှုကို Justice For Myanmar က တောင်းဆိုထားသည်။

People’sSpring

Zawgyi

ကုလလုံျခဳံေရးေကာင္စီဝင္အခ်ိဳ႕ စစ္ေကာင္စီတပ္ကို လက္နက္ေရာင္းခ်မႈ ပါဝင္ေနဟု Justice for Myanmar ေဖာ္ျပ

ကုလသမဂၢလုံျခဳံေရးေကာင္စီအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕သည္ အၾကမ္းဖက္ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်မႈမ်ားတြင္ ပါဝင္ပတ္သက္ေနေၾကာင္း Justice for Myanmar က အစီရင္ခံထုတ္ျပန္ သည္။

ၿပီးခဲ့သည့္ ျမန္မာေလတပ္ႏွစ္ပတ္လည္အခမ္းအနားတြင္ တပ္ေတာ္ဝင္ခဲ့ေသာ ေလယာဥ္မ်ားထဲ တြင္ ကုလသမဂၢလုံျခဳံေရးေကာင္စီအဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္သည့္ ျပစ္သစ္၊ ႐ု႐ွား၊ တ႐ုတ္ တို႔မွ ထုတ္လုပ္သည့္ေလယာဥ္မ်ားပါဝင္ေနျခင္းျဖစ္သည္။

“ATR နဲ႔ Airbus ေလယာဥ္ ေတြ အၾကမ္းဖက္ျမန္မာစစ္ေကာင္စီလက္ထဲ ဘယ္လိုေရာက္႐ွိသလဲဆိုတာကို ျပင္သစ္၊ ဒက္ခ်္နဲ႔ အီတလီအစိုးရတို႔အေနနဲ႔ စုံစမ္းစစ္ေဆးမႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္ရပါမယ္။

ဒီေလယာဥ္ေတြကို စစ္တပ္က အရပ္သားျပည္သူေတြကို တိုက္ခိုက္ဖို႔၊ ကေလးသူငယ္ေတြကို သတ္ျဖတ္ဖို႔ အသုံးျပဳမွာ ျဖစ္ပါတယ္။ ဇြန္လေနာက္ပိုင္း စစ္တပ္က ေလယာဥ္ေတြ ဆက္ၿပီးဝယ္ယူေနတယ္ ဆိုတဲ့အခ်က္က

ဥေရာပသမဂၢအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈအသစ္ေတြ ခ်မွတ္ခဲ့တာမ႐ွိေၾကာင္း သတိေပးလႈပ္ႏိႈးလိုက္တာ ျဖစ္ပါတယ္”ဟု Justice for Myanmar ေျပာေရးဆိုခြင့္ ႐ွိသူ မရတနာေမာင္က ေျပာသည္။

ဆက္လက္ၿပီး “ကုလသမဂၢလုံျခဳံေရးေကာင္စီရဲ႕ ဗီတိုအာဏာကိုင္ထားတဲ့ အၿမဲတမ္းအဖြဲ႕ဝင္ႏွစ္ႏိုင္ငံက အၾကမ္းဖက္ျမန္မာစစ္ေကာင္စီကို လက္နက္ေရာင္းခ် ေနတယ္ဆိုတဲ့ အခ်က္ဟာ ကုလသမဂၢအျမင့္ဆုံးအဖြဲ႕အစည္းက ျမန္မာႏိုင္ငံအေပၚ ေလးနက္တဲ့ အေရးယူေဆာင္႐ြက္မႈေတြခ်မွတ္ဖို႔ လုံးဝပ်က္ကြက္ေနတာ ဘာေၾကာင့္လဲဆိုတာကို ႐ွင္းျပေပး လိုက္တာပါပဲ။

ႏိုင္ငံတကာအသိုင္းအဝန္းအေနနဲ႔ ျမန္မာစစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ ရာဇဝတ္မႈေတြမွာ ႐ု႐ွားနဲ႔တ႐ုတ္ႏိုင္ငံတို႔ရဲ႕ ၾကံရာပါပတ္သက္မႈအေပၚ အေရးယူ ေဆာင္႐ြက္ခ်က္ ေတြ ခ်မွတ္ရပါလိမ့္ မယ္” ဟု ၎က ဆိုသည္။

Altsean Burma က သုံးသပ္ထားသည့္ ACLED မွ အခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံ၌ လက္နက္ကိုင္ ထိေတြ႕တိုက္ပြဲမ်ားႏွင့္ တိုက္ခိုက္မႈမ်ားသည္ ၂၀၂၀ ႏွင့္ ႏိႈင္းယွဥ္ပါက ၆၃၂ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာ ေၾကာင္း ျပသေနသည္။

ေဖေဖာ္ဝါရီ ၁ ရက္မွ ႏိုဝင္ဘာလ ၂၆ ရက္အတြင္း လက္နက္ကိုင္ ထိေတြ႕တိုက္ပြဲမ်ားႏွင့္ တိုက္ခိုက္မႈမ်ားမွာ ျမန္မာႏိုင္ငံက ယီမင္ႏွင့္ အာဖဂန္နစၥတန္ ႏွစ္ႏိုင္ငံလုံး ထက္ မ်ားျပားေနသည္ဟု Justice for Myanmar က အစီရင္ခံသည္။

ထို႔အတြက္ ျမန္မာစစ္တပ္ဆီ လက္နက္စီးဆင္းေနျခင္းကို စုံစမ္းစစ္ေဆးမႈႏွင့္ ကမ႓ာလုံးဆိုင္ရာလက္နက္ေရာင္းခ်ေရးပိတ္ပင္မႈကို Justice For Myanmar က ေတာင္းဆိုထားသည္။

People’sSpring

About the author

admin

Add Comment

Click here to post a comment