Local News

ကုလ ညီလာခံက မြန်မာအပေါ်ချမှတ်တဲ့ အဆိုကို ကန့်ကွက်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်

ကုလ ညီလာခံက မြန်မာနိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ချမှတ်သည့် အဆိုကို ထပ်လောင်းကန့်ကွက်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန် လိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် လုံးဝပယ်ချပြီး

ဒီဇင်ဘာ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ မျက်နှာစုံညီအစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့ သည့်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းကန့်ကွက်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ယင်းအဆိုမူကြမ်းကိုမဲခွဲရန် တောင်းဆိုလေ့ရှိခဲ့သော်လည်း ယခုနှစ်တွင် မဲမခွဲဘဲ အတည်ပြုခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

လူ့အခွင့်အရေးကိစ္စရပ်များကို စဉ်းစားသုံးသပ်ရာတွင် နိုင်ငံအားလုံး တစ်ပြေးညီ ကျင့်သုံးရေး၊ သမာသမတ်ကျရေး၊ နိုင်ငံတစ်နိုင်ငံတည်းကိုရွေးချယ်ပစ်မှတ်မထား ရေးစသည့်

ကုလသမဂ္ဂအခြေခံမူများကို ဆန့်ကျင်၍ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ချမှတ်သည့် ဆုံးဖြတ်ချက်အဆိုများကို မြန်မာနိုင်ငံကအစဉ်တစိုက် ဆန့်ကျင်ပါ တယ်လို့လည်းဆိုပါတယ်။

ယခုဆုံးဖြတ်ချက် အဆိုတွင် မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း၌ မည်သည့်အခါကမျှ မရှိခဲ့ဘဲ ပြည်သူများက အသိအမှတ်မပြုသည့် “ရိုဟင်ဂျာ” ဆိုသောအသုံးအနှုန်းအပါအဝင်

လိုရာပုံသွင်း၍ မှားယွင်းသည့် အကြောင်းအရာများနှင့် ပြည့်နှက်နေသည်မှာ လက်မခံနိုင်ဖွယ်ဖြစ်ပြီး မြန်မာနိုင်ငံက ယင်းဆုံးဖြတ်ချက် အဆိုကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်တယ်လို့ဆိုပါတယ်။

Zawgyi

ကုလ ညီလာခံက ျမန္မာႏိုင္ငံတစ္ႏိုင္ငံတည္းအေပၚ ဦးတည္ခ်မွတ္သည့္ အဆိုကို ထပ္ေလာင္းကန္႔ကြက္ပါတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထပ္မံထုတ္ျပန္ လိုက္ပါတယ္။

ကုလသမဂၢအေထြေထြညီလာခံ၏ တတိယေကာ္မတီတြင္ “ျမန္မာႏိုင္ငံ႐ွိ “႐ိုဟင္ဂ်ာ” ဆိုသူ မြတ္စလင္မ်ားႏွင့္ အျခားလူနည္းစုမ်ား၏ လူ႕အခြင့္အေရးအေျခအေန” ဟု ေခါင္းစဥ္တပ္ထားသည့္ ဆုံးျဖတ္ခ်က္အဆိုကို အတည္ျပဳခဲ့သည့္အေပၚ လုံးဝပယ္ခ်ၿပီး

ဒီဇင္ဘာ ၁၆ ရက္ေန႔က က်င္းပခဲ့သည့္ (၇၆)ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြ ညီလာခံ၏ မ်က္ႏွာစုံညီအစည္းအေဝးတြင္ ယင္းဆုံးျဖတ္ခ်က္အဆိုကို အတည္ျပဳခဲ့ သည့္အေပၚ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထပ္ေလာင္းကန္႔ကြက္တယ္လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံအေနျဖင့္ ယင္းအဆိုမူၾကမ္းကိုမဲခြဲရန္ ေတာင္းဆိုေလ့႐ွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ မဲမခြဲဘဲ အတည္ျပဳခဲ့ျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

လူ႕အခြင့္အေရးကိစၥရပ္မ်ားကို စဥ္းစားသုံးသပ္ရာတြင္ ႏိုင္ငံအားလုံး တစ္ေျပးညီ က်င့္သုံးေရး၊ သမာသမတ္က်ေရး၊ ႏိုင္ငံတစ္ႏိုင္ငံတည္းကိုေ႐ြးခ်ယ္ပစ္မွတ္မထား ေရးစသည့္

ကုလသမဂၢအေျခခံမူမ်ားကို ဆန္႔က်င္၍ ႏိုင္ငံတစ္ႏိုင္ငံတည္းအေပၚ ဦးတည္ခ်မွတ္သည့္ ဆုံးျဖတ္ခ်က္အဆိုမ်ားကို ျမန္မာႏိုင္ငံကအစဥ္တစိုက္ ဆန္႔က်င္ပါ တယ္လို႔လည္းဆိုပါတယ္။

ယခုဆုံးျဖတ္ခ်က္ အဆိုတြင္ ျမန္မာႏိုင္ငံ၏ ဥပေဒႏွင့္ သမိုင္းေၾကာင္း၌ မည္သည့္အခါကမွ် မ႐ွိခဲ့ဘဲ ျပည္သူမ်ားက အသိအမွတ္မျပဳသည့္ “႐ိုဟင္ဂ်ာ” ဆိုေသာအသုံးအႏႈန္းအပါအဝင္

လိုရာပုံသြင္း၍ မွားယြင္းသည့္ အေၾကာင္းအရာမ်ားႏွင့္ ျပည့္ႏွက္ေနသည္မွာ လက္မခံႏိုင္ဖြယ္ျဖစ္ၿပီး ျမန္မာႏိုင္ငံက ယင္းဆုံးျဖတ္ခ်က္ အဆိုကို ျပင္းထန္စြာ ကန္႔ကြက္ပယ္ခ်လိုက္တယ္လို႔ဆိုပါတယ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.