International News

ကျင်းပနေပြီ ဖြစ်တဲ့ ကုလညီလာခံမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့် မရသေး

ကျင်းပနေပြီ ဖြစ်တဲ့ ကုလညီလာခံမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့် မရသေး

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်ညီလာခံကို ဂျီနီဗာမြို့မှ ဒီနေ့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ညီလာခံရဲ့ အခြေအနေတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပြီး ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ ၃ ခုရှိမယ်လို့ ရေးသားထားပါတယ်။

အဖွင့်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး
(၁) အရင်ညီလာခံမှာ ဆုံးဖြတ်ထားတဲ့အတိုင်း အထွေထွညီလာခံက ဆုံးဖြတ်ချက်မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်ကို ဒီညီလာခံမှာ ကိုယ်စားပြုတက်ရောက်ခွင့်မပြုသေးပါဘူး။

(၂) မြန်မာနိုင်ငံက တင်သွင်းရမဲ့ လူ့အခွင့်အရေးအစီရင်ခံစာ နောက်ဆုံးအဆင့် တင်သွင်းရမဲ့ အစီအစဥ် (UPR report) ၂၀၂၂ ခုနှစ် မတ်လမှ ကျင်းပမဲ့ညီလာခံကို ထပ်မံရွေ့ဆိုင်းလိုက်ပါတယ်။

(၃) အခု ၄၈ကြိမ်ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ‌ဆွေးနွေးပွဲ (၃) ခုရှိပါမယ်။

ပထမတခုကတော့ စက်တင်ဘာ (၁၃) ရက်မှာ ကျင်းပခဲ့တဲ့ IIMM ရဲ့ အစီရင်ခံတင်ပြမှုဖြစ်ပါတယ်။

ဒုတိယကတော့ စက်တင်ဘာ (၂၂) ရက်နေ့မှာ ကျင်းပမဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ Mr. Tom Andrew ရဲ့ တင်ပြမှုပါ။

တတိယတခုကတော့ စက်တင်ဘာ (၂၃) ရက်မှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ တင်ပြမှုဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေအကြောင်းတွေကို အချိန်နဲ့တပြေးညီ ပေးပို့နေပါတယ်။ သီးသန့်အစီရင်ခံစာတစောင်ကိုလဲ မကြာမီ ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

Aung Myo Min

Zawgyi

က်င္းပေနၿပီ ျဖစ္တဲ့ ကုလသမဂၢလူအခြင့္အေရးေကာင္စီ ညီလာခံမွာ ျမန္မာကိုယ္စားလွယ္ တက္ေရာက္ခြင့္ မရေသး

ကုလသမဂၢလူ႕အခြင့္အေရးေကာင္စီရဲ႕ ၄၈ ႀကိမ္ေျမာက္ညီလာခံကို ဂ်ီနီဗာၿမိဳ႕မွ ဒီေန႕ စတင္က်င္းပေနၿပီျဖစ္ပါတယ္။

ဆြစ္ဇာလန္နိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ က်င္းပေနတဲ့ ညီလာခံရဲ႕ အေျခအေနတခ်ိဳ႕ကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ လူ႕အခြင့္ေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက သူ႕ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာမွာ အသိေပးခဲ့ၿပီး ညီလာခံမွာ ျမန္မာနိုင္ငံနဲ႕ ပတ္သက္လို႔ ေဆြးႏြေးပြဲ ၃ ခုရွိမယ္လို႔ ေရးသားထားပါတယ္။

အဖြင့္မွာ ျမန္မာနိုင္ငံနဲ႕ပတ္သက္ၿပီး
(၁) အရင္ညီလာခံမွာ ဆုံးျဖတ္ထားတဲ့အတိုင္း အေထြထြညီလာခံက ဆုံးျဖတ္ခ်က္မခ်မခ်င္း ျမန္မာနိုင္ငံကိုယ္စားလွယ္ကို ဒီညီလာခံမွာ ကိုယ္စားျပဳတက္ေရာက္ခြင့္မျပဳေသးပါဘူး။

(၂) ျမန္မာနိုင္ငံက တင္သြင္းရမဲ့ လူ႕အခြင့္အေရးအစီရင္ခံစာ ေနာက္ဆုံးအဆင့္ တင္သြင္းရမဲ့ အစီအစဥ္ (UPR report) ၂၀၂၂ ခုႏွစ္ မတ္လမွ က်င္းပမဲ့ညီလာခံကို ထပ္မံေ႐ြ႕ဆိုင္းလိုက္ပါတယ္။

(၃) အခု ၄၈ႀကိမ္ညီလာခံမွာ ျမန္မာနိုင္ငံနဲ႕ပတ္သက္တဲ့ ေဆြးႏြေးပြဲ (၃) ခုရွိပါမယ္။

ပထမတခုကေတာ့ စက္တင္ဘာ (၁၃) ရက္မွာ က်င္းပခဲ့တဲ့ IIMM ရဲ႕ အစီရင္ခံတင္ျပမႈျဖစ္ပါတယ္။

ဒုတိယကေတာ့ စက္တင္ဘာ (၂၂) ရက္ေန႕မွာ က်င္းပမဲ့ ျမန္မာနိုင္ငံဆိုင္ရာ လူ႕အခြင့္အေရး အထူးစုံစစ္ေဆးေရးအရာရွိ Mr. Tom Andrew ရဲ႕ တင္ျပမႈပါ။

တတိယတခုကေတာ့ စက္တင္ဘာ (၂၃) ရက္မွာ က်င္းပမဲ့ ကုလသမဂၢ လူ႕အခြင့္အေရးမဟာမင္းႀကီးရဲ႕ တင္ျပမႈျဖစ္ပါတယ္။

လူ႕အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာနအေနနဲ႕ စစ္ကိုင္းတိုင္းနဲ႕ မေကြးတိုင္းမွာ စစ္ေကာင္စီက ေန႕စဥ္ရက္ဆက္ က်ဴးလြန္ေနတဲ့ အျပည္ျပည္ဆိုင္ရာရာဇဝတ္မႈေတြအေၾကာင္းေတြကို အခ်ိန္နဲ႕တေျပးညီ ေပးပို႔ေနပါတယ္။ သီးသန႔္အစီရင္ခံစာတေစာင္ကိုလဲ မၾကာမီ ဆက္လက္ေပးပို႔သြားမွာျဖစ္ပါတယ္။

Aung Myo Min