Local News

ကျဆုံးခဲ့ပြီလို့ ယူဆထားသော PDF (၃) ဦး အသက်ရှင်လျက်ရှိပြီး ဒဏ်ရာကုသနေ

ကျဆုံးခဲ့ပြီလို့ ယူဆထားသော PDF (၃) ဦး အသက်ရှင်လျက်ရှိပြီး ဒဏ်ရာကုသနေ

ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့က လေးကေ့ကော်တိုက်ပွဲတွင် ကျဆုံးသွားပြီဟုယူဆထားသော ရဲဘော် (၃) ဦးအနက် ကိုကျုံဒိုးမှာ အသက်ရှင်လျက်ရှိနေကြောင်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။

​ထပ်မံသိရသော သတင်းအရ ကျန် (၂) ဦးမှာလည်း မကျဆုံးသေးဘဲ ဒဏ်ရာအပြင်းထန်ဖြင့် ဆေးကုသမှုခံယူနေကြောင်းသိရပါတယ်။

အတည်ပြုနိုင်တဲ့ ကျဆုံးခဲ့ရသူ (၂) ဦးမှာ
ကဗျာဆရာ၊ သတင်းသမား အေစိုင်းကေ(ခ) စိုင်းဝင်းအောင် နှင့် ဧရာဝတီတိုင်းမှ အုပ်ကြီး​ (ခ) အောင်မျိုးဇင်တို့ ဖြစ်ပါတယ်။ ( ကိုကျုံဒိုးသည် ကိုအောင်မျိုးဇင် မဟုတ်ပါ )

ကျဆုံးသွားတဲ့ ရဲဘော် (၂) ဦးကိုမြေမြှုပ်သဂြိုလ်ပြီး ဖြစ်ပါတယ်။

ဒဏ်ရာရရှိနေသော ရဲဘော်များ ဘေးကင်းစွာနဲ့ အမြန်ဆုံးသက်သာပါစေလို့ PDF Newsflash မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

#PDFNewsflash

Zawgyi







#PDFNewsflash

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.