Local News

ကျောက်စိမ်းတင်ရေယာဉ်များအတွက် လုံခြုံရေးယူလာသော မြေပြင်စစ်ကြောင်းနှင့် KPDF KLG၊ ပူးပေါင်းတပ်ဖွဲ့ တို့ကြား တိုက်ပွဲဖြစ်နေ (ရုပ်/သံ)

ကျောက်စိမ်းတင်ရေယာဉ်များအတွက် လုံခြုံရေးယူလာသော မြေပြင်စစ်ကြောင်းနှင့် KPDF KLG၊ ပူးပေါင်းတပ်ဖွဲ့ တို့ကြား တိုက်ပွဲဖြစ်နေ (ရုပ်/သံ အပြည့်အစုံအောက်တွင်ပါဝင်သည်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်စိမ်းတင်ရေယာဉ်များကို လုံခြုံရေးယူပေးသည့်အနေဖြင့် မြစ်ကမ်းဘေး ကျေးရွာများကို နယ်မြေရှင်းလင်းရေး ဝင်လာသော

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်လုံးကြီး) KPDF-KLG တပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များကြား ယနေ့ နံနက်မှ စတင်ကာ တိုက်ပွဲများတောက်လျှောက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

“ကနီကနေ မနက် ၆နာရီဝန်းကျင်က စထွက်လာတာ ကုန်းကြောင်း ရေကြောင်းနဲ့၊ ကုန်းကြောင်းက မြစ်ကမ်းဘေးရွာတွေကို နယ်မြေရှင်းလင်းရေးသဘောမျိုးဝင်ပီး မြစ်ထဲက ရေယာဥ်တွေက်ို ကာကွယ်ပေးလိုက်လာတာ၊ ခုချိန်ထိ ပစ်နေတုန်းဘဲဗျ” ဟု KPDF-KLG အဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ မြေပြင်စစ်ကြောင်းကို ပျူစောထီး ၂ ဦးက လမ်းပြနေပြီး မိုင်းကွင်းများကို ရှောင်ကွင်းသွားလာကြောင်း၊ လက်ရှိအချိန်ထိ ကြိုကြားတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ မြေပြင်စစ်ကြောင်းကို KLG PDF၊ MPDF၊ M&K The Boys၊ Golden Triangle Forces၊ DRPA၊ CHU PDF၊ Daung Ni PDF စသည့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

“၁၀ ဝန်းကျင်ကဗျ ၁၀ ခွဲလောက်က မုဠောနဲ့ ငါးဖျက်ကြားမှာ တိုက်ပွဲဖြစ်တယ်ဗျ၊ အခုထိ ကြိုကြား ကြိုကြား ဖြစ်နေတုန်းပဲ၊ လက်နက်မမျှတော့ နောက်ဆုတ်ထားရတယ်ဗျ၊ ပျူတွေနဲ့ လမ်းပြတွေကောပါတယ်ဗျ၊

မိုင်းကွင်းတွေကို ရှောင်သွားကြတာ၊ လမ်းပြနှစ်ယောက်ဗျ
ဒီကောင်တွေက ကျောက်တွေ သယ်လာတာဆိုတော့ အတော်ကို ကြိုးစားကာကွယ်မယ့်ပုံဘဲဗျ” ဟု KPDF-KLG အဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

ကျောက်စိမ်းများတင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရာ မင်းကင်း၊ ကနီမြို့နယ်များအတွင်း ဒေသကာကွယ်ရေးအဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုများကြောင့်

ရေယာဉ်အချို့ ပျက်စီးနစ်မြုပ်ကာ စစ်သား အများအပြားသေဆုံးခဲ့သောကြောင့်ယခုလို မြစ်ဘေးတလျှောက် ကျေးရွာများကိုပါ မြေပြင်စစ်ကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ဝင်ရောက်လာခြင်းဖြစ်သည်။

Zawgyi

ေက်ာက္စိမ္းတင္ေရယာဥ္မ်ားအတြက္ လုံျခဳံေရးယူလာေသာ ေျမျပင္စစ္ေၾကာင္းႏွင့္ KPDF KLG၊ ပူးေပါင္းတပ္ဖြဲ႕ တို႔ၾကား တိုက္ပြဲျဖစ္ေန (႐ုပ္/သံ အျပည့္အစုံေအာက္တြင္ပါဝင္သည္)

ရန္ကုန္၊ ဒီဇင္ဘာ ၁၆

ခ်င္းတြင္းျမစ္အတိုင္း စုန္ဆင္းလာေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ ေက်ာက္စိမ္းတင္ေရယာဥ္မ်ားကို လုံျခဳံေရးယူေပးသည့္အေနျဖင့္ ျမစ္ကမ္းေဘး ေက်း႐ြာမ်ားကို နယ္ေျမ႐ွင္းလင္းေရး ဝင္လာေသာ

အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္းႏွင့္ ကနီၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (ေက်ာက္လုံးႀကီး) KPDF-KLG တပ္ဖြဲ႕ႏွင့္ ေဒသကာကြယ္ေရးပူးေပါင္းအဖြဲ႕မ်ားၾကား ယေန႔ နံနက္မွ စတင္ကာ တိုက္ပြဲမ်ားေတာက္ေလွ်ာက္ျဖစ္ပြားေနေၾကာင္း သိ႐ွိရသည္။

“ကနီကေန မနက္ ၆နာရီဝန္းက်င္က စထြက္လာတာ ကုန္းေၾကာင္း ေရေၾကာင္းနဲ႔၊ ကုန္းေၾကာင္းက ျမစ္ကမ္းေဘး႐ြာေတြကို နယ္ေျမ႐ွင္းလင္းေရးသေဘာမ်ိဳးဝင္ပီး ျမစ္ထဲက ေရယာဥ္ေတြက္ိဳ ကာကြယ္ေပးလိုက္လာတာ၊ ခုခ်ိန္ထိ ပစ္ေနတုန္းဘဲဗ်” ဟု KPDF-KLG အဖြဲ႕တာဝန္႐ွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အဆိုပါ အၾကမ္းဖက္စစ္ေကာင္စီ ေျမျပင္စစ္ေၾကာင္းကို ပ်ဴေစာထီး ၂ ဦးက လမ္းျပေနၿပီး မိုင္းကြင္းမ်ားကို ေ႐ွာင္ကြင္းသြားလာေၾကာင္း၊ လက္႐ွိအခ်ိန္ထိ ႀကိဳၾကားတိုက္ပြဲမ်ား ျဖစ္ပြားေနေၾကာင္း သိ႐ွိရသည္။

အၾကမ္းဖက္စစ္ေကာင္စီ ေျမျပင္စစ္ေၾကာင္းကို KLG PDF၊ MPDF၊ M&K The Boys၊ Golden Triangle Forces၊ DRPA၊ CHU PDF၊ Daung Ni PDF စသည့္ မဟာမိတ္ပူးေပါင္းအဖြဲ႕မ်ားက ခုခံတိုက္ခိုက္ေနျခင္းျဖစ္သည္။

“၁၀ ဝန္းက်င္ကဗ် ၁၀ ခြဲေလာက္က မုေဠာနဲ႔ ငါးဖ်က္ၾကားမွာ တိုက္ပြဲျဖစ္တယ္ဗ်၊ အခုထိ ႀကိဳၾကား ႀကိဳၾကား ျဖစ္ေနတုန္းပဲ၊ လက္နက္မမွ်ေတာ့ ေနာက္ဆုတ္ထားရတယ္ဗ်၊ ပ်ဴေတြနဲ႔ လမ္းျပေတြေကာပါတယ္ဗ်၊

မိုင္းကြင္းေတြကို ေ႐ွာင္သြားၾကတာ၊ လမ္းျပႏွစ္ေယာက္ဗ်
ဒီေကာင္ေတြက ေက်ာက္ေတြ သယ္လာတာဆိုေတာ့ အေတာ္ကို ႀကိဳးစားကာကြယ္မယ့္ပုံဘဲဗ်” ဟု KPDF-KLG အဖြဲ႕ တာဝန္႐ွိသူက ဆက္ေျပာသည္။

ေက်ာက္စိမ္းမ်ားတင္လာေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ ေရယာဥ္အုပ္စုသည္ ခ်င္းတြင္းျမစ္အတိုင္း စုန္ဆင္းလာရာ မင္းကင္း၊ ကနီၿမိဳ႕နယ္မ်ားအတြင္း ေဒသကာကြယ္ေရးအဖြဲ႕မ်ား၏ ပူးေပါင္းတိုက္ခိုက္မႈမ်ားေၾကာင့္

ေရယာဥ္အခ်ိဳ႕ ပ်က္စီးနစ္ျမဳပ္ကာ စစ္သား အမ်ားအျပားေသဆုံးခဲ့ေသာေၾကာင့္ယခုလို ျမစ္ေဘးတေလွ်ာက္ ေက်း႐ြာမ်ားကိုပါ ေျမျပင္စစ္ေၾကာင္းျဖင့္ နယ္ေျမ႐ွင္းလင္းေရး ဝင္ေရာက္လာျခင္းျဖစ္သည္။

About the author

admin

Add Comment

Click here to post a comment