Local News

ကျေးရွာအတွင်းသို့တပ်စွဲရန် သေနတ်ပစ်ဖောက်ပြီးဝင်လာချိန် ပျားအုံသို့ပစ်မိ၍ စကစတပ်များပျားတုတ်ခံရ၊ တပ်သား (၃) ဦး…SeeMore

ကျေးရွာအတွင်းသို့တပ်စွဲရန် သေနတ်ပစ်ဖောက်ပြီးဝင်လာချိန် ပျားအုံသို့ပစ်မိ၍ စကစတပ်များပျားတုတ်ခံရ၊ တပ်သား (၃) ဦး မျက်နှာများ ရောင်ကိုင်းနေ

ဇန်နဝါရီ ၁၁၊ PDF Newsflash

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ချောင်းမကြီးကျေးရွာ ဘုန်းကြီးကျောင်းအတွင်းသို့တပ်စွဲရန် ဝင်ရောက်လာချိန်တွင် သေနတ်ရမ်းပစ်ဖောက်ရာ ပျားအုံကိုပစ်ခတ်မိ၍ စစ်ကောင်စီတပ်သားများ ပျားတုတ်ခံရကာ တပ်သား (၃) ဦး မျက်နှာများရောင်ကိုင်းနေကြောင်း သိရသည်။

” ချောင်းမကြီးကျေးရွာဘုန်းကြီးကျောင်းအတွင်း လပ်တီးအုပ်စု တပ်ဆွဲနေ။ ချောင်းမကြီးကျေးရွာ ဝင်ခါနီး သေနက်ရမ်းပစ်ရာ ပျားအုံအားပစ်မိ၍ ခွေး (၃) ကောင် ပျားတုတ်ခံရပြီး မျက်နှာများရောင်ကိုင်းနေ ” ဟု ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့ကထုတ်ပြန်သည်။

အလားတူ ရှားကွဲရွာ မန်းတောင်တွင်လည်း စစ်ကောင်စီဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး မြွေကိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

#PDFNewsflash

Zawgyi






#PDFNewsflash

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.