Local News

ကျွန်တော်သေရင် ကျွန်တော်ချစ်တဲ့ပြည်သူကို ချန်မထားခဲ့ဘူး အတူလက်တွဲခေါ်သွားမည် ပြည်သူတွေမသေစေချင်ရင်ကျွန်တော့်လာ မတိုက်နဲ့ဒါပဲ”ဟု မအလပြော

ကျွန်တော်သေရင် ကျွန်တော်ချစ်တဲ့ပြည်သူကို ချန်မထားခဲ့ဘူး အတူလက်တွဲခေါ်သွားမည် ပြည်သူတွေမသေစေချင်ရင်ကျွန်တော့်လာ မတိုက်နဲ့ဒါပဲ”ဟု မအလပြော

ဖောဖော်ဝါရီလ ၁ရက်နေ့ကစပြီ မြန်မာနိုင်ငံ ပြည်သူလူထုစီက အာဏာကို ရယူဖို့ ကြိုးစားခဲ့တဲ့ မအလနဲ့ အပေါင်းအပါတစ်သိုက်ရဲ့ ကြံစည်အားထုတ်မှုဟာ ယခုဆိုရင် တစ်နှစ်ပြည့်တော့မည်ဖြစ်ဖြစ်သည်။

အာဏာသိမ်းကာလ တစ်နှစ်ပြည့်တော့မည် ယခုအချိန်အထိ မြန်မာနိုင်ငံကို မအလတို့ စစ်အုပ်စုအနေနဲ့ နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်သေးဘူးဆိုတာ စစ်ကိုင်းတိုင်း မကွေးတိုင်းအပါအဝင် ချင်းပြည်နယ် ရန်ကုန် မန်းလေးလို့ နေရာက မြို့ပြပျောက်ကြားတွေရဲ့ စွမ်းရည်ကို ကြည့်ရင်သိနိုင်ပါတယ်။

ယခုလဲ ဘယ်က ဘယ်လို စတင်ပျံ့နှံလာမှန်းမသိတဲ့ ဘောမတစ်သိုက်မှ ဖြန့်ဝေလိုက်တဲ့ ဝါဒဖြန့်စာ တစ်ခု facebook လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီစာကတော့ ပြည်သူအားလုံးကိုမိမိနှင့်အတူလက်တွဲခေါ်သွားမည်ဟုဗိုလ်ချုပ်မှူးကြီးပြောဆိုပြီ ဟက် tageနဲ့ ခေါင်းစဉ်ပေးထားတဲ့ ပိုစ့်တစ်ခုပဲဖြစ်ပါတယ်။

“ကျွန်တော်ကတော့ရှင်းတယ်၊ပြည်သူလူထုအားလုံးကိုလက်တွဲခေါ်သွားမယ်၊ဘယ်တော့မှနောက်မဆုတ်ဘူး၊ နောက်ပြန်မလှည့်ဘူး။ ကျွန်တော်ချစ်တဲ့ပြည်သူကို ချန်မထားခဲ့ဘူး၊ ပြီးတော့ နိုင်ငံတကာလည်းမကြောက်ဘူး၊ကိုယ်ရွေးချယ်ထားတဲ့လမ်းကိုယ်လျှောက်မယ်၊ ဘယ်သူလာတိုက်လာတိုက် ပြန်တိုက်မယ်၊

ကျွန်တော်သေရင် ပြည်သူတွေသေမယ်။ ပြည်သူတွေမသေစေချင်ရင်ကျွန်တော့်လာ မတိုက်နဲ့၊ဒါပဲ”ဟု ဗိုလ်ချုပ်မှူးကြီးအဂ္ဂမဟာ သရေစည်သူမင်းအောင်လှိုင်က ပြည်သူနဲ့ တသားတည်းရှိကြောင်းပြောကြားသွားခဲ့သည်။” ဟု အဆိုပါ ပိုစ့်တွင်ရေးသားထားသည်။

အဆိုပါ ပိုစ့်အား လေ့လာကြည့်ရသလောက် ပြည်တွင်းမြို့ပ ပျောက်ကြားတွေရဲ့ တိုက်ခိုက်စွမ်းရည်မြင့်မားလာတာနဲ့အမျှ PDFတွေနဲ့အတူ နိုင်ငံတစ်ကာရဲ့ ပူးပေါင်းပါဝင်မှု EAOSတွေရဲ့ ပူးပေါင်းပါဝင်မှု အရှိန်မြင့်တတ်လာမည်ကို မအလနဲ့ သူ့ရဲ့ ဘောမတစ်သိုက်ကတော့ တော်တော် တုန်လုပ်နေပြီဆိုတာမြင်သာပါတယ်။

အရေးတော်ပုံအောင်နေပြီ
@ဇေယျာတိုင်းက ကလောင်လက်နတ်ပိုင်ရှင် (မင်းဇေယျာ)

Zawgyi









About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.