Local News

ကျွန်တော် အိမ်ပြန်ချင်ပြီ ဆိုတဲ့ ဒါရိုက်တာ ကိုပေါက် ရဲ့ အိမ်လွမ်းစာတစ်စောင်

ကျွန်တော် အိမ်ပြန်ချင်ပြီ ဆိုတဲ့ ဒါရိုက်တာ ကိုပေါက် ရဲ့ အိမ်လွမ်းစာတစ်စောင်

လွတ်မြောက်နယ်မြေရောက်နေတာကြာပြီဖြစ်တဲ့ ဒါရိုက်တာကိုပေါက်ရဲ့ က်နော် အိမ်ပြန်ချင်ပြီ ဆိုတဲ့ အိမ်အလွမ်းစာတစ်စောင်

လွတ်မြောက်နယ်မြေရောက်နေတာကြာပြီဖြစ်တဲ့ ဒါရိုက်တာကိုပေါက်ရဲ့ က်နော် အိမ်ပြန်ချင်ပြီ ဆိုတဲ့ အိမ်အလွမ်းစာတစ်စောင်

အားလုံးသိကြတဲ့ ဒါရိုက္တာ ကိုပေါက်ကတော့ ယခုလက်ရှိမှာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေသူတစ်ဦး လည်းဖြစ်ပါတယ်။

သူဟာ အနုပညာလောကမှာလည်း အတိုင်းအတာတစ်ခုထိအောင်မြင်ပြီး ပရိတ်သတ်တွေရဲ့ ထောက်ခံမှုအပြည့်အဝရထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း အင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့် ၅၀၅ က နဲ့ အမှုဖွင့်ခံထားရတာကြောင့် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပြည်သူတွေအတွက် အားဖြစ်စေတဲ့ စာလေးတွေ၊နောက်ပြီး သူတွေ့ကြုံရတဲ့အခက်အခဲလေးတွေ အားလုံးကို ဝေမျှပေးတတ်ပါတယ်။ဒီတစ်ခေါက် သူဝေမျှခဲ့တာကတော့ က်နော် အိမ်ပြန်ချင်ပြီ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ စာတစ်ပုဒ်ဝေမျှလာတာကို ပရိတ်သတ်တွေအတွက် ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။

ဒါရိုက်တာကိုပေါက်လည်း မိသားစုနဲ့အတူ အမြန်ဆုံးပြန်တွေ့ရပါစေလို့ ထပ်ဆင့်ဆုးတောင်းပေးလိုက်ပါတယ်။

Credit