Local News

ကြည့်မြင်တိုင် ဆန္ဒပြပွဲ နှိမ်နင်းမှု အတွင်းရေးမှူးချုပ် အပြင်းထန်ဆုံး ရှုတ်ချ

ကြည့်မြင်တိုင် ဆန္ဒပြပွဲ နှိမ်နင်းမှု အတွင်းရေးမှူးချုပ် အပြင်းထန်ဆုံး ရှုတ်ချ

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင်း တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က ကားနဲ့ဝင်တိုက်ပြီးနောက် လက်နက်မဲ့ အရပ်သားတွေကို ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်အပေါ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချလိုက်ပြီး ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုဟာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ချိုးဖောက်မှုဖြစ်သလို ထိန်းထိန်းသိမ်းသိမ်းရှိဖို့နဲ့ ဆွေးနွေးကြဖို့

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်ကို ရှင်းရှင်းလင်းလင်း အာခံလိုက်တာဖြစ်တယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ဟာ လက်သင့်ခံနိုင်စရာ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ် Ramanathan Balakrishnan ကလည်း ပြောပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်ပြီး ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်၊ ဖိနှိပ်မှုတွေကို ရှောင်ကြဉ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂက ထပ်ပြီး ပြောဆိုထားပါတယ်။

Zawgyi

ၾကည့္ျမင္တိုင္ ဆႏၵျပပြဲ ႏွိမ္နင္းမႈ အတြင္းေရးမႉးခ်ဳပ္ အျပင္းထန္ဆုံး ႐ႈတ္ခ်

ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္း တနဂၤေႏြေန႔ မနက္ပိုင္းက စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲကို လုံျခဳံေရးတပ္ဖြဲ႕က ကားနဲ႔ဝင္တိုက္ၿပီးေနာက္ လက္နက္မဲ့ အရပ္သားေတြကို က်ည္အစစ္နဲ႔ ပစ္ခတ္ခဲ့တဲ့ လုပ္ရပ္အေပၚ

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က အျပင္းထန္ဆုံး ျပစ္တင္ ႐ႈတ္ခ်လိုက္ၿပီး ဖမ္းထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားအားလုံး ျပန္လႊတ္ေပးဖို႔ စစ္ေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

“ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို သတ္ျဖတ္မႈဟာ အေျခခံ လူ႕အခြင့္အေရးကို ခ်ိဳးေဖာက္မႈ၊ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ကို ခ်ိဳးေဖာက္မႈျဖစ္သလို ထိန္းထိန္းသိမ္းသိမ္း႐ွိဖို႔နဲ႔ ေဆြးေႏြးၾကဖို႔

ကုလသမဂၢ လုံျခဳံေရးေကာင္စီရဲ႕ ေတာင္းဆိုခ်က္ကို ႐ွင္း႐ွင္းလင္းလင္း အာခံလိုက္တာျဖစ္တယ္။” လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က တနလၤာေန႔ နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ျမန္မာ လုံျခဳံေရးတပ္ဖြဲ႕ေတြရဲ႕ လုပ္ရပ္ဟာ လက္သင့္ခံႏိုင္စရာ မ႐ွိေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ ယာယီ ဌာေနကိုယ္စားလွယ္ Ramanathan Balakrishnan ကလည္း ေျပာပါတယ္။

အရပ္သားေတြအေပၚ အၾကမ္းဖက္ေနတာေတြ ရပ္ၿပီး က်ဴးလြန္သူေတြကို အေရးယူ အျပစ္ေပးဖို႔လည္း ကုလသမဂၢက ေတာင္းဆိုထားပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ အၾကမ္းဖက္၊ ဖိႏွိပ္မႈေတြကို ေ႐ွာင္ၾကဥ္ၿပီး ျမန္မာႏိုင္ငံကို ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ေရာက္႐ွိေရး ေဆာင္႐ြက္ဖို႔လည္း ကုလသမဂၢက ထပ္ၿပီး ေျပာဆိုထားပါတယ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.