Local News

ခန္တီးမြို့မှသည် ထန်တလန်ဆီသို့ (၁၉၈၄ ခုနှစ်)

ခန္တီးမြို့မှသည် ထန်တလန်ဆီသို့ (၁၉၈၄ ခုနှစ်)

ခန္တီးမြို့ကို KIA ကဝိုင်းထားတယ်။ ဝင်စီးတယ်ပေါ့ကွာ။ရည်ရွယ်ချက်က နာဂလက်နက်ကိုင်တွေကKIA ကိုအကူအညီတောင်းတဲ့အတွက် အချုပ်ကျနေတဲ့နာဂခေါင်းဆောင် ဗိုလ်ကျော်ကျော်ကို ပြန်ကယ်ဖို့။

(ဗိုလ်ကျော်ကျော်ရဲ့လက်မှတ်မပါရင် လက်နက်တောင်ဝယ်မရဘူးလို့ကြားတယ်)

ချုပ်ထားတာက မြို့ထဲကရဲစခန်း။ဗိုလ်ကျော်ကျော်ကို အရှင်ဖမ်းမိတာက ဗက လှမြင့်ထွန်းစစ်ကြောင်း။

ခန္တီး၊လဟယ်၊လေရှီး၊ဟုမ္မလင်း လေးမြို့နယ်လုံးကို ခလရ ၅၂ တပ်ရင်းတရင်းထဲကပဲ ထိန်းနေရတဲ့အချိန်။ရင်း ၅၂ နေရာက မြို့ကိုစိုးမိုးထားတဲ့ကုန်းပေါ်မှာ။လေယာဉ်ကွင်းနဲ့ကပ်ရက်။

တပ်ရင်းထဲမှာ လက်နက်ကြီးတွေလည်းရှိတယ်။ မြို့ကိုကြေမွသွားအောင်ပစ်လို့ရတဲ့လက်နက်ကြီးအင်အားကအသင့်ပဲ။

အထက်ကအမိန့်က KIA တွေရောက်နေတဲ့မြို့ထဲကို လက်နက်ကြီးတွေနဲ့အသားကုန်ပစ်မိန့်။မြို့ပျက်စီးသွားမှာ ၊ပြည်သူတွေသေမှာစိုးလို့ အထက်ကအမိန့်ကို ပယ်ချတာက တပ်ရင်းမှူး။

တာဝန်ကတာဝန်၊ အမိန့်ကအမိန်ပေမဲ့ လူ့ကျင့်ဝတ်နဲ့ကိုယ်ချင်းစာတရားကမှ အမှန်တရား။အဲဒီအမှန်တရားအတွက် ရာထူးမငဲ့ပဲ ပြည်သူကိုသာငဲ့ညှာခဲ့တာကြောင့် တပ်ရင်းမှူးဘဝကနေ အရပ်ဘက် ကောင်စီကို ပြောင်းရွှေ့ခံခဲ့ရတယ်။

အဲဒီတုန်းက စစ်သားတယောက်အရပ်ဘက်အပြောင်းခံရတယ်ဆိုတာ သူ့ဘဝကို ရိုက်သတ်လိုက်သလိုခံစားကြရတဲ့အချိန်။ ခုခေါတ်လိုဂွင်ဖန်ကြီးပွားလို့မရဘူး။

အော်မေ့တော့မလို့..တပ်ရင်းမှူးကြီးရဲ့နာမည်က ဗမက ဒမ်ခန့်ကျင်။ချင်းလူမျိုး။ခန္တီးပြည်သူတွေရဲ့ ချစ်မြတ်နိုးမူကိုတော့ အသက်ထက်ဆုံးရသွားခဲ့တယ်။

ဗမကဒမ်ခန့်ကျင်ရေ.. ဗမက ကသာမလုပ်ရက်ခဲ့ပေမဲ့ ဗမကတို့ရဲ့မွေးရပ်မြေချင်းတောင်မှာတော့ လုပ်ရက်တဲ့တပ်မှူးတွေအပြည့်ပဲဗျာ။

Haw Twel
ခန္တီးဒေသ သတင်းစုံ

Zawgyi

ခႏၲီးၿမိဳ႕မွသည္ ထန္တလန္ဆီသို႔ (၁၉၈၄ ခုႏွစ္)

ခႏၲီးၿမိဳ႕ကို KIA ကဝိုင္းထားတယ္။ ဝင္စီးတယ္ေပါ့ကြာ။ရည္႐ြယ္ခ်က္က နာဂလက္နက္ကိုင္ေတြကKIA ကိုအကူအညီေတာင္းတဲ့အတြက္ အခ်ဳပ္က်ေနတဲ့နာဂေခါင္းေဆာင္ ဗိုလ္ေက်ာ္ေက်ာ္ကို ျပန္ကယ္ဖို႔။

(ဗိုလ္ေက်ာ္ေက်ာ္ရဲ႕လက္မွတ္မပါရင္ လက္နက္ေတာင္ဝယ္မရဘူးလို႔ၾကားတယ္)

ခ်ဳပ္ထားတာက ၿမိဳ႕ထဲကရဲစခန္း။ဗိုလ္ေက်ာ္ေက်ာ္ကို အရွင္ဖမ္းမိတာက ဗက လွျမင့္ထြန္းစစ္ေၾကာင္း။

ခႏၲီး၊လဟယ္၊ေလရွီး၊ဟုမၼလင္း ေလးၿမိဳ႕နယ္လုံးကို ခလရ ၅၂ တပ္ရင္းတရင္းထဲကပဲ ထိန္းေနရတဲ့အခ်ိန္။ရင္း ၅၂ ေနရာက ၿမိဳ႕ကိုစိုးမိုးထားတဲ့ကုန္းေပၚမွာ။ေလယာဥ္ကြင္းနဲ႔ကပ္ရက္။

တပ္ရင္းထဲမွာ လက္နက္ႀကီးေတြလည္းရွိတယ္။ ၿမိဳ႕ကိုေၾကမြသြားေအာင္ပစ္လို႔ရတဲ့လက္နက္ႀကီးအင္အားကအသင့္ပဲ။

အထက္ကအမိန႔္က KIA ေတြေရာက္ေနတဲ့ၿမိဳ႕ထဲကို လက္နက္ႀကီးေတြနဲ႔အသားကုန္ပစ္မိန႔္။ၿမိဳ႕ပ်က္စီးသြားမွာ ၊ျပည္သူေတြေသမွာစိုးလို႔ အထက္ကအမိန႔္ကို ပယ္ခ်တာက တပ္ရင္းမႉး။

တာဝန္ကတာဝန္၊ အမိန႔္ကအမိန္ေပမဲ့ လူ႔က်င့္ဝတ္နဲ႔ကိုယ္ခ်င္းစာတရားကမွ အမွန္တရား။အဲဒီအမွန္တရားအတြက္ ရာထူးမငဲ့ပဲ ျပည္သူကိုသာငဲ့ညႇာခဲ့တာေၾကာင့္ တပ္ရင္းမႉးဘဝကေန အရပ္ဘက္ ေကာင္စီကို ေျပာင္းေ႐ႊ႕ခံခဲ့ရတယ္။

အဲဒီတုန္းက စစ္သားတေယာက္အရပ္ဘက္အေျပာင္းခံရတယ္ဆိုတာ သူ႔ဘဝကို ႐ိုက္သတ္လိုက္သလိုခံစားၾကရတဲ့အခ်ိန္။ ခုေခါတ္လိုဂြင္ဖန္ႀကီးပြားလို႔မရဘူး။

ေအာ္ေမ့ေတာ့မလို႔..တပ္ရင္းမႉးႀကီးရဲ႕နာမည္က ဗမက ဒမ္ခန႔္က်င္။ခ်င္းလူမ်ိဳး။ခႏၲီးျပည္သူေတြရဲ႕ ခ်စ္ျမတ္ႏိုးမူကိုေတာ့ အသက္ထက္ဆုံးရသြားခဲ့တယ္။

ဗမကဒမ္ခန႔္က်င္ေရ.. ဗမက ကသာမလုပ္ရက္ခဲ့ေပမဲ့ ဗမကတို႔ရဲ႕ေမြးရပ္ေျမခ်င္းေတာင္မွာေတာ့ လုပ္ရက္တဲ့တပ္မႉးေတြအျပည့္ပဲဗ်ာ။

Haw Twel
ခႏၲီးေဒသ သတင္းစုံ