Local News

ခိုကိုးရာမဲ့ဖြစ်နေသော်လည်း မိမိအား အိမ်ပြန် မပို့ဖို့ကို တောင်းပန်နေရှာတဲ့ အဖွားအို

ခိုကိုးရာမဲ့ဖြစ်နေသော်လည်း မိမိအား အိမ်ပြန် မပို့ဖို့ကို တောင်းပန်နေရှာတဲ့ အဖွားအို

“စွန်ပစ်ခံရတဲ့ ခိုကိုးရာမဲ့အဖွားအား မြဆည်းဆာရိပ်သာမှ ခေါ်ယူစောင့်ရှောက် ” သားသမီးများ စွန့်ပစ်၍ မော်လမြိုင် ဈေးကြိုကားဝင်း အတွင်းရောက်ရှိ နေသည့်နေသည့် အသက် ၇၂နှစ်အအရွယ် အဖွား(၁)ဦး ခိုကိုးရာမဲ့ ဖြစ်နေသည့်အတွက်

မြဆည်းဆာ ဆရာတော်၏ လမ်းညွှန်ချက်နဲ့ အတူ အကျိုးဆောင်များမှ သွားရောက်စီ စစ်ကာ လက်ခံခေါ်ယူ စောင့်ရှောက်ခဲ့ကြောင်း သိရသည်။ အဖွားက ၎င်း၏ သားသမီးများထံ ပြန်ချင်စိတ်လုံးဝ မရှိကြောင်း ဆူပူမာန်မဲ၍ နှင်ချသည့်ဒဏ် မခံနိုင်ကြောင်း ဖြစ်နိုင်လျှင် မြိတ်မြို့သို့ ပို့စေချင်ကြောင်း

ဒါမှမဟုတ် ရိပ်သာတွင် လက်ခံနိုင်ပါက လက်ခံစေလိုကြောင်း ငိုယို၍ ပြောဆိုလာသဖြင့် အဖွားအား ရှိမှန်းမသိ မရှိမှန်းမသိ တော့သည့် အမျိုးများထံ လွှတ်ပေးရန် စိတ်မချ၍

မြဆည်းဆာ ဆရာတော်၏ လမ်းညွှန်ချက် ထပ်မံခံယူပြီး သားသမီး အရင်များပင် လက်မခံတော့သည့် အဖွားအား မြဆည်းဆာမှ ခေါ်ယူ စောင့်ရှောက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အဘိုးအဘွား ခိုကိုးရာမဲ့များအား ကူညီစောင့်ရှောက်ပေးပါသော မြဆည်းဆာဆရာတော်နှင့်တကွ အကျိုးဆောင်အဖွဲ့သားများ ပရဟိတအဖွဲ့ဝင်များ အားလုံးသည်

ကျန်းမာလန်းဖြာ စိတ်သွားတိုင်း ကိုယ်ပါပြီး သာသနာအကျိုး အများအကျိုး ယခုထက်ပို၍ ထမ်းဆောင်ကြပါစေ၊ သာလွန်မွန်မြတ်သော ကောင်းခြင်းတရားများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

မိဘဘိုးဘွား အပေါင်းလည်း သားဆိုးသမီးဆိုး အမွေခံဆိုးများဘေးမှ ကင်းဝေးနိုင်ကြပါစေ အေးချမ်းကြပါစေ အိုဇာတာကောင်းပြီး ချမ်းမြေ့သာယာ ရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။

Credit