ခုလို မိတ်လိုက်ချိန် ကျွန်းပြင်ထွက်တော့ သူတို့က တွေ့တဲ့လူ နွား ဝက် ဘဲ ကျွဲစတာတွေကို…see more

ခုလို မိတ်လိုက်ချိန် ကျွန်းပြင်ထွက်တော့ သူတို့က တွေ့တဲ့လူ နွား ဝက် ဘဲ ကျွဲစတာတွေကို…see more

မပြောချင်ပေမယ့်လည်း ပြောရဦးမယ်။
မိန်းမလှကျွန်းဒေသမှာ မိကျောင်းတွေ ရှင်သန်ကျက်စားနေခဲ့တာ ဟိုး ပဝေဏသီကတည်းက

သူ့ သဘာဝ အတိုင်းနေခဲ့ကြတာ။နောက်ပိုင်းမှ လူနေထူထပ်ပြီး လူတွေကရောက်လာကြတာ။မိကျောင်းဆိုတာ မိတ်လိုက်ချိန်ရှိတယ်။
ဥဥချိန်ရှိတယ် ။ သားပေါက်ချိန်ရှိတယ်။

သက်ဆိုင်ရာ ဝန်းကျင်သားငှက်ဌာနကလည်း ပညာပေး ဟောပြောပွဲတွေ မိတ်လိုက်ရာသီ March / April / May စကတည်းက ရွာတွေထိဆင်းပြီး ဟောပြောပွဲလုပ်တယ်။

ပုံမှန်ဆို ဧက ၃၃၇၇၉ ရှိတဲ့ ဒီကျွန်းကြီးထဲမှာ သဘာဝကပေးထားတဲ့ Ecosystem ကောင်းမွန်မှု့ကြောင့် ကျွန်းထဲမှာ ကျက်စားနေထိုင်ကြတဲ့ မိကျောင်းအထီးတွေရော အမတွေရော က ကျွန်းထဲကနေ အပြင်မထွက်ဘူး။

အဲ သူတို့မိတ်လိုက်ရာသီဆို အမ တွေကလည်း နန့်ပြီး ကြုံရာချောင်းတွေ လျှောက်ထွက် နောက်က အထီးတွေက ပိုးပန်းလိုက်ကြ။

ရိုးရိုးလေးတွေးကြည့်ရင် ကျွန်းထဲနေတဲ့အချိန် ကောင်းမွန်လုံလောက်တဲ့ ဒီရေတောတွေရှိတော့ အစာမရှားဘူးပေါ့။

ခုလို မိတ်လိုက်ချိန် ကျွန်းပြင်ထွက်တော့ သူတို့က တွေ့တဲ့ရွာ နွား ဝက် ဘဲ ကျွဲစတာတွေကို လစ်ရင် လစ်သလို တက်ဆွဲကြတယ်။

အစာရှားတာရယ် ကိုယ်လိုက်နေတဲ့ပိုးပန်းနေတဲ့ မိကျောင်းမ သဘောကျဖို့ရယ်အစွမ်းပြကြတယ်ပေါ့။မိချောင်းကိုက်ခံရတဲ့ လူအများစုကို လေ့လာကြည့်တဲ့အခါ ဒီအချက်တွေကို သွားတွေ့တယ်။

၁။ အလုပ်တခုကို အချိန်တခု သတ်သတ်မှတ်မှတ်ထားပြီး ရေစပ်မှာ လုပ်တဲ့သူတွေ

၂။ ဘဲစာ အချိန်မှန်ကျွေးမယ် ဥပမာ ညနေ၅နာရီဆို ဘဲစာကျွေးနေကြလူ မြစ်ကမ်းနားမှာနေတဲ့သူ

၃။ မိကျောင်းတွေနေတဲ့ အရပ်မှာ ရိုးရာယုံကြည်မှု့ကို အားကိုးပြီး ရေထဲဆင်းလမ်းလျှောက်ပြီး

ကမ်းနားတလျှောက် ပိုက်ထောင်တဲ့ “ဘဝင်း” ငါးဖမ်းနည်းနဲ့ ငါးဖမ်းတဲ့သူ

၄။ မိန်းမလှကျွန်းထဲ ခိုးဝင်ပြီး ချောင်းငယ် မြောင်းငယ်များအကြား ဂဏန်းထောင်သူ သစ်ခိုးခုတ်သူ

၅။ လှေပေါ်ကနေ ရေထဲ ခြေထောက်ချပြီး ရေကို ခြေထောက်နဲ့ ယက်ပြီး ခြေဆေးတဲ့သူ။

အဲ့ ၅မျိုးက လွဲရင် ကျန်တဲ့ သူ လှေပေါ် ထိုင်နေတဲ့သူကို မိချောင်းတက်ဆွဲဖူးလား ခင်ဗျားတို့ဖြေပါ။

Crocodylus Porosus လို့ ခေါ်တဲ့ ငမိုးရိပ်မိကျောင်းမျိုးဟာ ကမ္ဘာမှာ ဒေါသအကြီးဆုံး ၊အန္တရာယ်အပြုဆုံး ၊ အရက်စက်ဆုံးပါ။

မိကျောင်းသားရေ ဈေးကွက်မှာလည်း ဈေးအကြီးဆုံး သားရေ အရည်အသွေး
ပိုင်ဆိုင်ထားတဲ့ မိကျောင်းမျိုးပါ။

ကျွန်တော် ဒီကျွန်းထဲကို နိုင်ငံခြားသား
ဧည့်သည် ထောင်ချီနဲ့ အခေါက်ပေါင်း
မရေတွက်နိုင်အောင် ရောက်ခဲ့ လည်ခဲ့ ကျင်လည်ခဲ့ပါတယ်။

အန္တရာယ်များသလို စိတ်လှုပ်ရှားစရာ အလွန်ကောင်းသလို နေတတ်ရင် ဘေးကင်းပါတယ်။

အဓိကက ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ သားရဲတိရိစ္ဆာန်တွေရဲ့ စရိုက် အမူအကျင့်ကို နားလည်လေ့လာထားဖို့ပါ။

ကျွန်တော့်မျက်စိရှေ့တင် ကိုက်ခံခဲ့ ရတာကိုလည်း တွေ့ဖူးတာ ခနခနပါ။တခါတလေ အကိုက်ခံရပြီး အပြင်ကိုသတင်းမရောက်လို့ မသိလိုက်ရတာတွေ ဒုနဲ့ဒေးပါ။

တိရိစ္ဆာန်သည် တိရိစ္ဆာန်လောက်ပဲအသိတရားရှိမှာပါ။လူဆိုတာ သတ္တဝါတွေထဲမှာ အသိဉာဏ်အမြင့်မားဆုံးပါ။မိချောင်းတိုက်ခိုက်ခံရတဲ့ လူတော်တော်များများကြည့်ရင် အပေါ်၅ချက်ကြောင့်ပါ။

တခါတလေ မိကျောင်းက ချောင်းထဲမှာ အကောင်လိုက်ကြီးဖော်ကူးနေတာကိုံကမ်းစပ်ရေထဲမှာ ပိုက်ချနေကြတာ
မမြင်ချင်မှ အဆုံးပါ။

အန္တရာယ်မရှိဘူးလို့ ရူးရူးမိုက်မိုက်
ယုံကြည်တတ်တဲ့ လူက သက်သက်
တစုရှိနေတာ အသေချာပါပဲ။

သတိတချက်လစ်ရင် မှားတဲ့ကောင်
ခံကြေးပါ။ကျွန်တော့် Tour သွားတဲ့
အချိန္ တခါတလေ သူတို့ကို အနား
ထိကပ်ပြီး ၆ပေလောက်ပဲဝေးတဲ့
နေရာကနေ စိမ်ပြေနပြေကြည့်ပါတယ်။

မှန်ပါတယ် ။ အန္တရာယ်များပါတယ်။ အသားလွတ်တော့ ဒုက္ခမပေးပါ။

ကိုယ်ကြည့်တဲ့နေရာရယ် သူတို့ရှိနေတဲ့ နေရာရယ် သူတို့ပြန်ဆင်းရမယ့် လမ်းကြောင်းရယ် သိရင် အဆင်
ပြေပါတယ်။

သူ့ပြေးပေါက်ပိတ်ရပ်ရင်တော့ ကံပေါ့ 😂မိချောင်းဟာ သူ့အစာတခုကို ချောင်းမြောင်းဖို့ ၃ရက် ၄ရက် သေချာစောင့်ကြည့်လေ့
လာပြီး ပိုင်ပြီဆိုမှ တိုက်ခိုက်ပါတယ်။

တချို့ Tour Company တွေ ကြုံရာ Guide နဲ့ ဒီခရီးစဉ်ကို လွှတ်ကြပါတယ်။ တော်တော်အံ့ဩရပါတယ်။ တောအုပ်တောခေါင်း တယောက်အမြဲပါတယ် ဆိုပေမယ့် အရေးကြုံ
ရင် လူတိုင်း ကိုယ့်အသက်အတွက်ပဲ ကြည့်ကြမှာပါ။ ငြင်းလို့မရပါဘူး။

လိုက်လာတဲ့ Guide ဟာ နယ်မြေကျွမ်းရပါတယ်။ ရေချိန်ကြည့်တတ် တွက်တက်ရပါတယ်။ နယ်မြေမကျွမ်းလို့ လမ်းမှားရင် ၆နာရီပြန်စောင့်ပေတော့ပဲ။

တချို့ချောင်းတွေက ရေကျချိန်ဆို ရေလုံးဝမရှိတော့ပဲလှေကြီးဒီတိုင်တင်နေရင်အန္တရာယ် ဆိုတာ ဂျိုမပါပါဘူး။ ကိုယ်ခေါ်တဲ့ စက်လှေသမားကအထာမနပ်ရင် သွားမောကြီးဖြစ်မယ့် ခရီးဖြစ်မယ့်အပြင် အန္တရာယ်
ထဲ ဆင်းလိုက်သလိုပါပဲ။

တချို့ Tour တွေဆို ၄ရက်လောက်နေပြီး ဘာမိကျောင်းမှ မတွေ့ကြပါဘူး။ ရှင်းပါတယ်။ နယ်မြေမကျွမ်းရင် ဆုံးဖြတ်ချက်မှားရင် အောင်မြင်တဲ့ ခရီးစဥ္တခု မဖြစ်နိုင်ပါဘူး။

ဒီတော့ သိထားရမှာက မိကျောင်းဟာ ငါး ပုဇွန် တွေထက် နို့တိုက်သတ္တဝါတွေကို စားရတာ ပိုနှစ်သက်ပါတယ်။

Mammal တခါစားပြီးရင် တနှစ်လောက် အစာမစားပဲ အေးဆေး နေနိုင်လို့ပါ။နို့တိုက်သတ္တဝါသည် အန္တရာယ်ဖြစ်ဖို့ ပိုနီးစပ်ပါတယ်။

ခု မိန်းမလှကျွန်းပတ်ဝန်းကျင်မှာ ရွာပေါင်း ၅၀ကျော် ရှိနေပြီး တနှစ်ကို ၃ ယောက်၄ ယောက် မိကျောင်း အကိုက်ခံရလို့သေပါတယ်။

မိကျောင်းဟာ သူ့လက်၂ဖက် ထောက်လို့ရတဲ့ အနေထားမျိုးမှာ အန္တရာယ်တော်တော်ကြီးပါတယ်။

ရေထဲမှာသွားနေချိန်ထက် ကမ်းစပ်တဝက် ရေတဝက်ရှိနေချိန်ဟာ Ready to fight ပါ။
ပြေးရင် လေးဘက်ထောက်ပြီး ပြေးနိုင်ပြီး ခွေးတောင်မလွတ်ပါဘူး။

သူ့ရဲ့ ကိုက်ခဲခံရအပြီး ဆွဲရမ်းလှုပ်ခါနိုင်တဲ့ ပြင်းအားဟာ နွားတကောင်ကိုတောင်တစစီ ဖြစ်သွားစေနိုင်ပါတယ်။

လူကတော့ ထည့်မပြောတော့ပါ။အဲ့တော့ သွားသတိ လာသတိ စားသတိနေရမှာပါ။
ရေဘယ်လောက်တိမ်တိမ် မပေါ့ဆသင့်ပါ ။ မမြင်ရလို့လည်း မရှိဘူးလို့မပြောနိုင်ပါ။

ငမိုးရိပ်မိကျောင်းမျိုးဟာ ပေ၂၀ကျော်ခန့်ထိ ကြီးမားကြလို့ အန္တရာယ်အလွန်ကြီးပါတ-ယ်။

မျက်စိရှေ့မှာတင် ဘာမှ မလုပ်နိုင်ပဲ ကြည့်နေခဲ့ရတဲ့ အခိုက်တန့်တွေ အများကြီးပါ။

အဲ့တော့ မိန်းမလှကျွန်းနဲ့နီးတဲ့ဒေသမှာ နေထိုင်ကြသောမိတ်ဆွေများ ရေနဲ့နီးစပ်တဲ့
အလုပ် လုပ်ကိုင်နေကြသူများ “အသိ” နဲ့ “သတိ” ကို ယှဉ်တွဲထားပါ။

အသက်ကို ဉာဏ်စောင့်ပါတယ်။ဖြစ်လာမှ ဘာမှမလုပ်တတ်ပါ။ ဘယ်သူမှ မကယ်နိုင်ပါ။

ဒီတိုင်းသွားနေရင် လှေကိုအမြီးနဲ့ရိုက်ချပြီး အန္တရာယ်ပြုတာတို့ အောက်ကနေပင့်ပြီး လှေမှောက်အောင်လုပ်တာတို့ တခါမှ မကြားခဲ့ မကြုံခဲ့ဖူးပါ။

လူကို တက်နိုင်သမျှ ရှောင်ပါတယ်။မိန်းမလှကျွန်းအနီးနေထိုင်ကြသော ကျွန်တော့်မိတ် ဆွေအပေါင်းအသင်းမျာအန္တရာယ်ကင်းရှင်းပြီး အသက်ကိုစောင့်ရှောက်အပ်သည့် ဉာဏ်အသိတရားများရှိကြပါစေ။

လေးစားစွာဖြင့်
စိုးမိုးအောင်
(ဧည့်လမ်းညွှန်)

Leave a Reply

Your email address will not be published.