Local News

ဂုဏ်သိက္ခာမဲ့လုပ်ရပ်များကြောင့် ကိုဗစ်တတိယလှိုင်းမှာ ဆုံးရှုံးမှုများဖြစ်ပွားခဲ့တယ်လို့ မင်းအောင်လှိုင်က ပြော

ဂုဏ်သိက္ခာမဲ့လုပ်ရပ်များကြောင့် ကိုဗစ်တတိယလှိုင်းမှာ ဆုံးရှုံးမှုများဖြစ်ပွားခဲ့တယ်လို့ မင်းအောင်လှိုင်က ပြော

ဂုဏ်သိက္ခာမဲ့လုပ်ရပ်များကြောင့် ကိုဗစ်-၁၉ကူးစက်ရောဂါ တတိယလှိုင်းမှာ လူနာများမနိုင်မနင်းဖြစ်ကာ အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးခဲ့ရမှုများဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၀ရက်နေ့က ရန်ကုန်ရှိ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့သည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါကာလများမှာ ကျန်းမာရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီး အဓိကဆုံးရှုံးနစ်နာခဲ့ရသူများမှာ သာမန်ပြည်သူလူထုများသာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံမှုကို ယခုလကုန်မှာ နိုင်ငံ့လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းကျော်အထိ ထိုးနှံပေးနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Zawgyi

ဂုဏ္သိကၡာမဲ့လုပ္ရပ္မ်ားေၾကာင့္ ကိုဗစ္တတိယလိႈင္းမွာ ဆုံး႐ႈံးမႈမ်ားျဖစ္ပြားခဲ့တယ္လို႔ မင္းေအာင္လိႈင္က ေျပာ

ဂုဏ္သိကၡာမဲ့လုပ္ရပ္မ်ားေၾကာင့္ ကိုဗစ္-၁၉ကူးစက္ေရာဂါ တတိယလိႈင္းမွာ လူနာမ်ားမႏိုင္မနင္းျဖစ္ကာ အသက္မဆုံး႐ႈံးသင့္သူမ်ား ဆုံး႐ႈံးခဲ့ရမႈမ်ားျဖစ္ပြားခဲ့တယ္လို႔ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က ေျပာဆိုလိုက္ပါတယ္။

ဒီဇင္ဘာလ ၂၀ရက္ေန႔က ရန္ကုန္႐ွိ တပ္မေတာ္ေဆးတကၠသိုလ္စစ္ေရးျပကြင္းမွာ ျပဳလုပ္ခဲ့သည့္ တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားမွာ စစ္ေကာင္စီဥကၠ႒က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဆိုပါကာလမ်ားမွာ က်န္းမာေရးဆိုင္ရာ ထိခိုက္နစ္နာမႈမ်ား ၾကဳံေတြ႕ခဲ့ရၿပီး အဓိကဆုံး႐ႈံးနစ္နာခဲ့ရသူမ်ားမွာ သာမန္ျပည္သူလူထုမ်ားသာျဖစ္တယ္လို႔ ဆိုပါတယ္။

ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးႏွံမႈကို ယခုလကုန္မွာ ႏိုင္ငံ့လူဦးေရရဲ႕ ၅၀ရာခိုင္ႏႈန္းေက်ာ္အထိ ထိုးႏွံေပးႏိုင္ေရး ရည္မွန္းခ်က္ထားေဆာင္႐ြက္လ်က္႐ွိတယ္လို႔ သိရပါတယ္။