ငါက ကျားနာ နော်…လာထိရင် မလွတ်တမ်း ခဲမှာလို့ ဆိုလိုက်တဲ့ ပန်ဆယ်လို

❝အတိုင်းအတာ ကျော်ပြီဆိုရင် ဘယ်ကောင်ကိုမှ ဗိုလ်မထားဘူး❞

ငါက ကျားနာ နော်…လာထိရင် မလွတ်တမ်း ခဲမှာလို့ ဆိုလိုက်တဲ့ ပန်ဆယ်လို

ကိုယ့်ကို တိုက်ခိုက်ဆဲဆို စွတ်စွဲနေတဲ့ USက တစ်ယောက်ယောက် ဒီရက်ထဲ အိမ်ကို FBI က Home Visit လာသွားရင် ငါ့လက်ချက်ဆိုတာ သိထားပေးပါ။

ငါ့လိုမိန်းမက မြန်မာပြည်က တရားစီရင်ရေးပုံစံထဲမှာတောင် ငါ့ကို တရားလွန်စော်ကားလာခဲ့ရင် ငုံ့ခံမျက်ရည်ကျနေတတ်တဲ့ မိန်းမမဟုတ်ဘူး။ တရားဥပဒေဘောင်ထဲက တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ အလုပ်ရှုပ်ခံ တရားရုံးတက်ပြီး တရားမျှတမှုကို ရအောင်ယူတတ်တဲ့ မိန်းမမျိုး။

US လို တရားဥပဒေစိုးမိုးတဲ့ နိုင်ငံမှာ Bully ဆို ဘာBully မှ မရဘူး။ Cyber Bully လည်း မရဘူး။ အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးက ဘယ်လိုပုဒ်မမျိုးလည်း လေ့လာထားလိုက်ဦး။

USမှာ အမှုအခင်းမလုပ်ကြတာ အလုပ်ရှုပ် မခံချင်ကြလို့။ ကိုယ်ကတော့ ကိုယ်သည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်ပြီဆိုရင် ဘယ်လောက်အလုပ်ရှုပ်ရှုပ် ဘယ်ကောင်ကိုမှ ဗိုလ်မထားဘူးဆိုတာပဲ။

ကိုယ့်တာကိုယ်လုံအောင် နေတယ်။ USမှာ ဘာတရားဥပဒေမှ မချိုးဖောက်ဘူး။ လမ်းကူးရင်တောင် လမ်းကူးမီးစိမ်းမှ ကူးတယ်။ ငါ့ကို လာမခြိမ်းခြောက်နဲ့။

မြန်မာပြည်မှာ ငါတန်ဖိုးထားတဲ့အရာတွေ အကုန်ထားပစ်ခဲ့ရပြီးပြီ။ မသေလို့ရှင်နေသေးတဲ့ စိတ်အခွံနဲ့သူတစ်ယောက်ကို ခြိမ်းခြောက်လို့ရမယ်ထင်ရင် ရူးနေလို့ပဲ။

ငါက ကျားနာနော်။ လာထိရင် မလွတ်တမ်း ခဲမှာ။ ကိုယ့်ဘဝကိုယ်တောင် ပစ်ချထားပြီးနောက် ဘဝချင်းလဲပစ်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူး။

အားနွဲ့သူပါရှင်ဆိုပြီး အနိုင်ကျင့်သမျှ ခံမယ့် မိန်းမအီကြာကွေး မဟုတ်ဘူး။ USကို ရောက်ခါစမို့ ဘာမှမစွမ်းလောက်ပါဘူးကွာ၊

မလုပ်နိုင်ပါဘူးကွာတော့ မထင်နဲ့။ မတရားဘူးထင်ရင် အိမ်ဖြူတော်ရှေ့ထိ ဆိုင်းဘုတ်ကိုင် သွားအော်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူး။

မြန်မာအချင်းချင်း လူပါးလာမဝနဲ့။ ရှေ့က ကြိုရောက်လို့ ဘိုစာလေး မတောက်တခေါက်တတ်တာနဲ့ ငါ့ကို ချိုးပြလိုက်မယ် လုပ်ပြရင် နောင်တကြီးကြီး ရသွားစေရမယ်။

FBI ဆိုတာ မြန်မာပြည်က ကိုလှရွှေလို လက်ဖက်ရည်ဖိုးပေးခိုင်းလို့ ရတာ မဟုတ်ဘူး။ အေး… နင်တို့ အိမ်ရှေ့ထိ ရောက်လာပြီဆိုရင်တော့

ငါဘယ်လောက် ခိုင်မာပြထားလဲ တွေးထားလိုက်။ နင်တို့ ခြေလှမ်းတိုင်းကို စောင့်ကြည့်နေလိမ့်မယ် ဆိုတာပဲ။

မြန်မာချင်း လူပါးဝနေတဲ့၊ ဇောင်းထနေတဲ့ ဘောမအောက်တန်းစား….. ကိုယ့်ဘဝကိုယ် တွေးထား။

အိပ်မက်ဆိုးတွေ မက်သွားမယ်။
🙂

Leave a Reply

Your email address will not be published.