Local News

ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကားဖြင့်တိုက်သတ်မှုသည် လူသားစားလူရိုင်းအပြုအမူဖြစ်သည်ဟု AA ခေါင်းဆောင်ပြော

ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကားဖြင့်တိုက်သတ်မှုသည် လူသားစားလူရိုင်းအပြုအမူဖြစ်သည်ဟု AA ခေါင်းဆောင်ပြော

ဒီဇင်ဘာ ၆၊ ၂၀၂၁။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်အကြမ်းဖက်တိုက်သတ်ခဲ့သည့်လုပ်ရပ်သည် လူသားစားလူရိုင်းများ၏အပြုအမူဖြစ်သည်ဟု AA စစ်ဦးစီးချုပ်က ပြောကြားလိုက်သည်။

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင့်တပ်တော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏တွီတာလူမှုကွန်ရက်တွင် အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ခြင်းဖြစ်သည်။

“စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းတဲ့ လူသားစားလူရိုင်းတွေရဲ့လုပ်ရုပ်မျိုးကို လူ့အသက်ပဓာနမထားဘဲ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လိုက်တာပဲ။ ဘယ်လိုနည်းနဲ့မှ မှန်တယ်လို့ ပြောလို့မရနိုင်ဘူး” ဟု ရေးသားထားသည်။

ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သည့် လူသတ် အကြမ်းဖက်မှုဖြစ်စဉ်တွင် သတင်းထောက် ၂ ဦးအပါအဝင် ပြည်သူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကို အံ့ဩတုန်လှုပ်မိကြောင်း အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအများအပြားက မှတ်ချက်ပြုထားသည်။

Zawgyi

ၿငိမ္းခ်မ္းစြာဆႏၵျပသူမ်ားကို ကားျဖင့္တိုက္သတ္မႈသည္ လူသားစားလူ႐ိုင္းအျပဳအမူျဖစ္သည္ဟု AA ေခါင္းေဆာင္ေျပာ

ဒီဇင္ဘာ ၆၊ ၂၀၂၁။

ရန္ကုန္တိုင္း ၾကည့္ျမင္တိုင္ၿမိဳ႕တြင္ ၿငိမ္းခ်မ္းစြာဆႏၵျပေနသူမ်ားကို ကားျဖင့္အၾကမ္းဖက္တိုက္သတ္ခဲ့သည့္လုပ္ရပ္သည္ လူသားစားလူ႐ိုင္းမ်ား၏အျပဳအမူျဖစ္သည္ဟု AA စစ္ဦးစီးခ်ဳပ္က ေျပာၾကားလိုက္သည္။

ၾကည့္ျမင္တိုင္ ပန္းပင္ႀကီးလမ္းတြင္ ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ရခိုင့္တပ္ေတာ္ (AA) ၏ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က သူ၏တြီတာလူမႈကြန္ရက္တြင္ ေအာက္ပါအတိုင္း ေရးသားေဖာ္ျပလိုက္ျခင္းျဖစ္သည္။

“စက္ဆုတ္႐ြံ႕႐ွာဖြယ္ေကာင္းတဲ့ လူသားစားလူ႐ိုင္းေတြရဲ႕လုပ္႐ုပ္မ်ိဳးကို လူ႕အသက္ပဓာနမထားဘဲ ရည္႐ြယ္ခ်က္႐ွိ႐ွိ က်ဴးလြန္လိုက္တာပဲ။ ဘယ္လိုနည္းနဲ႔မွ မွန္တယ္လို႔ ေျပာလို႔မရႏိုင္ဘူး” ဟု ေရးသားထားသည္။

ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ စစ္ေကာင္စီတပ္က က်ဴးလြန္ခဲ့သည့္ လူသတ္ အၾကမ္းဖက္မႈျဖစ္စဥ္တြင္ သတင္းေထာက္ ၂ ဦးအပါအဝင္ ျပည္သူ ၁၁ ဦး ဖမ္းဆီးခံခဲ့ရသည္။

အဆိုပါျဖစ္စဥ္ကို အံ့ဩတုန္လႈပ္မိေၾကာင္း အေမရိကန္ျပည္ေထာင္စုအပါအဝင္ ႏိုင္ငံအမ်ားအျပားက မွတ္ခ်က္ျပဳထားသည္။

Recent Comments

No comments to show.