Local News

“ငြိမ်းချမ်းရေး ခြေလှမ်းစမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြား”

“ငြိမ်းချမ်းရေး ခြေလှမ်းစမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြား”

၂၀၂၂ မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းစရမယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင်က သူရဲ့နှစ်သစ်မိန့်ခွန်းမှာ ပြောလိုက်ပေမယ့် ဒီဇင်ဘာ ၃၁ ရက် မနေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ခုလိုစစ်ပွဲတွေကြားထဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလို့ ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ အာဏာသိမ်းတဲ့ ၁ ရက်နေ့ကတည်းကစလို့ ကျွန်တော်တို့ ကြိုတွက်ထားပြီးသားပဲ။ ၂၀၂၁ ကတော့ ဘာမှကို မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူးလို့။ ကိုယ့်ယုံကြည်ချက်တော့ရှိဦးမယ်။ ဒါပေမဲ့ အခုမှာ သေရမလား၊ ငတ်ရမလားပဲ အဲဒီနှစ်ခုက အရေးကြီးနေတဲ့အချိန်ဖြစ်နေတော့”

ဒီဇင်ဘာ ၂၄ ရက်ကလည်း ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက မိုဆိုရွာအနီး ကလေးငယ်နဲ့ အမျိုး သမီးတွေ အပါအဝင် လူ ၃၅ ဦးထက်မနည်း မီးရှို့အသတ်ခံရတဲ့ဖြစ်စဉ်မျိုး နောက်ထပ်ကြုံတွေ့လာမှာကို စိုးရိမ်နေတယ်လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံက ဆိုပါတယ်။

သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်တယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုထားသလို ၂၀၂၂ ခုနှစ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းဖို့ လုပ်ဆောင်သွားမယ်လို့ ပြော ထားပါတယ်။

ဒါပေမဲ့လည်း အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်၊ ကချင်၊ ချင်း၊ ကယား၊ ရှမ်း စတဲ့ ပြည်နယ်တွေ အပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေ၊ NCA လက်မှတ်ထိုးထားတဲ့ PPST အဖွဲ့နဲ့ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။

RFA

Zawgyi

“ၿငိမ္းခ်မ္းေရး ေျခလွမ္းစမယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ေျပာၾကား”

၂၀၂၂ မွာ ၿငိမ္းခ်မ္းေရးအတြက္ ေျခလွမ္းစရမယ္လို႔ အာဏာသိမ္းစစ္ေခါင္း ေဆာင္က သူရဲ႕ႏွစ္သစ္မိန္႔ခြန္းမွာ ေျပာလိုက္ေပမယ့္ ဒီဇင္ဘာ ၃၁ ရက္ မေန႔က ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲ လက္နက္ႀကီးေတြ၊ ေလယာဥ္ေတြနဲ႔ ပစ္ခတ္ဗုံးႀကဲခဲ့တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

ခုလိုစစ္ပြဲေတြၾကားထဲ ဘာေမွ်ာ္လင့္ခ်က္မွ မ႐ွိေတာ့ဘူးလို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ၿပီးခဲ့တဲ့ အာဏာသိမ္းတဲ့ ၁ ရက္ေန႔ကတည္းကစလို႔ ကြၽန္ေတာ္တို႔ ႀကိဳတြက္ထားၿပီးသားပဲ။ ၂၀၂၁ ကေတာ့ ဘာမွကို ေမွ်ာ္လင့္ခ်က္ဆိုတာ မ႐ွိေတာ့ဘူးလို႔။ ကိုယ့္ယုံၾကည္ခ်က္ေတာ့႐ွိဦးမယ္။ ဒါေပမဲ့ အခုမွာ ေသရမလား၊ ငတ္ရမလားပဲ အဲဒီႏွစ္ခုက အေရးႀကီးေနတဲ့အခ်ိန္ျဖစ္ေနေတာ့”

ဒီဇင္ဘာ ၂၄ ရက္ကလည္း ကယားျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္ထဲက မိုဆို႐ြာအနီး ကေလးငယ္နဲ႔ အမ်ိဳး သမီးေတြ အပါအဝင္ လူ ၃၅ ဦးထက္မနည္း မီး႐ိႈ႕အသတ္ခံရတဲ့ျဖစ္စဥ္မ်ိဳး ေနာက္ထပ္ၾကဳံေတြ႕လာမွာကို စိုးရိမ္ေနတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒသခံက ဆိုပါတယ္။

သက္ဆိုင္တဲ့ အဖြဲ႕အစည္းအားလုံးကို ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးႏိုင္ဖို႔ ဖိတ္ေခၚတယ္လို႔လည္း စစ္ေခါင္းေဆာင္က ဆိုထားသလို ၂၀၂၂ ခုႏွစ္မွာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုေပၚထြန္းဖို႔ လုပ္ေဆာင္သြားမယ္လို႔ ေျပာ ထားပါတယ္။

ဒါေပမဲ့လည္း အာဏာသိမ္းၿပီးေနာက္ပိုင္းကစလို႔ ကရင္၊ ကခ်င္၊ ခ်င္း၊ ကယား၊ ႐ွမ္း စတဲ့ ျပည္နယ္ေတြ အပါအဝင္ တျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာလည္း စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ေတြ၊ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြ၊ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း စစ္ေကာင္စီဟာ ႏိုင္ငံေရးပါတီေတြ၊ NCA လက္မွတ္ထိုးထားတဲ့ PPST အဖြဲ႕နဲ႔ NCA လက္မွတ္မထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံတာေတြ ႐ွိခဲ့ပါတယ္။

RFA

About the author

admin

Add Comment

Click here to post a comment