စကစက ဘယ်လိုအဖွဲ့အစည်းဆိုတာကို ခပ်ကြမ်းကြမ်း ပြောလိုက်တဲ့ ပန်ဆယ်လို

စကစက ဘယ်လိုအဖွဲ့အစည်းဆိုတာကို ခပ်ကြမ်းကြမ်း ပြောလိုက်တဲ့ ပန်ဆယ်လို

မင်းအောင်လှိုင်စစ်တပ်ဆိုတာက ထွေထွေထူးထူးကြီးတော့ မဟုတ်ဘူး။ အဆင့်ဆင့်ကျွန်ပြုစနစ်နဲ့ ထူထောင်ထားတဲ့အဖွဲ့အစည်း။

ဗိုလ်ချုပ်မှူးကြီးက ဗိုလ်ချုပ်ကြီးတွေကို အနိုင်ကျင့်တယ်။ ဗိုလ်ချုပ်ကြီးတွေက ဗိုလ်မှူးကြီးတွေကို အနိုင်ကျင့်တယ်။ ဗိုလ်မှူးကြီးတွေက ဗိုလ်မှူးတွေကို အနိုင်ကျင့်တယ်။

ဗိုလ်မှူးတွေက ဗိုလ်တွေကို အနိုင်ကျင့်တယ်။ ဗိုလ်တွေက တပ်သားတွေကို အနိုင်ကျင့်တယ်။ တပ်သားတွေက ပြည်သူတွေကို အနိုင်ကျင့်တယ်။

ကိုယ်ကအနိုင်ကျင့်ခံရတဲ့အခါမှာ ကိုယ့်အောက်ကလူတွေကို ကိုယ့်လို အနိုင်ကျင့်မခံစေချင်တဲ့ လူသားဆန်စိတ် ကိုယ်ကျင့်တရား မရှိဘဲ ငါကလည်း ငါ့အောက်ကို ပြန်အနိုင်ကျင့်မှာပဲ။

ငါ့အပေါ်ကလူကလည်း ငါ့ကို အနိုင်ကျင့်တာ တရားတယ်လို့ တွေးတယ်။ ဒါကို အမိန့်လို့ တံဆိပ်ကပ်ပြီး အမိန့်နာခံတယ်လို့ ဂုဏ်ယူပြန်တယ်။

ကျွန်ခံရတာကနေ ကျွန်တဆင့်တက်ရင် အောက်ကလူကို ထပ်ကျွန်ဇာတ်သွင်းတယ်။ ကိုယ်တင် ကျွန်ခံရတာ မဟုတ်ဘဲ ယူထားတဲ့ မယားပါ အထက်ရာထူးကမယားရဲ့ ထမိန်လျှော်ပေးရပြန်တယ်။

သမီးရှိရင် ယတြာချေ သားရှိရင် ကင်းစောင့်။ စောက်မျိုးတွေပါ ဘောမဖြစ်။ တစ်လောကလုံးမှာ တစ်ယောက်ကျွန်ဖြစ်၊ တစ်မျိုးလုံးကျွန်ခံတဲ့ စျေးအပေါဆုံး Professional မျိုး။

Buy One စစ်ခွေး Get ဘောမတစ်မျိုးလုံးယုတ် အဆင့် အပေါစားတွေ။ သီပေါမင်းခေတ်က လှေမဆန့်လို့ ကျန်ခဲ့တဲ့ အနှစ်တစ်ထောင် သေဂျင်းဇိုးတွေ။

ဒီလောက်များတဲ့ Phar သည်အုပ်ကြီး
လပ်တီးနဲ့မှ မြင်ဖူးတာပဲဟေ့။

Leave a Reply

Your email address will not be published.