Local News

“စကစ အနေနဲ့ နိုင်ငံတကာကို ငါးမူးအကွက်နဲ့ လိမ်လို့ မရဘူး “

“စကစ အနေနဲ့ နိုင်ငံတကာကို ငါးမူးအကွက်နဲ့ လိမ်လို့ မရဘူး ”

မဲစာရင်း ထပ်နေတာ တွေကိုနိုင်ငံတကာ အဖွဲ့တွေကို ခေါ်ပြ မလို့ …… တဲ့ ။စာရင်းထပ်နေရင် ကန့်ကွက်ဖို့
အချိန်ပေးထားပြီးသား …….မဲမသမာမှုတွေ့ရင် ကန့်ကွက်လွှာတင်ခွင့်ပေးထားပြီးသား …….

ရွေးကောက်ပွဲရလာဒ်ကိုကိုယ်စားလှယ်လောင်း က ကန့်ကွက်နိုင်တဲ့အခွင့်အရေးပေးထားပြီးသား ကန့်ကွက် လိုရင် အထောက်အထားနဲ့ကန့်ကွက်ခွင့် ပေးထားပြီးသား …….

တံဆိပ်တုံး အတု ပြုမှု တစ်မှုမကတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့သူတွေဟာကြံ့ခိုင်ရေးက သာ ဖြစ်တယ် နိုင်ငံတကာ စောင့်ကြည့်သူတွေရှေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ် …….

မဲပေးသူတိုင်းဟာ လက်သန်းကိုမင်အိုးထဲနှစ်ပြီးမှ အပြင်ထွက်လို့ရတာ ဖြစ်တယ် မဲစာရင်းဆယ်ခါထပ်လည်း နှစ်ခါပြန်ပြီးမဲပေးလို့မရဘူး မင်ပေနေပါလျက်နဲ့ မဲထပ်ပေးတဲ့ ပြဿနာမျိုးဘယ်မဲရုံမှာမှ မပေါ်ပေါက်ခဲ့ဘူး …….

ဘယ်ရွာမှာဖြစ်ဖြစ်မြို့နယ်အထိမဲတွေကိုပို့ပေးရတဲ့အချိန်မှာ ကိုယ့်တိုင်ကိုယ်ကျတဥိးတယောက်ထဲပို့ပေးလို့မရဘူး လုံးခြုံရေးအပြည့်နဲ့သွားရတာမဲရုံတိုင်းမှာ ဝင်ပြိုင်ကြတဲ့ အမတ်လောင်းအားလုံးရဲ့ ကိုယ်စား လှယ်တွေ ရှေ့မှောက်မှာဖြစ်တယ်

ပြဿနာအငြင်းအခုံ ဖြစ်တဲ့ မဲရုံရယ်လို့ဘယ်မှာမှ မရှိခဲ့ဘူး သတ်မှတ်ရက်အတိုင်း ကြေညာတယ် ..ဥပဒေအတိုင်း ကန့်ကွက်ခွင့် ရှိတယ် .လွှတ်တော်ထဲရောက်နေသည့်တိုင် ကန့်ကွက်ခံရလို့ ရှုံးနိမ့်ခဲ့ရင် ပြန်ဖြုတ်ချပေးပြီးကန့်ကွက်သူကို အနိုင်ပေး၊ လွှတ်တော်ထဲ ပြန်ပို့ပေးတဲ့စည်းကမ်းတွေ ထားရှိပြီးဖြစ်တယ် …….

၂၀၀၈အရ ရွေးကော်၏ဆုံးဖြတ်ချက်သည်အတည် ဖြစ်သည် ..ကာကွယ်ရေးဦးစီးချုပ်ကို ကန့်ကွက်ခွင့်
၂၀၀၈ မှာ မပေးထားဘူး ……..

တပ်မတော်အနေနဲ့ကန့်ကွက်ခွင့်မရှိဘူးငါးမူးကွက်လောက်နဲ့လည်း ကမ္ဘာကိုလိမ်လို့မရဘူး

Credit Thet Aung