စက်ချုပ်အပ်နဲ့ သွားကြားထိုးတဲ့ ၁၂ နှစ်အရွယ်ကောင်မလေး ဗိုက်ဖွင့်ရပြီလို့ထင်ထားတာ

စက်ချုပ်အပ်နဲ့ သွားကြားထိုးတဲ့ ၁၂ နှစ်အရွယ်ကောင်မလေး ဗိုက်ဖွင့်ရပြီလို့ထင်ထားတာ

ကံကောင်းလွန်းတဲ့ ကလေးလေး

စက်ချုပ်အပ်နဲ့ သွားကြားထိုးတဲ့ ၁၂ နှစ်အရွယ်ကောင်မလေး၊ ဗိုက်ဖွင့်ရပြီလို့ထင်ထားတာ။ ကံကောင်းစွာနဲ့ပဲ ၅ ရက်အကြာ ဝမ်းသွားတဲ့အထဲ အပ်ကိုပြန်ရှာတွေ့ခဲ့တယ်။

ကလေးအမေက သူ့သမီးဗိုက်မခွဲရ၊ အန္တရာယ်မဖြစ်ရပဲ ပြန်ကောင်းသွားလို့ “ကျေးဇူးတင်လိုက်တာဆရာ” တဲ့။ ကျွန်တော့်ကို ကျေးဇူးမတင်နဲ့၊ သူ့ကုသိုလ်ကံပါပဲ၊ ကိုယ်လည်းဘာမှလုပ်လို့ရတာမဟုတ်ဘူး။

ငါးခြောက်အရိုးလေးဝါးစားရင် မကျေညက်ပဲမြိုချမိလို့ အူကိုဖောက်ပြီး GUD + ve နဲ့ ဗိုက်ခွဲရတာတွေအများကြီးပဲ။

ဒီလောက်ချွှန်တံ့အပ်နဲ့ကျတော့မှ အူကိုမဖောက်၊ မထိခိုက်ပဲ ပြန်ထွက်လာတာကတော့ သူ့ကံပဲပေါ့။

အချွှန်တွေ၊ အပ်တွေနဲ့သွားကြားထိုးတတ်တဲ့အကျင့်ရှိတဲ့ ကလေးတွေကို မိဘတွေအနေနဲ့ လွှတ်မထားပဲ သေသေချာချာစောင့်ကြည့်ဆုံးမသင့်ပါကြောင်း…

Thet Kyaw Soe

စက္ခ်ဳပ္အပ္နဲ႕ သြားၾကားထိုးတဲ့ ၁၂ ႏွစ္အ႐ြယ္ေကာင္မေလး ဗိုက္ဖြင့္ရၿပီလို႔ထင္ထားတာ

ကံေကာင္းလြန္းတဲ့ ကေလးေလး

စက္ခ်ဳပ္အပ္နဲ႕ သြားၾကားထိုးတဲ့ ၁၂ ႏွစ္အ႐ြယ္ေကာင္မေလး၊ ဗိုက္ဖြင့္ရၿပီလို႔ထင္ထားတာ။ ကံေကာင္းစြာနဲ႕ပဲ ၅ ရက္အၾကာ ဝမ္းသြားတဲ့အထဲ အပ္ကိုျပန္ရွာေတြ႕ခဲ့တယ္။

ကေလးအေမက သူ႕သမီးဗိုက္မခြဲရ၊ အႏၱရာယ္မျဖစ္ရပဲ ျပန္ေကာင္းသြားလို႔ “ေက်းဇူးတင္လိုက္တာဆရာ” တဲ့။ ကြၽန္ေတာ့္ကို ေက်းဇူးမတင္နဲ႕၊ သူ႕ကုသိုလ္ကံပါပဲ၊ ကိုယ္လည္းဘာမွလုပ္လို႔ရတာမဟုတ္ဘူး။

ငါးေျခာက္အရိုးေလးဝါးစားရင္ မေက်ညက္ပဲၿမိဳခ်မိလို႔ အူကိုေဖာက္ၿပီး GUD + ve နဲ႕ ဗိုက္ခြဲရတာေတြအမ်ားႀကီးပဲ။

ဒီေလာက္ခႊၽန္တံ့အပ္နဲ႕က်ေတာ့မွ အူကိုမေဖာက္၊ မထိခိုက္ပဲ ျပန္ထြက္လာတာကေတာ့ သူ႕ကံပဲေပါ့။

အခႊၽန္ေတြ၊ အပ္ေတြနဲ႕သြားၾကားထိုးတတ္တဲ့အက်င့္ရွိတဲ့ ကေလးေတြကို မိဘေတြအေနနဲ႕ လႊတ္မထားပဲ ေသေသခ်ာခ်ာေစာင့္ၾကည့္ဆုံးမသင့္ပါေၾကာင္း…

Thet Kyaw Soe

Leave a Reply

Your email address will not be published.