
စခန်းမှူးကို လက်သီးနဲ့ ၂ချက် ဆော်ခဲ့တဲ့ မကွေးလေတပ်က တပ်သား တပ်အချုပ်ကျပြီး…see more
မကွေးမြို့၊ အမှတ် ၂ ရဲစခန်းက စခန်းမှူးအောင်စိုးကို လက်သီးနဲ့ထိုးတဲ့ မကွေးလေတပ်သားတဦး ဇွန်လ ၁ ရက် ဒီကနေ့မှာ တပ်တွင်းအချုပ်၊
(စစ်တပ်အခေါ် ကွာတား) ချခံထားရပြီး၊ လေတပ်ကလည်း လက်သီးနဲ့ထိုးခံရတဲ့ စခန်းမှူးကို ပြန်တောင်းပန်ခဲ့ရတယ်လို့ သိရပါသည်။
အဆိုပါ တပ်သားအပါအဝင် ၃ ဦးဟာ လေတပ်အတွင်းကနေ မေလ ၃၁ ရက် မနေ့က ဆိုင်ကယ်တစီးမှာ ၃ ဦးစီးလာတာကြောင့် မကွေးလမ်းစုံ မန်းကျီးပင်နားမှာ ရဲကစစ်ဆေးခဲ့ပြီး၊
မသင်္ကာတဲ့အတွက် မကွေးမြို့ အမှတ် ၂ ရဲစခန်းကို ဖမ်းခေါ်လာချိန်မှာ စခန်းမှူးကို လက်သီးနဲ့ စထိုးခဲ့တာလို့ ဒေသခံတဦးက ပြောပါသည်။
“မနေ့က ရဲကဆိုင်ကယ်ဖမ်းတားပြီး စစ်တာ၊ ဆေးတာမှာ လေတပ်က စစ်သားကမူးနေတာ၊ မူးပြီးဂျစ်ကန်ကန်တွေပြောတာမှာ ရဲနဲ့ပြဿနာတက်ပါတယ်။
၃ ယောက်ပူးဆိုင်ကယ်စီးလာတော့ ရဲကလည်း မင်္သကာဘူး၊ လေတပ်က ၃ ယောက်ကို စခန်းထဲခေါ်သွားတာ၊
စခန်းထဲခေါ်လာလာချင်းကို စခန်းမှူးကို ပိတ်ထိုးလိုက်တယ်၊ အကုန်လုံးကဝိုင်းချုပ်ပြီး သူ့ကိုလက်ထိပ်ခတ်ကြတယ်။ သူကိုရဲကမေးတော့ လေတပ်ကလို့ပြောတာ” လို့ ပြောပါသည်။
စခန္းမႉးကို လက္သီးနဲ႕ထိုးတဲ့ မေကြးေလတပ္က တပ္သား တပ္အခ်ဳပ္က်ၿပီး…see more
မေကြးၿမိဳ႕၊ အမွတ္ ၂ ရဲစခန္းက စခန္းမႉးေအာင္စိုးကို လက္သီးနဲ႕ထိုးတဲ့ မေကြးေလတပ္သားတဦး ဇြန္လ ၁ ရက္ ဒီကေန႕မွာ တပ္တြင္းအခ်ဳပ္၊
(စစ္တပ္အေခၚ ကြာတား) ခ်ခံထားရၿပီး၊ ေလတပ္ကလည္း လက္သီးနဲ႕ထိုးခံရတဲ့ စခန္းမႉးကို ျပန္ေတာင္းပန္ခဲ့ရတယ္လို႔ သိရပါသည္။
အဆိုပါ တပ္သားအပါအဝင္ ၃ ဦးဟာ ေလတပ္အတြင္းကေန ေမလ ၃၁ ရက္ မေန႕က ဆိုင္ကယ္တစီးမွာ ၃ ဦးစီးလာတာေၾကာင့္ မေကြးလမ္းစုံ မန္းက်ီးပင္နားမွာ ရဲကစစ္ေဆးခဲ့ၿပီး၊
မသကၤာတဲ့အတြက္ မေကြးၿမိဳ႕ အမွတ္ ၂ ရဲစခန္းကို ဖမ္းေခၚလာခ်ိန္မွာ စခန္းမႉးကို လက္သီးနဲ႕ စထိုးခဲ့တာလို႔ ေဒသခံတဦးက ေျပာပါသည္။
မေန႕က ရဲကဆိုင္ကယ္ဖမ္းတားၿပီး စစ္တာ၊ ေဆးတာမွာ ေလတပ္က စစ္သားကမူးေနတာ၊ မူးၿပီးဂ်စ္ကန္ကန္ေတြေျပာတာမွာ ရဲနဲ႕ျပႆနာတက္ပါတယ္။
၃ ေယာက္ပူးဆိုင္ကယ္စီးလာေတာ့ ရဲကလည္း မသၤကာဘူး၊ ေလတပ္က ၃ ေယာက္ကို စခန္းထဲေခၚသြားတာ၊
စခန္းထဲေခၚလာလာခ်င္းကို စခန္းမႉးကို ပိတ္ထိုးလိုက္တယ္၊ အကုန္လုံးကဝိုင္းခ်ဳပ္ၿပီး သူ႕ကိုလက္ထိပ္ခတ္ၾကတယ္။ သူကိုရဲကေမးေတာ့ ေလတပ္ကလို႔ေျပာတာ လို႔ ေျပာပါသည္။