Local News

စစ်ကိုင်းတိုင်းရှိ PDFများကို တိုက်ခိုက်ရန် ပျူ​စောထီး ၃,၀၀၀​ကျော်ဖွဲ့စည်းထားဟု စစ်​ကောင်စီက ဝါဒဖြန့်စာများ လိုက်လံကပ်​နေ

စစ်ကိုင်းတိုင်းရှိ PDFများကို တိုက်ခိုက်ရန် ပျူ​စောထီး ၃,၀၀၀​ကျော်ဖွဲ့စည်းထားဟု စစ်​ကောင်စီက ဝါဒဖြန့်စာများ လိုက်လံကပ်​နေ

-ပျူ​စောထီးများက အကြမ်းဖက်စစ်သားများမပါလျင် အပြင်မထွက်ရဲဟု ဒီပဲယင်း PDFပြော

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်​ရေးတပ်(PDF) များကို တန်ပြန်တိုက်ခိုက်ရန် အတွက် ပျူစောထီး၃,၀၀၀ ကျော် ဖွဲ့စည်းထားဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ဝါဒဖြန့် စာစောင်များ ယနေ့(ဒီဇင်ဘာ ၁၅ရက်)တွင် ဖြန့်ဝေနေသည်။

ယနေ့ မွန်းလွဲ ၁နာရီခွဲဝန်းကျင်က ဘုတလင်၊ ဒီပဲယင်း၊ရေဦး နှင့် တန့်ဆည် မြို့နယ်များပေါ်မှ အကြမ်းဖက်စစ်ကောင်စီသုံး ရဟတ်ယာဥ်တစ်စီးဖြင့် အကြမ်းဖက်ဝါဒဖြန့် စာရွက်များကို ကြဲချဖြန့်ဝေခဲ့ခြင်းလည်း ဖြစ်သည်။

“အလွန်အကျွံ ရယ်စရာကြီးဖြစ်အောင် သိပ်လုပ်တာ။ပျူစောထီး ဆိုတဲ့ကောင်တွေရှိရင် ရာဂဏန်းထက် ထက်မပိုဘူး။နောက်ပြီး အဲဒီကောင်တွေကလည်း အကြမ်းဖက်​ကောင်တွေရှိမှ အပြင်ထွက်ရဲတာ။

လူထုကို ကြောက်ပါစေတော့လို့သာ ဖြဲခြောက်နေတာ ဘယ်သူမှ အယုံအကြည်ရှိမှာမဟုတ်ဘူး”ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် အကြမ်းဖက်မှုများပြုလုပ်သည့် ကျေးရွာများကို နေရာရွှေ့ပြောင်းကာ စုစည်းရွာအဖြစ် တည်ဆောက်သွားမည်ဟုလည်း ဝါဒဖြန့်စာတွင် ခြိမ်းခြောက်ထား သည်။

“လူကို ကိုက်ပြီး ရန်ရှာနေတာ။အခုလည်း သူတို့လက်ထဲက ပြေးနေရတာပဲ။ဘာမှ မထူးဘူး။အိမ်လည်း ဆုံးရှုံးသွားပြီ။ ဒီထက်ပိုဆုံးရှုံးစရာဆိုလို့ အသက်ပဲရှိတော့တယ်”ဟု ဒီဇင်ဘာ ၁၃ ရက်က ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် ကဲဘာရွာနေသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့​သော စာ​စောင်များကို အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း လေယာဥ်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာတွင် တစ်ကြိမ် ဖြန့်ဝေခဲ့ဖူးသည်။

လက်ရှိတွင် ဒီပဲယင်း၊ရေဦးနှင့် တန့်ဆည်မြို့နယ်များ၌ စစ်ရေးတင်းမာလျက်ရှိကာ စစ်ဘေးရှောင်ပြည်သူ သောင်းဂဏန်းကျော် ရှိနေသည်။

People’sSpring

Zawgyi

စစ္ကိုင္းတိုင္း႐ွိ PDFမ်ားကို တိုက္ခိုက္ရန္ ပ်ဴ​ေစာထီး ၃,၀၀၀​ေက်ာ္ဖြဲ႕စည္းထားဟု စစ္​ေကာင္စီက ဝါဒျဖန္႔စာမ်ား လိုက္လံကပ္​ေန

-ပ်ဴ​ေစာထီးမ်ားက အၾကမ္းဖက္စစ္သားမ်ားမပါလ်င္ အျပင္မထြက္ရဲဟု ဒီပဲယင္း PDFေျပာ

စစ္ကိုင္းတိုင္းအတြင္း ျပည္သူ႕ကာကြယ္​ေရးတပ္(PDF) မ်ားကို တန္ျပန္တိုက္ခိုက္ရန္ အတြက္ ပ်ဴေစာထီး၃,၀၀၀ ေက်ာ္ ဖြဲ႕စည္းထားျဖစ္ေၾကာင္း အၾကမ္းဖက္စစ္ေကာင္စီက ဝါဒျဖန္႔ စာေစာင္မ်ား ယေန႔(ဒီဇင္ဘာ ၁၅ရက္)တြင္ ျဖန္႔ေဝေနသည္။

ယေန႔ မြန္းလြဲ ၁နာရီခြဲဝန္းက်င္က ဘုတလင္၊ ဒီပဲယင္း၊ေရဦး ႏွင့္ တန္႔ဆည္ ၿမိဳ႕နယ္မ်ားေပၚမွ အၾကမ္းဖက္စစ္ေကာင္စီသုံး ရဟတ္ယာဥ္တစ္စီးျဖင့္ အၾကမ္းဖက္ဝါဒျဖန္႔ စာ႐ြက္မ်ားကို ႀကဲခ်ျဖန္႔ေဝခဲ့ျခင္းလည္း ျဖစ္သည္။

“အလြန္အကြၽံ ရယ္စရာႀကီးျဖစ္ေအာင္ သိပ္လုပ္တာ။ပ်ဴေစာထီး ဆိုတဲ့ေကာင္ေတြ႐ွိရင္ ရာဂဏန္းထက္ ထက္မပိုဘူး။ေနာက္ၿပီး အဲဒီေကာင္ေတြကလည္း အၾကမ္းဖက္​ေကာင္ေတြ႐ွိမွ အျပင္ထြက္ရဲတာ။

လူထုကို ေၾကာက္ပါေစေတာ့လို႔သာ ၿဖဲေျခာက္ေနတာ ဘယ္သူမွ အယုံအၾကည္႐ွိမွာမဟုတ္ဘူး”ဟု ဒီပဲယင္းၿမိဳ႕နယ္ ျပည္သူ႕အုပ္ခ်ဳပ္ေရးအဖြဲ႕တာဝန္႐ွိသူတစ္ဦးက ေျပာသည္။

ထို႔အျပင္ အၾကမ္းဖက္မႈမ်ားျပဳလုပ္သည့္ ေက်း႐ြာမ်ားကို ေနရာေ႐ႊ႕ေျပာင္းကာ စုစည္း႐ြာအျဖစ္ တည္ေဆာက္သြားမည္ဟုလည္း ဝါဒျဖန္႔စာတြင္ ၿခိမ္းေျခာက္ထား သည္။

“လူကို ကိုက္ၿပီး ရန္႐ွာေနတာ။အခုလည္း သူတို႔လက္ထဲက ေျပးေနရတာပဲ။ဘာမွ မထူးဘူး။အိမ္လည္း ဆုံး႐ႈံးသြားၿပီ။ ဒီထက္ပိုဆုံး႐ႈံးစရာဆိုလို႔ အသက္ပဲ႐ွိေတာ့တယ္”ဟု ဒီဇင္ဘာ ၁၃ ရက္က ႐ြာလုံးကြၽတ္နီးပါးမီး႐ိႈ႕ခံရသည့္ ကဲဘာ႐ြာေနသူတစ္ဦးက ေျပာသည္။

ထိုကဲ့သို႔​ေသာ စာ​ေစာင္မ်ားကို အၾကမ္းဖက္စစ္ေကာင္စီက စစ္ကိုင္းတိုင္းအတြင္း ေလယာဥ္ျဖင့္ ၿပီးခဲ့သည့္ ႏိုဝင္ဘာတြင္ တစ္ႀကိမ္ ျဖန္႔ေဝခဲ့ဖူးသည္။

လက္႐ွိတြင္ ဒီပဲယင္း၊ေရဦးႏွင့္ တန္႔ဆည္ၿမိဳ႕နယ္မ်ား၌ စစ္ေရးတင္းမာလ်က္႐ွိကာ စစ္ေဘးေ႐ွာင္ျပည္သူ ေသာင္းဂဏန္းေက်ာ္ ႐ွိေနသည္။

People’sSpring

About the author

admin

Add Comment

Click here to post a comment