Local News

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့တွင် မိုဘိုင်းလ်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး …..

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့တွင် မိုဘိုင်းလ်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး …..

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ပုလဲ၊ ဘုတင်၊ ယင်းမာပင်၊ အရာတော်နှင့် ပင်လည်ဘူးမြို့နယ်တွင်များ မိုင်းဘိုင်းလ်ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ပြီး SMS ပင်ပို့မရတော့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကနီမြို့နယ်၊ပုလဲမြို့နယ်၊ဘုတလင်မြို့နယ်၊ယင်းမာပင်မြို့နယ်၊အရာတော်မြို့နယ်နှင်ပင်လည်ဘူးမြို့နယ်တို့တွင် ဖုန်းခေါ်ဆိုမှုနှင့် SMS ပေးပို့မှုများ တစ်ခုမှ သုံးမရကြောင်း ဒေသခံများက ပြောဆိုသည်။

“ပုလဲ နယ် ဖုန်းလိုင်းဖြတ်ခံရထားတယ်။ MPT လိုင်းကတော့ တချို့နေရာလေးတွေမှာ ရပေမယ့် မရတဲ့နေရာကများတယ်။ အခြား ဖုန်းလိုင်းတွေလည်း မရဘူး။ ဆက်လို့ကိုမရတာ။ SMS လည်းပို့မရဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ပင်လည်ဘူးမြို့နယ်တွင်လည်း ယနေ့ မွန်းတည့် ၁၂ နာရီအချိန် မြို့ပေါ်မှ စစ်အင်အား ၄၀ ခန့် ပင်လည်ဘူးမြောက်ပိုင်းသို့သွားစဉ် ထွက်ခွာသွားစဉ် တစ်ခုတည်းသော Mytel မိုဘိုင်းလ်ဖုန်းလိုင်းများ ဖြတ်တောက်ခံရကြောင်း ဒေသမြေပြင်ကင်းထောက် PR က သတင်းထုတ်ပြန်သည်။

“စစ်ကြောင်းအရွှေ့အပြောင်းသတင်းပေးမှာကို ကြောက်လို့..။ နောက်တစ်ခုကတော့ ဖုန်းနဲ့ အဝေးထိန်းမိုင်းတွေ ခွဲမှာစိုးလို့။

စစ်ကြောင်းတိုင်းမှာ ဖုန်းလိုင်းဖြတ်တဲ့ ဂျန်ဘာတွေလည်း မပေးနိုင်တော့ ဖုန်းလိုင်းအကုန်ဖြတ်ပစ်တာလို့ ထင်တပါတယ်။ ဒေသခံပြည်သူတွေကတော့ စီးပွားရေး၊ လူမှုရေး အရမ်းထိခိုက်တယ်” ဟု ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း မြို့နယ်အများစုတွင် မူလက မိုဘိုင်းလ်ဖုန်း အင်တာနက်များ ဖြတ်တောက်ထားရာမှ ယခုအခါ မိုင်းဘိုင်းလ်ဖုန်းလိုင်များကို ပါ ဖြတ်တောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- Getty Images

စစ္ကိုင္းတိုင္းအတြင္း ၿမိဳ႕နယ္တခ်ိဳ႕တြင္ မိုဘိုင္းလ္ဖုန္းလိုင္းမ်ား ျဖတ္ေတာက္ခံထားရၿပီး …..

ရန္ကုန္၊ ဇန္နဝါရီ ၇

စစ္ကိုင္းတိုင္းအတြင္းရွိ ကနီ၊ ပုလဲ၊ ဘုတင္၊ ယင္းမာပင္၊ အရာေတာ္ႏွင့္ ပင္လည္ဘူးၿမိဳ႕နယ္တြင္မ်ား မိုင္းဘိုင္းလ္ဖုန္းလိုင္းမ်ား ျဖတ္ေတာက္လိုက္ၿပီး SMS ပင္ပို႔မရေတာ့ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ကနီၿမိဳ႕နယ္၊ပုလဲၿမိဳ႕နယ္၊ဘုတလင္ၿမိဳ႕နယ္၊ယင္းမာပင္ၿမိဳ႕နယ္၊အရာေတာ္ၿမိဳ႕နယ္ႏွင္ပင္လည္ဘူးၿမိဳ႕နယ္တို႔တြင္ ဖုန္းေခၚဆိုမႈႏွင့္ SMS ေပးပို႔မႈမ်ား တစ္ခုမွ သုံးမရေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

“ပုလဲ နယ္ ဖုန္းလိုင္းျဖတ္ခံရထားတယ္။ MPT လိုင္းကေတာ့ တခ်ိဳ႕ေနရာေလးေတြမွာ ရေပမယ့္ မရတဲ့ေနရာကမ်ားတယ္။ အျခား ဖုန္းလိုင္းေတြလည္း မရဘူး။ ဆက္လို႔ကိုမရတာ။ SMS လည္းပို႔မရဘူး” ဟု ေဒသခံတစ္ဦးကေျပာသည္။

ပင္လည္ဘူးၿမိဳ႕နယ္တြင္လည္း ယေန႕ မြန္းတည့္ ၁၂ နာရီအခ်ိန္ ၿမိဳ႕ေပၚမွ စစ္အင္အား ၄၀ ခန႔္ ပင္လည္ဘူးေျမာက္ပိုင္းသို႔သြားစဥ္ ထြက္ခြာသြားစဥ္ တစ္ခုတည္းေသာ Mytel မိုဘိုင္းလ္ဖုန္းလိုင္းမ်ား ျဖတ္ေတာက္ခံရေၾကာင္း ေဒသေျမျပင္ကင္းေထာက္ PR က သတင္းထုတ္ျပန္သည္။

“စစ္ေၾကာင္းအေ႐ႊ႕အေျပာင္းသတင္းေပးမွာကို ေၾကာက္လို႔..။ ေနာက္တစ္ခုကေတာ့ ဖုန္းနဲ႕ အေဝးထိန္းမိုင္းေတြ ခြဲမွာစိုးလို႔။

စစ္ေၾကာင္းတိုင္းမွာ ဖုန္းလိုင္းျဖတ္တဲ့ ဂ်န္ဘာေတြလည္း မေပးနိုင္ေတာ့ ဖုန္းလိုင္းအကုန္ျဖတ္ပစ္တာလို႔ ထင္တပါတယ္။ ေဒသခံျပည္သူေတြကေတာ့ စီးပြားေရး၊ လူမႈေရး အရမ္းထိခိုက္တယ္” ဟု ေဒသခံ PDF တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

စစ္ကိုင္းတိုင္း ၿမိဳ႕နယ္အမ်ားစုတြင္ မူလက မိုဘိုင္းလ္ဖုန္း အင္တာနက္မ်ား ျဖတ္ေတာက္ထားရာမွ ယခုအခါ မိုင္းဘိုင္းလ္ဖုန္းလိုင္မ်ားကို ပါ ျဖတ္ေတာက္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- Getty Images

About the author

admin

Add Comment

Click here to post a comment