Local News

စစ်ကိုင်းတွင် NUG အစိုးရသို့ အခွန်မဆောင်လျှင် ကုမ္ပဏီလုပ်ငန်းများ ဖြတ် သန်းခွင့်မရှိဘဲ အရေးယူမည့် စနစ် ဇန်နဝါရီ ၁၅ ရက်နေ့ စတင်မည်

စစ်ကိုင်းတွင် NUG အစိုးရသို့ အခွန်မဆောင်လျှင် ကုမ္ပဏီလုပ်ငန်းများ ဖြတ် သန်းခွင့်မရှိဘဲ အရေးယူမည့် စနစ် ဇန်နဝါရီ ၁၅ ရက်နေ့ စတင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းကြီးများ လုပ်ငန်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသို့ ဝင်ငွေခွန်ဆောင်ပြီး digital slip ဖြတ်ပိုင်းများကို

စစ်ဆေးရေးဆောင်ရွက်သည့် တာ ဝန်ရှိ တပ်ဖွဲ့များသို့ ပြသရန်နှင့် မပြသနိုင်သည့် လုပ်ငန်းများကို သတ်မှတ်ကာလ ကျော်လွန်ပါက အရေးယူသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြေညာချက် ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့နောက်ဆုံးထား သတ်မှတ်ထားခြင်းဖြစ်ပြီး အဆိုပါ နေ့ရက်ကျော်လွန်သည့်တိုင် ဝင်ငွေခွန်ဆောင်ထားသည့် Digital Slip ဖြတ်ပိုင်းကို မပြသနိုင်ပါက အရေးယူသွားမည်ဟု သတိပေးထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း လမ်းမကြီးအချို့တွင် မသမာသူများက PDF အယောင်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်၍ ပြည်သူများကို အနှောက်အယှက်ပေးခြင်း၊ ငွေတောင်းခံခြင်းများ ရှိနေပြီး အဆိုပါ အပြုအမူများကို စုံစမ်းကာ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်ဗိုလ်ချုပ်ကြီးများ၏ စီးပွားရေးလုပ်ငန်းများ၊ အကြမ်းဖက်စစ်တပ်၏ ဦးပိုင်လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သည့် အရက်ဘီယာများကို

နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ စစ်ကိုင်းတိုင်းနယ်နိမိတ်အတွင်းတွင် ရောင်းဝယ်ဖောက်ကားခြင်း သယ်ယူဖြန့်ဖြူးခြင်းများ မပြုကြရန် တားမြစ်ထားခြင်းဖြစ်သည်။

စစ်ကိင်းတိုင်းအတွင်းရှိ လမ်းမများနှင့် မြစ်ကြောင်းများကို မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များ ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပြီး တားမြစ်ထားသည့် အရက်၊

ဘီယာများကို ဖျက်ဆီးခဲ့ခြင်း၊ ကားဆရာများကို နောက်နောင် သယ်ယူခြင်းများ မပြုကြရန် သတိပေးခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုအခါတွင် မသမာသူများက PDF အယောင်ဆောင်ကာ လမ်းမကြီးများတွင် ငွေတောင်းခံခြင်းများ၊ အများပြည်သူကို စိတ်အနှောက်အယှက်ပေးခြင်း ပြုလုပ်နေခြင်းကို စုံစမ်းအရေးယူသွားမည်ဖြစ်ကြောင်း၊

ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နယ်မြေရှုပ်ထွေးမှု မဖြစ်စေရန် ခရိုင်တာဝန်ခံများ၊ မြို့နယ်တာဝန်ခံများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်တို့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Zawgyi

စစ္ကိုင္းတြင္ NUG အစိုးရသို႔ အခြန္မေဆာင္လွ်င္ ကုမၸဏီလုပ္ငန္းမ်ား ျဖတ္ သန္းခြင့္မ႐ွိဘဲ အေရးယူမည့္ စနစ္ ဇန္နဝါရီ ၁၅ ရက္ေန႔ စတင္မည္

ရန္ကုန္၊ ဒီဇင္ဘာ ၈

စစ္ကိုင္းတိုင္းအတြင္း ျဖတ္သန္းသြားလာမည့္ ကုမၸဏီပိုင္ အႀကီးစားလုပ္ငန္းႀကီးမ်ား လုပ္ငန္းမ်ားအေနျဖင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရသို႔ ဝင္ေငြခြန္ေဆာင္ၿပီး digital slip ျဖတ္ပိုင္းမ်ားကို

စစ္ေဆးေရးေဆာင္႐ြက္သည့္ တာ ဝန္႐ွိ တပ္ဖြဲ႕မ်ားသို႔ ျပသရန္ႏွင့္ မျပသႏိုင္သည့္ လုပ္ငန္းမ်ားကို သတ္မွတ္ကာလ ေက်ာ္လြန္ပါက အေရးယူသြားမည္ ျဖစ္ေၾကာင္း ဒီဇင္ဘာ ၈ ရက္ေန႔တြင္ စစ္ကိုင္းတိုင္း ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မွ ေၾကညာခ်က္ ထုတ္ျပန္သည္။

၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁၅ ရက္ေန႔ေနာက္ဆုံးထား သတ္မွတ္ထားျခင္းျဖစ္ၿပီး အဆိုပါ ေန႔ရက္ေက်ာ္လြန္သည့္တိုင္ ဝင္ေငြခြန္ေဆာင္ထားသည့္ Digital Slip ျဖတ္ပိုင္းကို မျပသႏိုင္ပါက အေရးယူသြားမည္ဟု သတိေပးထားသည္။

ထို႔ျပင္ စစ္ကိုင္းတိုင္းအတြင္း လမ္းမႀကီးအခ်ိဳ႕တြင္ မသမာသူမ်ားက PDF အေယာင္ေဆာင္ကာ စစ္ေဆးမႈမ်ား ျပဳလုပ္၍ ျပည္သူမ်ားကို အေႏွာက္အယွက္ေပးျခင္း၊ ေငြေတာင္းခံျခင္းမ်ား ႐ွိေနၿပီး အဆိုပါ အျပဳအမူမ်ားကို စုံစမ္းကာ ထိေရာက္စြာ အေရးယူသြားမည္ဟုလည္း ေၾကညာခ်က္တြင္ ပါ႐ွိသည္။

စစ္ကိုင္းတိုင္းအတြင္း အၾကမ္းဖက္ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား၏ စီးပြားေရးလုပ္ငန္းမ်ား၊ အၾကမ္းဖက္စစ္တပ္၏ ဦးပိုင္လုပ္ငန္းမ်ားႏွင့္ ဆက္စပ္ပတ္သက္သည့္ အရက္ဘီယာမ်ားကို

ႏိုဝင္ဘာလ ၃၀ ရက္ေန႔ ေနာက္ဆုံးထား၍ စစ္ကိုင္းတိုင္းနယ္နိမိတ္အတြင္းတြင္ ေရာင္းဝယ္ေဖာက္ကားျခင္း သယ္ယူျဖန္႔ျဖဴးျခင္းမ်ား မျပဳၾကရန္ တားျမစ္ထားျခင္းျဖစ္သည္။

စစ္ကိင္းတိုင္းအတြင္း႐ွိ လမ္းမမ်ားႏွင့္ ျမစ္ေၾကာင္းမ်ားကို ၿမိဳ႕နယ္ကာကြယ္ေရးတပ္ဖြဲ႕မ်ား ၊ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားသည္ ေ႐ွာင္တခင္ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ၾကၿပီး တားျမစ္ထားသည့္ အရက္၊

ဘီယာမ်ားကို ဖ်က္ဆီးခဲ့ျခင္း၊ ကားဆရာမ်ားကို ေနာက္ေနာင္ သယ္ယူျခင္းမ်ား မျပဳၾကရန္ သတိေပးျခင္း၊ ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ပါ႐ွိသည္။

ယခုအခါတြင္ မသမာသူမ်ားက PDF အေယာင္ေဆာင္ကာ လမ္းမႀကီးမ်ားတြင္ ေငြေတာင္းခံျခင္းမ်ား၊ အမ်ားျပည္သူကို စိတ္အေႏွာက္အယွက္ေပးျခင္း ျပဳလုပ္ေနျခင္းကို စုံစမ္းအေရးယူသြားမည္ျဖစ္ေၾကာင္း၊

ေ႐ွာင္တခင္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ရာတြင္ နယ္ေျမ႐ႈပ္ေထြးမႈ မျဖစ္ေစရန္ ခ႐ိုင္တာဝန္ခံမ်ား၊ ၿမိဳ႕နယ္တာဝန္ခံမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ၾကရန္တို႔ ထုတ္ျပန္ခ်က္တြင္ ပါ႐ွိသည္။

About the author

admin

Add Comment

Click here to post a comment