Local News

စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်ရာတွင် ကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးအားကိုးကြောင်း NUG ဝန်ကြီးချုပ်ပြော

စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်ရာတွင် ကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးအားကိုးကြောင်း NUG ဝန်ကြီးချုပ်ပြော

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများအနေဖြင့် နိုင်ငံနှင့်အဝန်းကြုံတွေ့နေရသည့် အကြမ်း ဖက်စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်လျက်ရှိရာ

ဖြောင့်မတ်တည်ကြည်သတ္တိကြီးသော ကရင်တိုင်းရင်း သားများ၏စွမ်းရည်ကို အထူးအလေးထား အားကိုးကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သို့ NUG ခေါင်းဆောင် ကရင်တိုင်းရင်းသား တစ်ဦးလည်းဖြစ်သူ မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်၏ ဆိုးကျိုးဒဏ်ရာ ဒဏ်ချက်များကို ပြင်းထန်စွာ ခံစားခဲ့ရသော ကရင်တိုင်းရင်းသားများသည် တန်းတူညီမျှ အခွင့် အရေးရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို

မဖြစ်မနေ ဖော်ဆောင်ပြီး ငြိမ်းချမ်းသာယာ ၀ပြောသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဦးတည်လျှေက်လှမ်းကြမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြော သည်။

တောင်ပေါ် မြေပြန့် ကျေးလက်မြို့ပြမကျန် လူမမယ် ကလေးသူငယ်များ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများ၊ အနုပညာရှင်များ အာဏာရှင်အောက် ဒူးမထောက်ဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ

အလုပ်သမား၊ လယ်သမားများ၊ နယ်ပယ်အသီးသီးမှ အာဏာရှင်ကို နည်းမျိုးစုံဖြင့် ခုခံတော်လှန်နေကြသည့် တော်လှန်ရေး ရဲဘော်များအးလုံး စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့်အချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့သော အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံး၏ တစ်ဦးချင်း အရည်အသွေး စိတ်ဓာတ်တို့သည် အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည်

အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် အထက်မြက်ဆုံးသော လက်နက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

(KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဖားအံမြို့နယ် မော်ပယ်ခို့ရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၂၇၆၁)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမြင်ကွင်း၊ ဓာတ်ပုံ – KIC)

People’sSpring

Zawgyi

စစ္ေကာင္စီကို တြန္းလွန္တိုက္ပြဲဝင္ရာတြင္ ကရင္တိုင္းရင္းသားမ်ား၏ စြမ္းရည္ကို အထူးအားကိုးေၾကာင္း NUG ဝန္ႀကီးခ်ဳပ္ေျပာ

ကရင္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕စည္းမ်ားအေနျဖင့္ ႏိုင္ငံႏွင့္အဝန္းၾကဳံေတြ႕ေနရသည့္ အၾကမ္း ဖက္စစ္ေကာင္စီ၏ လူမဆန္သည့္ လုပ္ရပ္မ်ားကို ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ အတူတကြ ပူးေပါင္းလက္တြဲ၍ ဆန္႔က်င္တြန္းလွန္တိုက္ပြဲဝင္လ်က္႐ွိရာ

ေျဖာင့္မတ္တည္ၾကည္သတၱိႀကီးေသာ ကရင္တိုင္းရင္း သားမ်ား၏စြမ္းရည္ကို အထူးအေလးထား အားကိုးေၾကာင္း အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG) ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာသည္။

ယေန႔ က်ေရာက္သည့္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔ သို႔ NUG ေခါင္းေဆာင္ ကရင္တိုင္းရင္းသား တစ္ဦးလည္းျဖစ္သူ မန္းဝင္းခိုင္သန္းက သဝဏ္လႊာေပးပို႔ခဲ့ျခင္းျဖစ္သည္။

ဆယ္စုႏွစ္ေပါင္းမ်ားစြာ ျပည္တြင္းစစ္၏ ဆိုးက်ိဳးဒဏ္ရာ ဒဏ္ခ်က္မ်ားကို ျပင္းထန္စြာ ခံစားခဲ့ရေသာ ကရင္တိုင္းရင္းသားမ်ားသည္ တန္းတူညီမွ် အခြင့္ အေရး႐ွိသည့္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုႀကီးကို

မျဖစ္မေန ေဖာ္ေဆာင္ၿပီး ၿငိမ္းခ်မ္းသာယာ ၀ေျပာသည္ ဖြံ႕ၿဖိဳးတိုးတက္ေသာ ႏိုင္ငံေတာ္သစ္ဆီသို႔ ဦးတည္ေလွ်က္လွမ္းၾကမည္ဟု ယုံၾကည္ေၾကာင္း ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာ သည္။

ေတာင္ေပၚ ေျမျပန္႔ ေက်းလက္ၿမိဳ႕ျပမက်န္ လူမမယ္ ကေလးသူငယ္မ်ား သက္ႀကီး႐ြယ္အိုမ်ား၊ အမ်ိဳးသမီးမ်ား၊ လူငယ္လူ႐ြယ္ ေက်ာင္းသားေက်ာင္းသူမ်ား၊ အႏုပညာ႐ွင္မ်ား အာဏာ႐ွင္ေအာက္ ဒူးမေထာက္ဘဲ CDM လႈပ္႐ွားမႈတြင္ ပါဝင္ခဲ့ၾကသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ား

အလုပ္သမား၊ လယ္သမားမ်ား၊ နယ္ပယ္အသီးသီးမွ အာဏာ႐ွင္ကို နည္းမ်ိဳးစုံျဖင့္ ခုခံေတာ္လွန္ေနၾကသည့္ ေတာ္လွန္ေရး ရဲေဘာ္မ်ားအးလုံး စိန္ေခၚမႈ အမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ေနရသည့္အခ်ိန္ျဖစ္ေၾကာင္း ၎က ဆိုသည္။

ထိုသို႔ေသာ အခ်ိန္တြင္ တိုင္းရင္းသားျပည္သူအားလုံး၏ တစ္ဦးခ်င္း အရည္အေသြး စိတ္ဓာတ္တို႔သည္ အထူးအေရးႀကီးေၾကာင္း၊ တိုင္းရင္းသား ျပည္သူ တစ္ရပ္လုံးညီၫြတ္စြာ စုေပါင္းလိုက္ေသာ အင္အားသည္

အေရးေတာ္ပုံႀကီး ေအာင္ျမင္ေရးအတြက္ အထက္ျမက္ဆုံးေသာ လက္နက္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ခ်ဳပ္က ေျပာသည္။

(KNU ထိန္းခ်ဳပ္နယ္ေျမ တပ္မဟာ(၇) ဖားအံၿမိဳ႕နယ္ ေမာ္ပယ္ခို႔႐ြာတြင္ ယေန႔က်င္းပျပဳလုပ္သည့္ (၂၇၆၁)ခု ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔ အခမ္းအနားျမင္ကြင္း၊ ဓာတ္ပုံ – KIC)

People’sSpring

Recent Comments

No comments to show.