Local News

စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများထပ်တိုးလုပ်ဆောင်ရန် နိုင်ငံတကာကို RSF တောင်းဆို

စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများထပ်တိုးလုပ်ဆောင်ရန် နိုင်ငံတကာကို RSF တောင်းဆို

-People’s Spring

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများထပ်တိုးလုပ်ဆောင်ရန် နယ်စည်းမခြားသတင်းထောက်များ(RSF) က ဒီဇင်ဘာ ၂၈ ရက်တွင် တောင်းဆိုထုတ်ပြန် သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်တွင် ကရင်ပြည်နယ်အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်များအရေးသတင်းရယူနေသည့် သတင်းသမားတစ်ဦးကို ထိုင်းနယ်စပ်အနီး မြန်မာစစ်တပ်က လက်နက်ကြီးဖြင့်တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် RSF က တောင်းဆိုထုတ်ပြန်ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်ကတည်းက စစ်တပ်က မြန်မာပြည်သူတွေအပေါ် ဘေးဒုက္ခရောက်စေခဲ့တဲ့ အကြမ်းဖက်မှုတွေကို သူ့နိုင်ငံသားတွေ သိရှိစေဖို့ စိုင်းဝင်းအောင်က သန္နိဌာန်ခိုင်မာစွာ သူ့ဘ၀နဲ့ရင်းပြီး သတင်းတွေ တင်ဆက်ခဲ့ပါတယ်”ဟု RSF အာရှ-ပစိဖိတ် ဌာနအကြီးအကဲ ဒန်နီရယ်ဘက်စတက်ဒ်က ပြောသည်။

ဖက်ဒရယ်သတင်းဂျာနယ်အယ်ဒီတာ အေစိုင်းကေ ခေါ် ကိုစိုင်းဝင်းအောင်သည် လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သော ဒုတိယမြောက် သတင်းသမားဖြစ်သည်။

အလွတ်တန်းဓာတ်ပုံသတင်းသမား ကိုစိုးနိုင်သည် စစ်ကောင်စီလက်ထဲတွင် ပထမဆုံးသေဆုံးခဲ့သည့် သတင်းသမားဖြစ်ပြီး ဒီဇင်ဘာ ၁၀ရက်တွင် မှတ်တမ်းဓာတ်ပုံရယူနေစဉ် ဖမ်းဆီးခံရကာ စစ်ကြောရေးအတွင်း ရရှိသော ဆိုးရွားဒဏ်ရာများဖြင့် ဒီဇင်ဘာ ၁၄ ရက်တွင် သေဆုံးခဲ့သည်။

RSF ၏ အစီရင်ခံစာအရ ၂၀၂၁ တွင် တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် သတင်းသမားဖမ်းဆီးထိန်းသိမ်းမှုအများဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက သတင်းသမားဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း အနည်းဆုံး သတင်းသမား ၅၇ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

၂၀၂၁ အစောပိုင်းတွင် RSFက ထုတ်ပြန်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်း၌ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၄၀ ၌ ရပ်တည်နေသည်။

(အလွတ်တန်းဓာတ်ပုံသတင်းသမား ကိုစိုးနိုင်နှင့် ဖက်ဒရယ်သတင်းဂျာနယ်အယ်ဒီတာ အေစိုင်းကေ)

Zawgyi

စစ္ေကာင္စီကို ဒဏ္ခတ္အေရးယူမႈမ်ားထပ္တိုးလုပ္ေဆာင္ရန္ ႏိုင္ငံတကာကို RSF ေတာင္းဆို

-People’s Spring

ႏိုင္ငံတကာအသိုင္းအဝန္းက ျမန္မာစစ္ေကာင္စီကို ဒဏ္ခတ္အေရးယူမႈမ်ားထပ္တိုးလုပ္ေဆာင္ရန္ နယ္စည္းမျခားသတင္းေထာက္မ်ား(RSF) က ဒီဇင္ဘာ ၂၈ ရက္တြင္ ေတာင္းဆိုထုတ္ျပန္ သည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၅ ရက္တြင္ ကရင္ျပည္နယ္အေ႐ွ႕ေတာင္ပိုင္း႐ွိ ဒုကၡသည္မ်ားအေရးသတင္းရယူေနသည့္ သတင္းသမားတစ္ဦးကို ထိုင္းနယ္စပ္အနီး ျမန္မာစစ္တပ္က လက္နက္ႀကီးျဖင့္တိုက္ခိုက္သတ္ျဖတ္ခဲ့ၿပီးေနာက္ RSF က ေတာင္းဆိုထုတ္ျပန္ျခင္းျဖစ္သည္။

“ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ စစ္အာဏာသိမ္းခ်ိန္ကတည္းက စစ္တပ္က ျမန္မာျပည္သူေတြအေပၚ ေဘးဒုကၡေရာက္ေစခဲ့တဲ့ အၾကမ္းဖက္မႈေတြကို သူ႕ႏိုင္ငံသားေတြ သိ႐ွိေစဖို႔ စိုင္းဝင္းေအာင္က သႏၷိဌာန္ခိုင္မာစြာ သူ႕ဘ၀နဲ႔ရင္းၿပီး သတင္းေတြ တင္ဆက္ခဲ့ပါတယ္”ဟု RSF အာ႐ွ-ပစိဖိတ္ ဌာနအႀကီးအကဲ ဒန္နီရယ္ဘက္စတက္ဒ္က ေျပာသည္။

ဖက္ဒရယ္သတင္းဂ်ာနယ္အယ္ဒီတာ ေအစိုင္းေက ေခၚ ကိုစိုင္းဝင္းေအာင္သည္ လြန္ခဲ့ေသာ ႏွစ္ပတ္အတြင္း စစ္ေကာင္စီ၏ အၾကမ္းဖက္မႈေၾကာင့္ ေသဆုံးခဲ့ေသာ ဒုတိယေျမာက္ သတင္းသမားျဖစ္သည္။

အလြတ္တန္းဓာတ္ပုံသတင္းသမား ကိုစိုးႏိုင္သည္ စစ္ေကာင္စီလက္ထဲတြင္ ပထမဆုံးေသဆုံးခဲ့သည့္ သတင္းသမားျဖစ္ၿပီး ဒီဇင္ဘာ ၁၀ရက္တြင္ မွတ္တမ္းဓာတ္ပုံရယူေနစဥ္ ဖမ္းဆီးခံရကာ စစ္ေၾကာေရးအတြင္း ရ႐ွိေသာ ဆိုး႐ြားဒဏ္ရာမ်ားျဖင့္ ဒီဇင္ဘာ ၁၄ ရက္တြင္ ေသဆုံးခဲ့သည္။

RSF ၏ အစီရင္ခံစာအရ ၂၀၂၁ တြင္ တ႐ုတ္ႏိုင္ငံက ကမ႓ာေပၚတြင္ သတင္းသမားဖမ္းဆီးထိန္းသိမ္းမႈအမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ျမန္မာႏိုင္ငံက သတင္းသမားဖမ္းဆီးထိန္းသိမ္းမႈ ဒုတိယအမ်ားဆုံး ႏိုင္ငံျဖစ္သည္။

လက္႐ွိအခ်ိန္အထိ ျမန္မာႏိုင္ငံ႐ွိ အက်ဥ္းေထာင္မ်ားအတြင္း အနည္းဆုံး သတင္းသမား ၅၇ဦး ဖမ္းဆီးထိန္းသိမ္းခံထားရသည္။

၂၀၂၁ အေစာပိုင္းတြင္ RSFက ထုတ္ျပန္ေသာ ကမ႓ာ့စာနယ္ဇင္းလြတ္လပ္ခြင့္ၫႊန္းကိန္း၌ ျမန္မာသည္ ႏိုင္ငံေပါင္း ၁၈၀ တြင္ အဆင့္ ၁၄၀ ၌ ရပ္တည္ေနသည္။

(အလြတ္တန္းဓာတ္ပုံသတင္းသမား ကိုစိုးႏိုင္ႏွင့္ ဖက္ဒရယ္သတင္းဂ်ာနယ္အယ္ဒီတာ ေအစိုင္းေက)

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.