Local News

စစ်ကောင်စီကို ပိုမိုဒဏ်ခတ်ဖို့ အသင့်ဖြစ်နေပြီလို့ EU ထိပ်တန်းအရာရှိပြော

စစ်ကောင်စီကို ပိုမိုဒဏ်ခတ်ဖို့ အသင့်ဖြစ်နေပြီလို့ EU ထိပ်တန်းအရာရှိပြော

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေ ထပ်ပြီးပေါ်ပေါက်လာတဲ့အတွက် ဥရောပသမဂ္ဂအနေနဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ EU ထိပ်တန်းသံတမန်တယောက်က ရိုက်တာသတင်းဌာနကို မနေ့ကပြောလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လဲ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းဝယ်ဖောက်ကားမှု ပိတ်ဆို့ဖို့ တိုက်တွန်းနေတယ်လို့ အဲဒီသံအရာရှိက ပြောတဲ့အကြောင်း ဒီနေ့သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ ဆက်တိုက်ထပ်ဖြစ်လာနေတဲ့အတွက် စစ်လက်နက်ပိတ်ပင်တဲ့လုပ်ရပ်မျိုး အပါအဝင် တခြားနည်းတွေနဲ့ပါ နိုင်ငံတကာကလဲ ဝိုင်းဝန်းကာကွယ်ဖို့ လိုအပ်လာတယ်လို့

EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာအဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဖ် ဘော်ရဲလ် (Joseph Borrell) က ပြောလိုက်တာပါ။ ဒါကြောင့် မြန်မာစစ်တပ်ကို နောက်ထပ်အရေးယူဖို့ EU ကတော့ အဆင်သင့်ဖြစ်နေပြီလို့ သူကဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်း စစ်ခေါင်းဆောင်တွေရော သူတို့နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကိုပါ အဓိကရွေးချယ်ပြီး အရေးယူပိတ်ဆို့တာတွေကို EU ဥရောပသမဂ္ဂက ဆောင်ရွက်ခဲ့ပါတယ်။ ငွေကြေးအရ အကူအညီပေးနေတာတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။

ကယားပြည်နယ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ကလေးတွေ၊ အမျိုးသမီးတွေနဲ့ Save the Children အဖွဲ့က ဝန်ထမ်းတွေအပါအဝင် အယောက် ၃၀ ကျော်မီးရှို့သတ်ဖြတ်ခံရတဲ့

စစ်ကောင်စီရဲ့ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ လုပ်ရပ်က အရေးယူဒဏ်ခတ်အပြစ်ပေးဖို့ လိုအပ်လာတယ်လို့လည်း ဂျိုးဆက်ဖ် ဘော်ရဲလ်ကပြောပါတယ်။

Zawgyi

စစ္ေကာင္စီကို ပိုမိုဒဏ္ခတ္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ EU ထိပ္တန္းအရာ႐ွိေျပာ

စစ္တပ္ရဲ႕အၾကမ္းဖက္မႈေတြ ထပ္ၿပီးေပၚေပါက္လာတဲ့အတြက္ ဥေရာပသမဂၢအေနနဲ႔ အေရးယူပိတ္ဆို႔ဒဏ္ခတ္မႈေတြ ပိုလုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ EU ထိပ္တန္းသံတမန္တေယာက္က ႐ိုက္တာသတင္းဌာနကို မေန႔ကေျပာလိုက္ပါတယ္။

ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔လဲ ျမန္မာစစ္တပ္ကို စစ္လက္နက္ပစၥည္းေရာင္းဝယ္ေဖာက္ကားမႈ ပိတ္ဆို႔ဖို႔ တိုက္တြန္းေနတယ္လို႔ အဲဒီသံအရာ႐ွိက ေျပာတဲ့အေၾကာင္း ဒီေန႔သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာအၾကမ္းဖက္မႈေတြ ဆက္တိုက္ထပ္ျဖစ္လာေနတဲ့အတြက္ စစ္လက္နက္ပိတ္ပင္တဲ့လုပ္ရပ္မ်ိဳး အပါအဝင္ တျခားနည္းေတြနဲ႔ပါ ႏိုင္ငံတကာကလဲ ဝိုင္းဝန္းကာကြယ္ဖို႔ လိုအပ္လာတယ္လို႔

EU ဥေရာပသမဂၢရဲ႕ ႏိုင္ငံျခားေရးရာအဆင့္ျမင့္ကိုယ္စားလွယ္ ဂ်ိဳးဆက္ဖ္ ေဘာ္ရဲလ္ (Joseph Borrell) က ေျပာလိုက္တာပါ။ ဒါေၾကာင့္ ျမန္မာစစ္တပ္ကို ေနာက္ထပ္အေရးယူဖို႔ EU ကေတာ့ အဆင္သင့္ျဖစ္ေနၿပီလို႔ သူကဆိုပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးကတည္း စစ္ေခါင္းေဆာင္ေတြေရာ သူတို႔နဲ႔ပတ္သက္တဲ့ ကုမၸဏီေတြကိုပါ အဓိကေ႐ြးခ်ယ္ၿပီး အေရးယူပိတ္ဆို႔တာေတြကို EU ဥေရာပသမဂၢက ေဆာင္႐ြက္ခဲ့ပါတယ္။ ေငြေၾကးအရ အကူအညီေပးေနတာေတြလည္း ရပ္ဆိုင္းခဲ့ပါတယ္။

ကယားျပည္နယ္မွာ ဒီဇင္ဘာ ၂၄ ရက္ေန႔က ကေလးေတြ၊ အမ်ိဳးသမီးေတြနဲ႔ Save the Children အဖြဲ႕က ဝန္ထမ္းေတြအပါအဝင္ အေယာက္ ၃၀ ေက်ာ္မီး႐ိႈ႕သတ္ျဖတ္ခံရတဲ့

စစ္ေကာင္စီရဲ႕ တုန္လႈပ္ေျခာက္ျခားစရာေကာင္းတဲ့ လုပ္ရပ္က အေရးယူဒဏ္ခတ္အျပစ္ေပးဖို႔ လိုအပ္လာတယ္လို႔လည္း ဂ်ိဳးဆက္ဖ္ ေဘာ္ရဲလ္ကေျပာပါတယ္။

About the author

admin

Add Comment

Click here to post a comment