Local News

စစ်ကောင်စီကျောထောက်နောက်ခံ ထုတ်ကုန်တွေကို TNLA လိုက်လံစစ်ဆေးပြီး ဖျက်ဆီ

စစ်ကောင်စီကျောထောက်နောက်ခံ ထုတ်ကုန်တွေကို TNLA လိုက်လံစစ်ဆေးပြီး ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း မှာ စစ်ကောင်စီကျောထောက် နောက်ခံဖြစ်တဲ့ ထုတ်ကုန်တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အခုရက်အတွင်း သူတို့အဖွဲ့ သွားလာလှုပ်ရှားရာ နယ်မြေအတွင်းရှိ ဈေးဆိုင်တွေမှာလိုက်လံစစ်ဆေးပြီး ဖျက်ဆီးပစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို လိုက်လံစစ်ဆေး ခဲ့တာဟာ အခုဇန်နဝါရီ လအပါအဝင် ၃ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမဆုံးအကြိမ် ဖြစ်တဲ့ ၂၀၂၁ခုနစ် ဇွန်လ ၁၅ရက်နေ့မှာ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ထုတ်ကုန်တွေကို ရောင်းဝယ်သုံးစွဲခြင်းမပြုဖို့ တားမြစ်စာ တစ်စောင်ကို ဖြန့်ဝေခဲ့တာလို့ဆိုပါတယ်။

ဒုတိယအကြိမ်အနေနဲ့ တားမြစ်ထုတ်ကုန်တွေကို ရောင်းဝယ်ခြင်းရှိ/မရှိကို လိုက်လံစစ်ဆေး စာရင်းပြုစုခဲ့ပြီး နောက်အကြိမ်မှာ အရောင်းအဝယ်မလုပ်ဖို့လက်မှတ်ထိုးခိုင်းတယ်လို့ ကွတ်ခိုင်မြို့နယ်အတွင်းက ဆိုင်ရှင်တစ်ဦးကပြောပါတယ်။


ကုန်ပစ္စည်းအချို့ ဖျက်ဆီးခံလိုက်ရတဲ့ ဈေးဆိုင်ရှင်တစ်ဦးကတော့
“ကျွန်မတို့ဆီ လွန်ခဲ့တဲ့ ၅လလောက်က စစ်ကောင်စီနဲ့ဆက်စပ်တဲ့ထုတ်ကုန်တွေကို မရောင်းဖို့ဆိုပြီး စာတစ်စောင်နဲ့ လာပြောတယ်။ကျွန်မတို့ကလည်းအဲဒီထုတ်ကုန်တွေကို ကုန်အောင်ရောင်းနေတာ ကုန်တာနဲ့ဆိုင်ထဲ ပြန်မသွင်းတော့ဘူးပေါ့။

ဒီနေ့က နည်းနည်းကျန်နေတာ သူတို့လာပြီး စစ်ဆေးတွေ့တော့ တစ်ဝက်ကျော်လောက်ကိုတော့ ဖျက်ဆီးသွားတယ်”လို့ ပြောပါတယ်။
TNLAအဖွဲ့ရဲ့ အခုလိုလုပ်ဆောင်တဲ့အပေါ် ဆိုင်ရှင်အများစုက သဘောတူတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

ကွတ်ခိုင်မြို့နယ် TNLAအရာရှိတစ်ဦးကတော့ ’’အခုလက်ရှိအချိန်ထိတော့ ကျွန်တော်တို့လှုပ်ရှားတဲ့နယ်မြေတွေမှာ စစ်ကောင်စီနဲ့ဆက်စပ်ထုတ်ကုန်တွေကိုတားဆီးနေတာပါ။လာမဲ့ လတွေမှာတော့ ကွတ်ခိုင်မြို့နယ်တစ်ခုလုံးမှာ တားဆီးနိုင်အောင်လုပ်ဆောင်သွားမယ်’’ လို့ ပြောပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကလည်း မြစ်ကြီးနားခရိုင်ကေအိုင်အိုအုပ်ချုပ်ရေးရုံးကနေ ဇန်နဝါရီ ၄ရက်ကစပြီး စစ်ကောင်စီ ကျောထောက်နောက်ခံ ဖြစ်တဲ့ မြန်မာ ဘီယာ၊ အေဘီစီနဲ့ ဒဂုံဘီယာတွေကို ရောင်းဝယ်တာသယ်ဆောင်တာတွေမပြုလုပ်ဖို့ အသိပေးကြေငြာချက်ထုတ်ပြန်ထားခဲ့ပါသေးတယ်။

ဓာတ်ပုံ- MNWM

Zawgyi

စစ္ေကာင္စီေက်ာေထာက္ေနာက္ခံ ထုတ္ကုန္ေတြကို TNLA လိုက္လံစစ္ေဆးၿပီး ဖ်က္ဆီး

႐ွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း မွာ စစ္ေကာင္စီေက်ာေထာက္ ေနာက္ခံျဖစ္တဲ့ ထုတ္ကုန္ေတြကို တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(TNLA)က အခုရက္အတြင္း သူတို႔အဖြဲ႕ သြားလာလႈပ္႐ွားရာ နယ္ေျမအတြင္း႐ွိ ေဈးဆိုင္ေတြမွာလိုက္လံစစ္ေဆးၿပီး ဖ်က္ဆီးပစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အခုလို လိုက္လံစစ္ေဆး ခဲ့တာဟာ အခုဇန္နဝါရီ လအပါအဝင္ ၃ႀကိမ္ေျမာက္႐ွိၿပီျဖစ္ၿပီး ပထမဆုံးအႀကိမ္ ျဖစ္တဲ့ ၂၀၂၁ခုနစ္ ဇြန္လ ၁၅ရက္ေန႔မွာ စစ္ေကာင္စီနဲ႔ဆက္စပ္တဲ့ထုတ္ကုန္ေတြကို ေရာင္းဝယ္သုံးစြဲျခင္းမျပဳဖို႔ တားျမစ္စာ တစ္ေစာင္ကို ျဖန္႔ေဝခဲ့တာလို႔ဆိုပါတယ္။

ဒုတိယအႀကိမ္အေနနဲ႔ တားျမစ္ထုတ္ကုန္ေတြကို ေရာင္းဝယ္ျခင္း႐ွိ/မ႐ွိကို လိုက္လံစစ္ေဆး စာရင္းျပဳစုခဲ့ၿပီး ေနာက္အႀကိမ္မွာ အေရာင္းအဝယ္မလုပ္ဖို႔လက္မွတ္ထိုးခိုင္းတယ္လို႔ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းက ဆိုင္႐ွင္တစ္ဦးကေျပာပါတယ္။

ကုန္ပစၥည္းအခ်ိဳ႕ ဖ်က္ဆီးခံလိုက္ရတဲ့ ေဈးဆိုင္႐ွင္တစ္ဦးကေတာ့
“ကြၽန္မတို႔ဆီ လြန္ခဲ့တဲ့ ၅လေလာက္က စစ္ေကာင္စီနဲ႔ဆက္စပ္တဲ့ထုတ္ကုန္ေတြကို မေရာင္းဖို႔ဆိုၿပီး စာတစ္ေစာင္နဲ႔ လာေျပာတယ္။ကြၽန္မတို႔ကလည္းအဲဒီထုတ္ကုန္ေတြကို ကုန္ေအာင္ေရာင္းေနတာ ကုန္တာနဲ႔ဆိုင္ထဲ ျပန္မသြင္းေတာ့ဘူးေပါ့။

ဒီေန႔က နည္းနည္းက်န္ေနတာ သူတို႔လာၿပီး စစ္ေဆးေတြ႕ေတာ့ တစ္ဝက္ေက်ာ္ေလာက္ကိုေတာ့ ဖ်က္ဆီးသြားတယ္”လို႔ ေျပာပါတယ္။
TNLAအဖြဲ႕ရဲ႕ အခုလိုလုပ္ေဆာင္တဲ့အေပၚ ဆိုင္႐ွင္အမ်ားစုက သေဘာတူတယ္လို႔လည္း ေဒသခံသတင္းရင္းျမစ္ေတြကေျပာပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ TNLAအရာ႐ွိတစ္ဦးကေတာ့ ’’အခုလက္႐ွိအခ်ိန္ထိေတာ့ ကြၽန္ေတာ္တို႔လႈပ္႐ွားတဲ့နယ္ေျမေတြမွာ စစ္ေကာင္စီနဲ႔ဆက္စပ္ထုတ္ကုန္ေတြကိုတားဆီးေနတာပါ။လာမဲ့ လေတြမွာေတာ့ ကြတ္ခိုင္ၿမိဳ႕နယ္တစ္ခုလုံးမွာ တားဆီးႏိုင္ေအာင္လုပ္ေဆာင္သြားမယ္’’ လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ကလည္း ျမစ္ႀကီးနားခ႐ိုင္ေကအိုင္အိုအုပ္ခ်ဳပ္ေရး႐ုံးကေန ဇန္နဝါရီ ၄ရက္ကစၿပီး စစ္ေကာင္စီ ေက်ာေထာက္ေနာက္ခံ ျဖစ္တဲ့ ျမန္မာ ဘီယာ၊ ေအဘီစီနဲ႔ ဒဂုံဘီယာေတြကို ေရာင္းဝယ္တာသယ္ေဆာင္တာေတြမျပဳလုပ္ဖို႔ အသိေပးေၾကျငာခ်က္ထုတ္ျပန္ထားခဲ့ပါေသးတယ္။

ဓာတ္ပုံ- MNWM