Local News

စစ်ကောင်စီက ပြည်သူများကို ကာဖျူးအချိန်တွင် လိုက်လံ ဖမ်းဆီးနေ၊ မန္တလေး တွင် ဖမ်းဆီးခံရသော လူငယ် ၃ ဦး အသက်ရှင်နေဆဲဖြစ်သော်လည်း စစ်တပ်က သေစာရင်းထည့်သွင်း

စစ်ကောင်စီက ပြည်သူများကို ကာဖျူးအချိန်တွင် လိုက်လံ ဖမ်းဆီးနေ၊ မန္တလေး တွင် ဖမ်းဆီးခံရသော လူငယ် ၃ ဦး အသက်ရှင်နေဆဲဖြစ်သော်လည်း စစ်တပ်က သေစာရင်းထည့်သွင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြည်သူအများအပြားကို ည ၁၀ နာရီမှ နံနက် ၄ နာရီ ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန်တွင် လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီအချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် တိုးချဲ့ ရပ်ကွက်မှ လူငယ် ၃ ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် သာကေမြို့နယ်၊ ၇ အနောက်ရပ်ကွက် ၊ ပတ္တမြား ၄ လမ်းတွင် ဧည့်စာရင်းဝင်စစ်ပြီး အထပ်မြင့်တိုက်တစ်ခုမှ လူငယ် ၂ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်၊ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၄ရပ်ကွက်တွင်လည်း လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အိုမတွေ့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ကင်းတဲ ဗုံးကွဲမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီတွင် အိုးမတွေ့ရွာအတွင်း ဧည့်စာရင်းစစ်ပြီး ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

မန္တလေးမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သော PDF ဟု စွပ်စွဲခံရသူ လူငယ် ၃ ဦးမှာ အသက်ရှင်နေဆဲဖြစ်သော်လည်း စစ်တပ်က မူ သေစာရင်းထဲ ထည့်သွင်းထားကြောင်း၊

သက်ဆိုင်ရာ မိသားစုများကို သေဆုံးပြီဟု အကြောင်းကြားမှုများရှိကြောင်း၊ လက်တွေ့တွင်မူ အသက်ရှင်နေဆဲဖြစ်သည်ဟု သိရှိရကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုများကို စစ်တပ်က ရက်ရက်စက်စက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

Photo – AFP

Zawgyi

စစ္ေကာင္စီက ျပည္သူမ်ားကို ကာဖ်ဴးအခ်ိန္တြင္ လိုက္လံ ဖမ္းဆီးေန၊ မႏၲေလး တြင္ ဖမ္းဆီးခံရေသာ လူငယ္ ၃ ဦး အသက္႐ွင္ေနဆဲျဖစ္ေသာ္လည္း စစ္တပ္က ေသစာရင္းထည့္သြင္း

ရန္ကုန္၊ ဒီဇင္ဘာ ၁၆

အၾကမ္းဖက္ စစ္ေကာင္စီက ရန္ကုန္အပါအဝင္ ႏိုင္ငံတစ္ဝန္းတြင္ ျပည္သူအမ်ားအျပားကို ည ၁၀ နာရီမွ နံနက္ ၄ နာရီ ညမထြက္ရ အမိန္႔ထုတ္ျပန္ထားခ်ိန္တြင္ လိုက္လံ ဖမ္းဆီးလ်က္႐ွိေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိ႐ွိရသည္။

ဒီဇင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၃ နာရီအခ်ိန္ ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန္႔ တိုးခ်ဲ႕ ရပ္ကြက္မွ လူငယ္ ၃ ဦးကို ႐ိုက္ႏွက္ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

အလားတူ ဒီဇင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၂ နာရီ ၁၅ မိနစ္အခ်ိန္တြင္ သာေကၿမိဳ႕နယ္၊ ၇ အေနာက္ရပ္ကြက္ ၊ ပတၱျမား ၄ လမ္းတြင္ ဧည့္စာရင္းဝင္စစ္ၿပီး အထပ္ျမင့္တိုက္တစ္ခုမွ လူငယ္ ၂ ဦးကို ဖမ္းဆီးသြားေၾကာင္း သိ႐ွိရသည္။

အလားတူ ရန္ကုန္၊ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္း ၁၀၄ရပ္ကြက္တြင္လည္း လူငယ္ ၂ ဦးကို စစ္တပ္က ဖမ္းဆီးသြားေၾကာင္း သိ႐ွိရသည္။

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္၊ အိုမေတြ႕ေက်း႐ြာတြင္ တပ္စြဲထားေသာ အၾကမ္းဖက္စစ္တပ္က ကင္းတဲ ဗုံးကြဲမႈႏွင့္ပတ္သက္ၿပီး ဒီဇင္ဘာလ ၁၅ ရက္ေန႔ ည ၁၀ နာရီတြင္ အိုးမေတြ႕႐ြာအတြင္း ဧည့္စာရင္းစစ္ၿပီး ျပည္သူ ၁၂ ဦးကို ဖမ္းဆီးသြားေၾကာင္း သိ႐ွိရသည္။

မႏၲေလးၿမိဳ႕တြင္ ဒီဇင္ဘာလ ၁၂ ရက္ေန႔ စစ္ေကာင္စီတပ္က ဖမ္းဆီးသြားခဲ့ေသာ PDF ဟု စြပ္စြဲခံရသူ လူငယ္ ၃ ဦးမွာ အသက္႐ွင္ေနဆဲျဖစ္ေသာ္လည္း စစ္တပ္က မူ ေသစာရင္းထဲ ထည့္သြင္းထားေၾကာင္း၊

သက္ဆိုင္ရာ မိသားစုမ်ားကို ေသဆုံးၿပီဟု အေၾကာင္းၾကားမႈမ်ား႐ွိေၾကာင္း၊ လက္ေတြ႕တြင္မူ အသက္႐ွင္ေနဆဲျဖစ္သည္ဟု သိ႐ွိရေၾကာင္း၊ ညႇဥ္းပန္းႏွိပ္စက္မႈမ်ားကို စစ္တပ္က ရက္ရက္စက္စက္ လုပ္ေဆာင္ေနေၾကာင္း သိ႐ွိရသည္။

Photo – AFP