စစ်ကောင်စီက ဖခင်ဖြစ်သူအား ဖမ်းမမိသဖြင့် ၁၀ နှစ်အရွယ် သားနှင့်ဇနီးကို…see more

စစ်ကောင်စီက ဖခင်ဖြစ်သူအား ဖမ်းမမိသဖြင့် ၁၀ နှစ်အရွယ် သားနှင့်ဇနီးကို…see more

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်နေ Taxi ယာဉ်မောင်း ကိုမျိုးကို စစ်ကောင်စီရဲ့တပ်ဖွဲ့ ၂၀ ကျော်က မေ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက် လာရောက်ဖမ်းပေမယ့် ဖမ်းမမိတာကြောင့် ဇနီး မဇင်မိုးဖြူနဲ့

၁၀ နှစ်သားအရွယ် သားဖြစ်သူ မောင်ထက်ဘုန်းဇာနည် တို့ကို ဖမ်းသွားတယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

မိသားစုနှင့် နီးစပ်သူတယောက်က “အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းဝတ်တွေနဲ့ရော အယောက် ၂၀ လောက်ရှိမယ်၊ ကိုမျိုးကို အိမ်ကို ဝိုင်းပြီးလာဖမ်းတာ။ ကိုမျိုးကိုကို မတွေ့တော့ ကိုမျိုးကို သားလေးကို ကားပေါ်ဆွဲတင်ပြီးဖမ်းတာ။

အဲဒီမှာ ကိုမျိုးကို မိန်းမက သူ့သားကို ဖမ်းမယ်ဆိုရင် သူပါလိုက်မယ်ဆိုပြီး လိုက်သွားတော့ သားအမိ နှစ်ယောက်စလုံးကို ဖမ်းသွားတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ၁၀ နှစ်သားအရွယ် ကလေးငယ် မောင်ထက်ဘုန်းဇာနည်မှာ အတက်ရောဂါရှိပြီး ဆေးခန်း မကြာခဏပြနေရတာကြောင့် ကလေးငယ်ရဲ့ ကျန်းမာရေးကို မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက ကိုမျိုးကိုအား ဘာကြောင့် လာရောက်ဖမ်းဆီးတာလဲဆိုတာ မသိရသေးသလို ဓားစာခံအနေနဲ့ဖမ်းထားတဲ့ သားဖြစ်သူနဲ့ ဇနီးကိုလည်း ဘယ်မှာဖမ်းဆီးထားသလဲဆိုတာကို မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

စစ္ေကာင္စီက ဖခင္ျဖစ္သူအား ဖမ္းမမိသျဖင့္ ၁၀ ႏွစ္အ႐ြယ္ သားႏွင့္ဇနီးကို…see more

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္ေန Taxi ယာဥ္ေမာင္း ကိုမ်ိဳးကို စစ္ေကာင္စီရဲ႕တပ္ဖြဲ႕ ၂၀ ေက်ာ္က ေမ ၂၄ ရက္ေန႕ ေန႕လယ္ ၂ နာရီခြဲေလာက္ လာေရာက္ဖမ္းေပမယ့္ ဖမ္းမမိတာေၾကာင့္ ဇနီး မဇင္မိုးျဖဴနဲ႕

၁၀ ႏွစ္သားအ႐ြယ္ သားျဖစ္သူ ေမာင္ထက္ဘုန္းဇာနည္ တို႔ကို ဖမ္းသြားတယ္လို႔ မိသားစုနဲ႕နီးစပ္တဲ့သူေတြက ေျပာပါတယ္။

မိသားစုႏွင့္ နီးစပ္သူတေယာက္က အရပ္ဝတ္ေတြနဲ႕ေရာ ယူနီေဖာင္းဝတ္ေတြနဲ႕ေရာ အေယာက္ ၂၀ ေလာက္ရွိမယ္၊ ကိုမ်ိဳးကို အိမ္ကို ဝိုင္းၿပီးလာဖမ္းတာ။ ကိုမ်ိဳးကိုကို မေတြ႕ေတာ့ ကိုမ်ိဳးကို သားေလးကို ကားေပၚဆြဲတင္ၿပီးဖမ္းတာ။

အဲဒီမွာ ကိုမ်ိဳးကို မိန္းမက သူ႕သားကို ဖမ္းမယ္ဆိုရင္ သူပါလိုက္မယ္ဆိုၿပီး လိုက္သြားေတာ့ သားအမိ ႏွစ္ေယာက္စလုံးကို ဖမ္းသြားတာ လို႔ ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ ၁၀ ႏွစ္သားအ႐ြယ္ ကေလးငယ္ ေမာင္ထက္ဘုန္းဇာနည္မွာ အတက္ေရာဂါရွိၿပီး ေဆးခန္း မၾကာခဏျပေနရတာေၾကာင့္ ကေလးငယ္ရဲ႕ က်န္းမာေရးကို မိသားစုဝင္ေတြက စိုးရိမ္ေနတယ္လို႔ ဆိုပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ေတြက ကိုမ်ိဳးကိုအား ဘာေၾကာင့္ လာေရာက္ဖမ္းဆီးတာလဲဆိုတာ မသိရေသးသလို ဓားစာခံအေနနဲ႕ဖမ္းထားတဲ့ သားျဖစ္သူနဲ႕ ဇနီးကိုလည္း ဘယ္မွာဖမ္းဆီးထားသလဲဆိုတာကို မသိရေသးဘူးလို႔ မိသားစုနဲ႕ နီးစပ္သူက ေျပာပါတယ္။

Leave a Reply

Your email address will not be published.