Local News

စစ်ကောင်စီက လက်ရှိအခြေအနေတွေကို အသုံးချဖို့ ကြိုးစားနေဟု ဦးမင်းကိုနိုင် ပြော(ရုပ်/သံ)

စစ်ကောင်စီက လက်ရှိအခြေအနေတွေကို အသုံးချဖို့ ကြိုးစားနေဟု ဦးမင်းကိုနိုင် ပြော

ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားနေတဲ့ CRPH/NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာဟာ လုံးဝ မဟုတ်မမှန်ပါဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်က RFA ကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ ခေါင်းဆောင်ပိုင်းက NLD ပါတီ တည်ရှိမှုကို ထည့်သွင်းပြောဆိုနေတာဟာ လိုအပ်သလို အသုံးချဖို့ ကြိုးစားနေတာဖြစ်တယ်။ တကယ်လို့ NLD ပါတီဝင်တချို့က

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း အဲဒါဟာ ကြမ်းတမ်းစွာ ဆက်ဆံခံရတဲ့ အခြေအနေတစ်ရပ်မှာ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု လွင့်စင်ပဲ့ထွက်တာမျိုးသာ ဖြစ်လိမ့်မယ်လို့ သူကပြောပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတချို့နဲ့ ပတ်သက်ပြီး ဦးမင်းကိုနိုင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

Zawgyi

စစ္ေကာင္စီက လက္႐ွိအေျခအေနေတြကို အသုံးခ်ဖို႔ ႀကိဳးစားေနဟု ဦးမင္းကိုႏိုင္ ေျပာ

ဒီမိုကေရစီျပန္လည္ရ႐ွိေရး လႈပ္႐ွားေနတဲ့ CRPH/NUG စတဲ့ အဖြဲ႕အစည္းေတြနဲ႔ စစ္ေကာင္စီအၾကား ေတြ႕ဆုံေဆြးေႏြးပြဲေတြ ျပဳလုပ္ခဲ့တယ္ဆိုတဲ့ သတင္းေတြ ေပၚထြက္ေနတာဟာ လုံးဝ မဟုတ္မမွန္ပါဘူးလို႔ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ပြင့္လင္းလူ႕အဖြဲ႕အစည္းက ဦးမင္းကိုႏိုင္က RFA ကို ေျပာပါတယ္။

ဒီရက္ပိုင္းအတြင္း စစ္ေကာင္စီ ေခါင္းေဆာင္ပိုင္းက NLD ပါတီ တည္႐ွိမႈကို ထည့္သြင္းေျပာဆိုေနတာဟာ လိုအပ္သလို အသုံးခ်ဖို႔ ႀကိဳးစားေနတာျဖစ္တယ္။ တကယ္လို႔ NLD ပါတီဝင္တခ်ိဳ႕က

စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္မယ္ဆိုရင္လည္း အဲဒါဟာ ၾကမ္းတမ္းစြာ ဆက္ဆံခံရတဲ့ အေျခအေနတစ္ရပ္မွာ ေသးငယ္တဲ့ အစိတ္အပိုင္းတစ္ခု လြင့္စင္ပဲ့ထြက္တာမ်ိဳးသာ ျဖစ္လိမ့္မယ္လို႔ သူကေျပာပါတယ္။

လတ္တေလာ ထြက္ေပၚေနတဲ့ သတင္းတခ်ိဳ႕နဲ႔ ပတ္သက္ၿပီး ဦးမင္းကိုႏိုင္ ကို RFA အဖြဲ႕သား ဦးခင္ေမာင္စိုး က ဆက္သြယ္ေမးျမန္းထားပါတယ္။

About the author

admin

Add Comment

Click here to post a comment