Local News

စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲကြီးမားလာနိုင်ကြောင်း KNDO ထုတ်ပြန်

စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲကြီးမားလာနိုင်ကြောင်း KNDO ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

အကြမ်းဖက်စစ်ကောင်စီက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်သို့ အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်မည့် အနေအထားမှာရှိနေကြောင်း

တိုက်ပွဲအခြေအနေမှာ ဒီထက်မက ပိုမိုကြီးမားလာနိုင်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO က သတင်းထုတ်ပြန်သည်။

ယခုလ ၁၅ ရက်နေ့မှ စတင်ကာ လေးကေ့ကော်ဒေသတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် အထိနာပြီး ဆုတ်ခွာသွားသော်လည်း ပြန်လည် တိုက်ခိုက်ရန် အနေအထားမှာ ရှိနေကြောင်း

KNDO ထုတ်ပြန်ချက်တွင် ရေးသားထားပြီး ပြည်တွင်း၊ ပြည်ပမှ ညီအစ်ကိုများအနေဖြင့် KNU၊ KNLA၊ KNDO တို့အား တတ်နိုင်သည့်ဘက်မှာ များများထောက်ပံ့ပေးရန် KNDO က နှိုးဆော်ထားသည်။

Zawgyi

စစ္ေကာင္စီက အင္အားအလုံးအရင္းျဖင့္ ထိုးစစ္ဆင္လာေသာေၾကာင့္ တိုက္ပြဲႀကီးမားလာႏိုင္ေၾကာင္း KNDO ထုတ္ျပန္

ရန္ကုန္၊ ဒီဇင္ဘာ ၁၈

အၾကမ္းဖက္စစ္ေကာင္စီက ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေလးေက့ေကာ္သို႔ အင္အားအလုံးအရင္းျဖင့္ ျပန္လည္တိုက္ခိုက္မည့္ အေနအထားမွာ႐ွိေနေၾကာင္း

တိုက္ပြဲအေျခအေနမွာ ဒီထက္မက ပိုမိုႀကီးမားလာႏိုင္ေၾကာင္း ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ KNDO က သတင္းထုတ္ျပန္သည္။

ယခုလ ၁၅ ရက္ေန႔မွ စတင္ကာ ေလးေက့ေကာ္ေဒသတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္မ်ားသည္ အထိနာၿပီး ဆုတ္ခြာသြားေသာ္လည္း ျပန္လည္ တိုက္ခိုက္ရန္ အေနအထားမွာ ႐ွိေနေၾကာင္း

KNDO ထုတ္ျပန္ခ်က္တြင္ ေရးသားထားၿပီး ျပည္တြင္း၊ ျပည္ပမွ ညီအစ္ကိုမ်ားအေနျဖင့္ KNU၊ KNLA၊ KNDO တို႔အား တတ္ႏိုင္သည့္ဘက္မွာ မ်ားမ်ားေထာက္ပံ့ေပးရန္ KNDO က ႏိႈးေဆာ္ထားသည္။

About the author

admin

Add Comment

Click here to post a comment