Local News

စစ်ကောင်စီက အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်နေတယ်လို့ သတင်းထုတ်ပြန်

စစ်ကောင်စီက အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်နေတယ်လို့ သတင်းထုတ်ပြန်

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်းကြေညာထားပြီး ၂၀၂၂နှစ်ကုန်ပိုင်းအထိ ထပ်ပြီး အပစ်ရပ်ရေးကို တိုးချဲ့သွားမှာ ဖြစ်တယ်လို့

မြန်မာနိုင်ငံကို နှစ်ရက်ကြာရောက်ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်နဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇန်နဝါရီလ ၇ရက်နေ့က တွေ့ချိန်မှာ ရှင်းပြခဲ့တယ်လို့ တွေ့ဆုံပွဲအပြီး နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်ကို မစ္စတာဟွန်ဆန်ကလည်း ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒီဆောင်ရွက်ချက်ဟာ အာဆီယံသဘောတူညီချက် ၅ ချက်မှာ ထည့်သွင်းဖော်ပြထားတဲ့ အချက်ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

Photo: Myanmar Military

Zawgyi

စစ္ေကာင္စီက အာဆီယံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ေနတယ္လို႔ သတင္းထုတ္ျပန္

စစ္ေကာင္စီက တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီလကုန္အထိ အပစ္အခတ္ရပ္စဲေၾကာင္းေၾကညာထားၿပီး ၂၀၂၂ႏွစ္ကုန္ပိုင္းအထိ ထပ္ၿပီး အပစ္ရပ္ေရးကို တိုးခ်ဲ႕သြားမွာ ျဖစ္တယ္လို႔

ျမန္မာႏိုင္ငံကို ႏွစ္ရက္ၾကာေရာက္႐ွိေနတဲ့ ကေမ႓ာဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္၊ ဇန္နဝါရီလ ၇ရက္ေန႔က ေတြ႕ခ်ိန္မွာ ႐ွင္းျပခဲ့တယ္လို႔ ေတြ႕ဆုံပြဲအၿပီး ႏွစ္ႏိုင္ငံပူးတြဲ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီအပစ္အခတ္ရပ္စဲေရး ေဆာင္႐ြက္ခ်က္ကို မစၥတာဟြန္ဆန္ကလည္း ေထာက္ခံႀကိဳဆိုတယ္လို႔ ဆိုပါတယ္။ ဒီေဆာင္႐ြက္ခ်က္ဟာ အာဆီယံသေဘာတူညီခ်က္ ၅ ခ်က္မွာ ထည့္သြင္းေဖာ္ျပထားတဲ့ အခ်က္ျဖစ္တယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

လက္႐ွိမွာ စစ္ေကာင္စီဟာ လက္နက္ကိုင္တိုင္းရင္းသားအဖြဲ႕ေတြနဲ႔ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကယားနဲ႔ ကရင္ျပည္နယ္ေတြမွာ တိုက္ပြဲေတြဆက္လက္ျဖစ္ပြားေနပါတယ္။

Photo: Myanmar Military

About the author

admin

Add Comment

Click here to post a comment