Local News

စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် အပါအဝင် ပြည်ထောင်စုဝန်ကြီးတချို့ ပလက်ဝမြို့သို့ ရောက်ရှိချိန် ဒေသခံများ လမ်းပြင်မထွက်ရန် ညွန်ကြားဟုဆို

စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် အပါအဝင် ပြည်ထောင်စုဝန်ကြီးတချို့ ပလက်ဝမြို့သို့ ရောက်ရှိချိန် ဒေသခံများ လမ်းပြင်မထွက်ရန် ညွန်ကြားဟုဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကီမိုခန်းမသို့ ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၁နာရီတွင် စစ်ကောင်စီက ခန့်ထားသည့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်ဝန်ကြီးချုပ် ဦးအောင်ကျော်မင်းနှင့် အဖွဲ့အဝင် ၂၂ ဦးတို့သည် ရောက်ရှိလာကြပြီး နေ့လယ် ၂ နာရီတွင် စစ်တွေသို့ ရဟတ်ယာဉ်ဖြင့် နေ့ချင်းပြန်သွားကြသည်ဟုသိရသည်။

အဆိုပါ စစ်ကောင်စီ လက်အောက်ခံဝန်ကြီးများ မရောက်ခင် အချိန်တွင် ပလက်ဝမြို့ပေါ်နေ ပြည်သူများအား အိမ်ပြင်မထွက်ရန်နှင့် လမ်းပေါ်တွင်လျှောက်လည်ခြင်းများမပြုဘဲ မိမိအိမ်တွင် ငြိမ်သက်စွာ နေထိုင်ရန် စစ်ကောင်စီတပ်က လိုက်လံညွှန်ကြားထားသည် ဟုလည်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

”အဓိကတော့ အင်တာနက်လိုင်းမရတော့ မြို့နယ်တွင်းကလူတွေလည်း Updateသတင်းမရတာကို အခွင့်ကောင်းယူပြီး၊ အရင်ကလည်း ဒုက္ခဆင်းရဲဖြစ်ကြတော့ အကြောက်တရား အားငယ်ကြတာကို အခွင့်ကောင်းယူပြီး သူတို့ကောင်းကောင်း ချင်းပြည်နယ် ပလက်ဝမှာ လည်ပတ်နေတယ်။

အရင်က တိုက်ပွဲတွေဖြစ်နေတာ ပြေးလွှားနေကြတာ အခုပြည်ထောင်စုဝန်ကြီးတွေတောင် လာလည်ကြတယ်ဆိုတာကို ပလက်ဝက လူတွေကို ဆိုက်ဝါးထည့်တာ၊ နိုင်ငံရေးအမြတ်ထုတ်တာပဲလို့ မြင်မိတယ်”ဟု လူကြီးခရီးစဉ်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက ပြောသည်။

ပလက်ဝမြို့ကို ရောက်ရှိလာသည့် လူကြီးခရီးစဉ်တွင် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများ ပါဝင်ခြင်းမရှိဘဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်လာခြင်းသည်လည်း နယ်မြေအငြင်းပွားမှုဖြစ်နေသည့် ပလက်ဝအတွက် အရမ်းအန္တရာယ်ကြီးကြောင်း ၎င်းကထပ်လောင်းပြောသည်။

ရောက်ရှိလာကြသည့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို ကြံခိုင်ရေးပါတီ၊ မြို့သစ်ရပ်ကွက်ရှိ ခြေလျင်တပ်ရင်း (၂၈၉)မှ တပ်မိသားစုဝင်များနှင့် စိုက်ပျိုးရေးကွင်းရှိ နတလကျောင်းသူ၊ ကျောင်းသားများက

ခူမီး(ချင်း)ရိုးရာဝတ်စုံ၊ ခူမီး(ချင်း)တီးမှုတ်တူရိယာများ၊ခူမီး(ချင်း) ရိုးရားအကများဖြင့် ကြိုဆိုပြီး ကင်မရာ ဗီဒိယိုများဖြစ် မှတ်တမ်းများ ရိုက်ယူကြကြောင်းသိရသည်

Mizzima

Zawgyi

စစ္ေကာင္စီခန္႔ လူကယ္ျပန္ဝန္ႀကီး ေဒၚသက္သက္ခိုင္ အပါအဝင္ ျပည္ေထာင္စုဝန္ႀကီးတခ်ိဳ႕ ပလက္ဝၿမိဳ႕သို႔ ေရာက္႐ွိခ်ိန္ ေဒသခံမ်ား လမ္းျပင္မထြက္ရန္ ၫြန္ၾကားဟုဆို

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ကီမိုခန္းမသို႔ ယမန္ေန႔ ဒီဇင္ဘာလ ၁၈ ရက္ နံနက္ ၁၁နာရီတြင္ စစ္ေကာင္စီက ခန္႔ထားသည့္ နယ္စပ္ေရးရာ ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ လူကယ္ျပန္ ျပည္ေထာင္စုဝန္ႀကီး ေဒၚသက္သက္ခိုင္၊

အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဦးစီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလိႈင္၊ ရခိုင္ျပည္ဝန္ႀကီးခ်ဳပ္ ဦးေအာင္ေက်ာ္မင္းႏွင့္ အဖြဲ႕အဝင္ ၂၂ ဦးတို႔သည္ ေရာက္႐ွိလာၾကၿပီး ေန႔လယ္ ၂ နာရီတြင္ စစ္ေတြသို႔ ရဟတ္ယာဥ္ျဖင့္ ေန႔ခ်င္းျပန္သြားၾကသည္ဟုသိရသည္။

အဆိုပါ စစ္ေကာင္စီ လက္ေအာက္ခံဝန္ႀကီးမ်ား မေရာက္ခင္ အခ်ိန္တြင္ ပလက္ဝၿမိဳ႕ေပၚေန ျပည္သူမ်ားအား အိမ္ျပင္မထြက္ရန္ႏွင့္ လမ္းေပၚတြင္ေလွ်ာက္လည္ျခင္းမ်ားမျပဳဘဲ မိမိအိမ္တြင္ ၿငိမ္သက္စြာ ေနထိုင္ရန္ စစ္ေကာင္စီတပ္က လိုက္လံၫႊန္ၾကားထားသည္ ဟုလည္း ေဒသခံ သတင္းအရင္းအျမစ္မ်ားက ေျပာသည္။

”အဓိကေတာ့ အင္တာနက္လိုင္းမရေတာ့ ၿမိဳ႕နယ္တြင္းကလူေတြလည္း Updateသတင္းမရတာကို အခြင့္ေကာင္းယူၿပီး၊ အရင္ကလည္း ဒုကၡဆင္းရဲျဖစ္ၾကေတာ့ အေၾကာက္တရား အားငယ္ၾကတာကို အခြင့္ေကာင္းယူၿပီး သူတို႔ေကာင္းေကာင္း ခ်င္းျပည္နယ္ ပလက္ဝမွာ လည္ပတ္ေနတယ္။

အရင္က တိုက္ပြဲေတြျဖစ္ေနတာ ေျပးလႊားေနၾကတာ အခုျပည္ေထာင္စုဝန္ႀကီးေတြေတာင္ လာလည္ၾကတယ္ဆိုတာကို ပလက္ဝက လူေတြကို ဆိုက္ဝါးထည့္တာ၊ ႏိုင္ငံေရးအျမတ္ထုတ္တာပဲလို႔ ျမင္မိတယ္”ဟု လူႀကီးခရီးစဥ္ႏွင့္ ပတ္သက္ၿပီး ေဒသခံတစ္ဦးက ေျပာသည္။

ပလက္ဝၿမိဳ႕ကို ေရာက္႐ွိလာသည့္ လူႀကီးခရီးစဥ္တြင္ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕မွ ဝန္ႀကီးမ်ား ပါဝင္ျခင္းမ႐ွိဘဲ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ဦးေဆာင္လာျခင္းသည္လည္း နယ္ေျမအျငင္းပြားမႈျဖစ္ေနသည့္ ပလက္ဝအတြက္ အရမ္းအႏၲရာယ္ႀကီးေၾကာင္း ၎ကထပ္ေလာင္းေျပာသည္။

ေရာက္႐ွိလာၾကသည့္ ျပည္ေထာင္စုဝန္ႀကီးႏွင့္ အဖြဲ႕ကို ၾကံခိုင္ေရးပါတီ၊ ၿမိဳ႕သစ္ရပ္ကြက္႐ွိ ေျခလ်င္တပ္ရင္း (၂၈၉)မွ တပ္မိသားစုဝင္မ်ားႏွင့္ စိုက္ပ်ိဳးေရးကြင္း႐ွိ နတလေက်ာင္းသူ၊ ေက်ာင္းသားမ်ားက

ခူမီး(ခ်င္း)႐ိုးရာဝတ္စုံ၊ ခူမီး(ခ်င္း)တီးမႈတ္တူရိယာမ်ား၊ခူမီး(ခ်င္း) ႐ိုးရားအကမ်ားျဖင့္ ႀကိဳဆိုၿပီး ကင္မရာ ဗီဒိယိုမ်ားျဖစ္ မွတ္တမ္းမ်ား ႐ိုက္ယူၾကေၾကာင္းသိရသည္

Mizzima

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.