Local News

စစ်ကောင်စီခြေမြန်တပ်ရင်း (၁၆)အတွင်းက စစ်ကောင်စီပြုတ်ကျရေးအတွက် PDFကို အလှူငွေ ၅သိန်းလှူ

စစ်ကောင်စီခြေမြန်တပ်ရင်း (၁၆)အတွင်းက စစ်ကောင်စီပြုတ်ကျရေးအတွက် PDFကို အလှူငွေ ၅သိန်းလှူ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၁၆)ကနေ စစ်ကောင်စီပြုတ်ကျရေးအတွက်

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)ကို အလှူငွေ ၅သိန်းထောက်ပံ့လှူဒါန်းတယ်လို့ MPDF က နိုဝင်ဘာလ ၁၄ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေး၊ ပြည်သူ့အာဏာ ပြည်သူ့ထံအပ်နှံနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးဦးတည်ချက်တွေနဲ့

တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကို အလှူငွေ ၅သိန်းထောက်ပံ့လှူဒါန်းတဲ့အတွက် မုံရွာအခြေစိုက် ခမရ (၁၆)ကို ကျေးဇူးတင်ဂုဏ်ပြု့တယ်လို့ MPDFကဆိုပါတယ်။

Ref RiSE_News

Zawgyi






Ref RiSE_News

About the author

admin

Add Comment

Click here to post a comment