Local News

စစ်ကောင်စီတပ်ဖွဲ့တို့ ထမင်းဝိုင်းဖွဲ့ စားနေချိန် KIA တို့ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ တပ်တို့ ထိခိုက်ကျဆုံးမှုများပြား

စစ်ကောင်စီတပ်ဖွဲ့တို့ ထမင်းဝိုင်းဖွဲ့ စားနေချိန် KIA တို့ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ တပ်တို့ ထိခိုက်ကျဆုံးမှုများပြား

ဒီဇင်ဘာ ၂၅ – 7stars Newsရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မန်ပိန်းကျေးရွာအထက် ကောင်းခမ်းအနီးကျောက်တောင်၌ ထမင်းဝိုင်းဖွဲ့စားနေကြသော စစ်ကောင်စီ တပ်ဖွဲ့ကို ယနေ့ည ၄:၄၀နာရီအချိန်တွင် KIA တို့ အလစ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အင်အား ၄၀ မျှရှိသော စစ်ကောင်စီ တပ်ဖွဲ့ကို KIA တို့ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မှ အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သိန္နီအခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှလည်း လက်နက်ကြီးများ အဆက်မပြတ်ပစ်ကူခဲ့ကြောင်း ဒေသခံတစ်ဦးက 7stars News ကို ပြောသည်။

“မိုးချုပ်ခါနီး ၅ နာရီလောက်မှာ သိန္နီအမြောက် တပ်ကနေပြီး လက်နက်ကြီးတွေ တရစပ် ပစ်နေတာပဲ။ တိုက်ပွဲဘယ်ဖက်မှာ ဖြစ်နေ တယ်ဆိုတာတော့မသိဘူး။

ကျွန်တော်တို့ ဒေသခံပြည်သူတွေကတော့ လက်နက်ကြီး သံတွေကြားလို့ စိုးရိမ်ကြောက်လန့်နေကြ တာ။အိမ်တွေမှာ လက်နက်ကြီးကျကွဲမှာ ကြောက်နေကြရတာပေါ့ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့တို့ ထမင်းဝိုင်းဖွဲ့စားနေချိန် KIA တို့ အငိုက်ဖမ်းကာ အလစ်ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့တို့ အတုံးအရုံး ကျဆုံးမှုရှိကာ KIA တို့ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ စုံစမ်း သိရှိရသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင်လည်း မန်ပိန်းအထက်တွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ကြာမျှ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

Zawgyi

စစ္ေကာင္စီတပ္ဖြဲ႕တို႔ ထမင္းဝိုင္းဖြဲ႕ စားေနခ်ိန္ KIA တို႔ ဝင္ေရာက္ တိုက္ခိုက္၊ စစ္ေကာင္စီ တပ္တို႔ ထိခိုက္က်ဆုံးမႈမ်ားျပား

ဒီဇင္ဘာ ၂၅ – 7stars News႐ွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မန္ပိန္းေက်း႐ြာအထက္ ေကာင္းခမ္းအနီးေက်ာက္ေတာင္၌ ထမင္းဝိုင္းဖြဲ႕စားေနၾကေသာ စစ္ေကာင္စီ တပ္ဖြဲ႕ကို ယေန႔ည ၄:၄၀နာရီအခ်ိန္တြင္ KIA တို႔ အလစ္ ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း သတင္းရ႐ွိသည္။

အင္အား ၄၀ မွ်႐ွိေသာ စစ္ေကာင္စီ တပ္ဖြဲ႕ကို KIA တို႔ ပိတ္ဆို႔ တိုက္ခိုက္ခဲ့ရာ မွ အျပန္အလွန္ပစ္ခတ္မႈ ျပင္းထန္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

သိႏၷီအေျခစိုက္ စစ္ေကာင္စီ အေျမာက္တပ္မွလည္း လက္နက္ႀကီးမ်ား အဆက္မျပတ္ပစ္ကူခဲ့ေၾကာင္း ေဒသခံတစ္ဦးက 7stars News ကို ေျပာသည္။

“မိုးခ်ဳပ္ခါနီး ၅ နာရီေလာက္မွာ သိႏၷီအေျမာက္ တပ္ကေနၿပီး လက္နက္ႀကီးေတြ တရစပ္ ပစ္ေနတာပဲ။ တိုက္ပြဲဘယ္ဖက္မွာ ျဖစ္ေန တယ္ဆိုတာေတာ့မသိဘူး။

ကြၽန္ေတာ္တို႔ ေဒသခံျပည္သူေတြကေတာ့ လက္နက္ႀကီး သံေတြၾကားလို႔ စိုးရိမ္ေၾကာက္လန္႔ေနၾက တာ။အိမ္ေတြမွာ လက္နက္ႀကီးက်ကြဲမွာ ေၾကာက္ေနၾကရတာေပါ့ဟု ဆိုသည္။

စစ္ေကာင္စီတပ္ဖြဲ႕တို႔ ထမင္းဝိုင္းဖြဲ႕စားေနခ်ိန္ KIA တို႔ အငိုက္ဖမ္းကာ အလစ္ဝင္ေရာက္တိုက္ခိုက္ျခင္းေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕တို႔ အတုံးအ႐ုံး က်ဆုံးမႈ႐ွိကာ KIA တို႔ တစ္စုံတစ္ရာ ထိခိုက္မႈ မ႐ွိေၾကာင္း ေ႐ွ႕တန္းသတင္းရင္းျမစ္မွ စုံစမ္း သိ႐ွိရသည္။

ဒီဇင္ဘာ ၂၃ ရက္ေန႔ ညေနပိုင္းတြင္လည္း မန္ပိန္းအထက္တြင္ MNDAA ႏွင့္ စစ္ေကာင္စီတပ္တို႔ နာရီဝက္ၾကာမွ် တိုက္ပြဲျဖစ္ပြားမႈ႐ွိခဲ့သည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.