Local News

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးကောင်းသူဝင်း CDF-KKG ထံ လက်နက်နဲ့အတူအလင်းဝင်

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးကောင်းသူဝင်း CDF-KKG ထံ လက်နက်နဲ့အတူအလင်းဝင်

ဇန်နဝါရီ ၁၀၊ ၂၀၂၂

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးကောင်းသူဝင်း လက်နက်နဲ့အတူအလင်းဝင် ရောက်ခဲ့တယ်လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့-ကလေး၊ကဘော်၊ဂန့်ဂေါ (CDF-KKG ,Chinland Defense Force, Kalay-Kabaw-Gangaw) က ထုတ်ပြန်ပါတယ်။

စစ်ဗျူဟာအခြေချအဖွဲ့ မတူပီ – စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန် တာဝန်ထမ်းဆောင်နေတဲ့ (လက်ရှိတွင် မုံရွာ၌ ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ) ဗိုလ်ကြီး ကောင်းသူဝင်း (ကြမ်း ၅၅၇၂၅၊ DSA – ၅၂)ဟာ

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့အတွက် သေနတ်ကျည်အပြည့်အစုံနဲ့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက်က CDF – KKGထံသို့ အလင်းဝင်ရောက်ခဲ့တာလို့ဖော် ပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်လုပ်ရပ်များ၊ မတရားမှုများကို စက်ဆုပ်ရွံရှာပြီး CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီးကောင်းသူဝင်း နဲ့ မိသားစုကို လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ နေရာဒေသကို ပို့ဆောင်ပေးပြီးဖြစ်သလို ထိုက်သင့်သော ဆုကြေးငွေ ကိုလည်း ပေးအပ်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

#BurmaVJ

Zawgyi

စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီးေကာင္းသူဝင္း CDF-KKG ထံ လက္နက္နဲ႔အတူအလင္းဝင္

ဇန္နဝါရီ ၁၀၊ ၂၀၂၂

စစ္ေကာင္စီတပ္မွ ဗိုလ္ႀကီးေကာင္းသူဝင္း လက္နက္နဲ႔အတူအလင္းဝင္ ေရာက္ခဲ့တယ္လို႔ ခ်င္းကာကြယ္ေရး တပ္ဖြဲ႕-ကေလး၊ကေဘာ္၊ဂန္႔ေဂါ (CDF-KKG ,Chinland Defense Force, Kalay-Kabaw-Gangaw) က ထုတ္ျပန္ပါတယ္။

စစ္ဗ်ဴဟာအေျခခ်အဖြဲ႕ မတူပီ – စစ္ေရးအရာ႐ွိ တတိယတန္း စစ္ေထာက္တာဝန္ တာဝန္ထမ္းေဆာင္ေနတဲ့ (လက္႐ွိတြင္ မုံ႐ြာ၌ ၾကားစခန္းမႉးအျဖစ္ တာဝန္ထမ္းေဆာင္ေနသူ ) ဗိုလ္ႀကီး ေကာင္းသူဝင္း (ၾကမ္း ၅၅၇၂၅၊ DSA – ၅၂)ဟာ

အာဏာသိမ္းစစ္ေကာင္စီရဲ႕ လက္ေအာက္မွာ တာဝန္ထမ္းေဆာင္လိုျခင္း မ႐ွိေတာ့တဲ့အတြက္ ေသနတ္က်ည္အျပည့္အစုံနဲ႔ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၃ရက္က CDF – KKGထံသို႔ အလင္းဝင္ေရာက္ခဲ့တာလို႔ေဖာ္ ျပပါတယ္။

အာဏာသိမ္းစစ္ေကာင္စီရဲ႕ ျပည္သူလူထုတစ္ရပ္လုံးအေပၚ အၾကမ္းဖက္လုပ္ရပ္မ်ား၊ မတရားမႈမ်ားကို စက္ဆုပ္႐ြံ႐ွာၿပီး CDM ျပဳလုပ္လာတဲ့ ဗိုလ္ႀကီးေကာင္းသူဝင္း နဲ႔ မိသားစုကို လုံျခဳံစိတ္ခ်မႈအျပည့္႐ွိတဲ့ ေနရာေဒသကို ပို႔ေဆာင္ေပးၿပီးျဖစ္သလို ထိုက္သင့္ေသာ ဆုေၾကးေငြ ကိုလည္း ေပးအပ္ၿပီးျဖစ္တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

#BurmaVJ

About the author

admin

Add Comment

Click here to post a comment