Local News

စစ်ကောင်စီတပ်မှ BGF စခန်းအား မှားယွင်းဗုံးကျဲမိသလိုလိုဖြင့် တမင်တကာဗုံးလာကျဲ၊ BGF တပ်သား အနည်းဆုံး (၁၅) ဦးသေဆုံး

စစ်ကောင်စီတပ်မှ BGF စခန်းအား မှားယွင်းဗုံးကျဲမိသလိုလိုဖြင့် တမင်တကာဗုံးလာကျဲ၊ BGF တပ်သား အနည်းဆုံး (၁၅) ဦးသေဆုံး

ဇန်နဝါရီ ၁၀၊ PDF Newsflash

ကရင်နီပြည်နယ်ရှိ စစ်ကောင်စီခြေကုတ်စခန်းဖြစ်သော နတ်တောင်စခန်းအား ဇန်နဝါရီလ ၇ ရက်နေ့က ကရင်နီတပ်မတော် KA နှင့် KNDF ပူးပေါင်းတပ်မှ သွားရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း တင်ပြပြီးဖြစ်ပါသည်။

ထို့နောက် ” စခန်းသိမ်းပွဲအပြီး နာရီဝက်အကြာတွင် စစ်ရဟတ်ယာဥ်ဖြင့် စစ်ကူလာရောက်ဗုံးကြဲခဲ့သည့်အပြင် ၎င်း တို့၏ ကာကင်းစခန်းကို မှားယွင်းဗုံးကျဲခဲ့သည် ” ဟု သတင်းတင်ပြခဲ့ပါသည်။

သို့သော် တိုက်ပွဲအ​ပြီး ကရင်နီတပ်မတော် KA မှ နယ်မြေရှင်းလင်းရေးလုပ်ရာတွင် ၎င်းတို့၏ ကာကင်းစခန်းကို မှားယွင်းဗုံးကြဲခဲ့ခြင်းမဟုတ်ပဲ ကာကင်းစခန်းအနီးရှိ BGF ၁၀၀၅ စခန်းကိုသာ တမင်လာရောက်ဗုံးခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲအပြီးမှာ လက်နက်ကြီးအများအပြားထပ်မံပစ်ခတ်ခြင်းခံခဲ့ရကြောင်း ကရင်နီတပ်မတော် KA ကထုတ်ပြန်သည်။

ကရင်နီတပ်မတော်​၏ တွေ့ရှိချက်အရ BGF အလောင်း အနည်းဆုံး (၁၅) လောင်းဟုယူဆရသည့် BGFတပ်ကွင်းထဲ အလောင်းမီးရှိူ့ နေသည်ကိုလည်း ​တွေ့ခဲ့ရကြောင်း သိရသည်။

Photo – နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်တစ်ချို့ကို မြင်တွေ့ရစဉ်
#PDFNewsflash

Zawgyi






ကရင်နီတပ်မတော်​၏ တွေ့ရှိချက်အရ BGF အလောင်း အနည်းဆုံး (၁၅) လောင်းဟုယူဆရသည့် BGFတပ်ကွင်းထဲ အလောင်းမီးရှို့ နေသည်ကိုလည်း ​တွေ့ခဲ့ရကြောင်း သိရသည်။

#PDFNewsflash

About the author

admin

Add Comment

Click here to post a comment