Local News

စစ်ကောင်စီတပ်သားကို ခတ်ခဲ့သည့် ပြည်သူ့ကျွဲကို ဘေးမဲ့ပေးမည်ဟုဆို

စစ်ကောင်စီတပ်သားကို ခတ်ခဲ့သည့် ပြည်သူ့ကျွဲကို ဘေးမဲ့ပေးမည်ဟုဆို

ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့က ကျွန်းလှနှင့် ကောလင်းအစပ် ညောင်ပင်ရိုးရွာမှာ စစ်ကောင်စီတပ်သားတစ်ဦးကို ဒဏ်ရာအပြင်းအထန်ရအောင် ခတ်ခဲ့တဲ့ ကျွဲမကြီးကို ဘေးမဲ့ ပေးမယ်လို့ဒေသခံ ရွာသားများကဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ကောလင်းမြို့နယ် နဲ့ ကျွန်းလှမြို့နယ်အစပ် ညောင်ပင်ရိုးကျေးရွာမှ ပျဉ်ပင်ရွာသို့အကူး ရွာစွန် တာဝါတိုင်အနီးကျွဲခြံမှ လူတစ်ဦးကို လမ်းပြရန် စစ်ကောင်စီတပ်သားတချို့ဝင်ရောက်ခေါ်ဆောင်ချိန်မှာ မျက်စိတစ်ဘက်မမြင်ရလို့ လွှတ်ထားတဲ့ ကျွဲမကြီးက ဝင်ခတ်ရာ စစ်သားတစ်ဦး ဗိုက်ပွင့် ဒဏ်ရာရခဲ့ခြင်းပါ။

ဒဏ်ရာရ စစ်သားကို ဆေးရုံသို့ပို့ထားပြီး အသက်အန္တရာယ်စိုးရိမ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်ကဆိုပါတယ်။

” မတော်တဆဆိုပေမဲ့ ရွာမှာတော့ ကျွဲကို ပြည်သူ့ကျွဲဆိုပြီး ဂုဏ်ပြုနေကြတယ် လည်စည်းအနီကို မျက်စိနောက်ပြီး ဝင်ခတ်တာဖြစ်နိုင်တယ်။ဒီကျွဲမကြီးက မျက်စိတစ်ဖက်မမြင်ဘူး၊ သူတို့လည်း ပြာပြီး ကျွဲကို ရန်ပြုမသွားဘူး” လို့

ကောလင်း အနောက်ခြမ်းသားတစ်ဦးက ချင်းတွင်းရီဗျူးကိုပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်သား ကျွဲခတ်ခံရတဲ့ သတင်းကို အတည်ပြုဖို့ငြင်းဆန်ပါတယ်။

ယခုအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတချို့ဟာ ကျွဲကြီးကို ဝယ်ယူပြီး ဘေးမဲ့ပေးဖို့တိုင်ပင်နေကြပါတယ်။

ဒီနေ့ ကောလင်းမှာ မြို့တွင်းမိုင်းဆွဲမှုနဲ့ အရှေ့ခြမ်း စစ်ကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရေးအခြေအနေ တင်းမာနေပါတယ်။

Zawgyi

စစ္ေကာင္စီတပ္သားကို ခတ္ခဲ့သည့္ ျပည္သူ႕ကြၽဲကို ေဘးမဲ့ေပးမည္ဟုဆို

ယမန္ေန႔ ဒီဇင္ဘာ ၈ ရက္ေန႔က ကြၽန္းလွႏွင့္ ေကာလင္းအစပ္ ေညာင္ပင္႐ိုး႐ြာမွာ စစ္ေကာင္စီတပ္သားတစ္ဦးကို ဒဏ္ရာအျပင္းအထန္ရေအာင္ ခတ္ခဲ့တဲ့ ကြၽဲမႀကီးကို ေဘးမဲ့ ေပးမယ္လို႔ေဒသခံ ႐ြာသားမ်ားကဆိုပါတယ္။

စစ္ေကာင္စီ စစ္ေၾကာင္းဟာ ေကာလင္းၿမိဳ႕နယ္ နဲ႔ ကြၽန္းလွၿမိဳ႕နယ္အစပ္ ေညာင္ပင္႐ိုးေက်း႐ြာမွ ပ်ဥ္ပင္႐ြာသို႔အကူး ႐ြာစြန္ တာဝါတိုင္အနီးကြၽဲျခံမွ လူတစ္ဦးကို လမ္းျပရန္ စစ္ေကာင္စီတပ္သားတခ်ိဳ႕ဝင္ေရာက္ေခၚေဆာင္ခ်ိန္မွာ မ်က္စိတစ္ဘက္မျမင္ရလို႔ လႊတ္ထားတဲ့ ကြၽဲမႀကီးက ဝင္ခတ္ရာ စစ္သားတစ္ဦး ဗိုက္ပြင့္ ဒဏ္ရာရခဲ့ျခင္းပါ။

ဒဏ္ရာရ စစ္သားကို ေဆး႐ုံသို႔ပို႔ထားၿပီး အသက္အႏၲရာယ္စိုးရိမ္တယ္လို႔ ေဒသခံ သတင္းရင္းျမစ္ကဆိုပါတယ္။

” မေတာ္တဆဆိုေပမဲ့ ႐ြာမွာေတာ့ ကြၽဲကို ျပည္သူ႕ကြၽဲဆိုၿပီး ဂုဏ္ျပဳေနၾကတယ္ လည္စည္းအနီကို မ်က္စိေနာက္ၿပီး ဝင္ခတ္တာျဖစ္ႏိုင္တယ္။ဒီကြၽဲမႀကီးက မ်က္စိတစ္ဖက္မျမင္ဘူး၊ သူတို႔လည္း ျပာၿပီး ကြၽဲကို ရန္ျပဳမသြားဘူး” လို႔

ေကာလင္း အေနာက္ျခမ္းသားတစ္ဦးက ခ်င္းတြင္းရီဗ်ဴးကိုေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ စစ္သား ကြၽဲခတ္ခံရတဲ့ သတင္းကို အတည္ျပဳဖို႔ျငင္းဆန္ပါတယ္။

ယခုအခ်ိန္မွာေတာ့ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ေဒသခံတခ်ိဳ႕ဟာ ကြၽဲႀကီးကို ဝယ္ယူၿပီး ေဘးမဲ့ေပးဖို႔တိုင္ပင္ေနၾကပါတယ္။

ဒီေန႔ ေကာလင္းမွာ ၿမိဳ႕တြင္းမိုင္းဆြဲမႈနဲ႔ အေ႐ွ႕ျခမ္း စစ္ေၾကာင္း တိုက္ခိုက္မႈေတြေၾကာင့္ စစ္ေရးအေျခအေန တင္းမာေနပါတယ္။

About the author

admin

Add Comment

Click here to post a comment