Local News

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီးယားသို့ ဖိတ်ကြားထား

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီးယားသို့ ဖိတ်ကြားထား

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို လာမယ့်သီတင်းပတ်မှာ ကမ္ဘောဒီးယားနိုင်ငံလာဖို့ ဖိတ်ကြားထားတယ်လို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟန်ဆန်က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီခရီးစဥ်ဟာ လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပြီး အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ခရီးသွားလာခွင့် ကန့်သတ်မှုတွေဟာလည်း ဒီခရီးစဥ်အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

လာမယ့်လမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာ၀န်ယူတော့မယ့် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့

နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် လူကိုယ်တိုင် ဖိတ်ခေါ်ပြီး ဆွေးနွေးတဲ့ သံတမန်နည်းလမ်းကို တိုးမြှင့်လုပ်ဆောင်တယ်လို့လည်း ယူဆနေကြပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားနိုင်ငံဟာ ဇန်န၀ါရီလထဲမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ် ခန့်အပ်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

Zawgyi

စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးကို ကေမ႓ာဒီးယားသို႔ ဖိတ္ၾကားထား

အာဏာသိမ္းစစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ႏိုင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္ကို လာမယ့္သီတင္းပတ္မွာ ကေမ႓ာဒီးယားႏိုင္ငံလာဖို႔ ဖိတ္ၾကားထားတယ္လို႔ ကေမ႓ာဒီးယား၀န္ႀကီးခ်ဳပ္ ဟန္ဆန္က ၾကာသပေတးေန႔မွာ ေျပာပါတယ္။

ဒီခရီးစဥ္ဟာ လာမယ့္ တနလၤာေန႔နဲ႔ အဂၤါေန႔မွာ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရၿပီး အိုမီခ႐ြန္ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲသစ္ေၾကာင့္ ခရီးသြားလာခြင့္ ကန္႔သတ္မႈေတြဟာလည္း ဒီခရီးစဥ္အေပၚ သက္ေရာက္မႈ ႐ွိႏိုင္ပါတယ္။

လာမယ့္လမွာ အာဆီယံအလွည့္က် ဥကၠ႒အျဖစ္ ေျပာင္းလဲတာ၀န္ယူေတာ့မယ့္ ကေမ႓ာဒီးယားႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚေပါက္လာတဲ့

ႏိုင္ငံေရးအက်ပ္အတည္းကို ကိုင္တြယ္ေဆာင္႐ြက္ဖို႔အတြက္ လူကိုယ္တိုင္ ဖိတ္ေခၚၿပီး ေဆြးေႏြးတဲ့ သံတမန္နည္းလမ္းကို တိုးျမႇင့္လုပ္ေဆာင္တယ္လို႔လည္း ယူဆေနၾကပါတယ္။

အာဆီယံအလွည့္က် ဥကၠ႒ျဖစ္လာမယ့္ ကေမ႓ာဒီးယားႏိုင္ငံဟာ ဇန္န၀ါရီလထဲမွာ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္သစ္ ခန္႔အပ္သြားမယ္လို႔လည္း ေျပာဆိုထားပါတယ္။